[Zawgyi]

ကၽြန္ေတာ္တို႔ လူေနမႈ အသိုင္းအ၀ိုင္းမွာ က်ဴရွင္ေတြ၊ သင္တန္းေတြ အေတာ္ေလး လႊမ္းမိုးထားတာကို ေတြ႔ရပါတယ္။ ေက်ာင္းသူေက်ာင္းသား ေတာ္ေတာ္မ်ားမ်ားဟာ ဟိုး သူငယ္တန္းကေန ဆယ္တန္းအထိ က်ဴရွင္ေတြ တက္ခဲ့ၾကတယ္။ တကၠသိုလ္မွာေတာင္ က်ဴရွင္တက္သူေတြ ရိွေနတုန္းပါပဲ။ ျပင္ပ ကၽြမ္းက်င္မႈ တစ္ခုခုကို ေလ့လာျပီ ဆိုရင္လည္း သင္တန္းေတြကိုပဲ ပံုအပ္ထားလိုက္ ၾကတာပါ။ က်ဴရွင္ ဆိုတာ ေက်ာင္းသားတစ္ေယာက္ သူ႔အစြမ္းအစနဲ႔ ၾကိဳးစားၾကည့္လို႔ မရေတာ့တဲ့ ဘာသာရပ္တစ္ခုကို ကူညီေပးတဲ့ ေနရာတစ္ခု လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ သင္တန္း ဆိုတာလည္း ကုိယ့္ဘာသာကိုယ္ ဆက္လက္ေလ့လာႏိုင္ေအာင္ လမ္းစတစ္ခုေပးဖို႔၊ ဒါမွမဟုတ္ ကိုယ္ေလ့လာထားတာ ေတြကို အဆင့္ျမွင့္တင္ဖို႔ တက္ရတဲ့ ေနရာတစ္ခုလို႔ ျမင္မိပါတယ္။ ခုေတာ့ဗ်ာ။


အေျခခံ ပညာ အဆင့္ကို လြန္ခဲ့ျပီးသူေတြအတြက္ အဓိက ေရးလိုရင္းမို႔ သင္တန္းေတြ အေၾကာင္း ေျပာပါရေစ။ ကၽြန္ေတာ္ ဆယ္တန္းေအာင္ျပီး ေႏြရာသီမွာ ကြန္ပ်ဴတာ အေျခခံ သင္တန္း တက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ေပးလိုက္ရတာနဲ႔ ထိုက္တန္တဲ့ ရလဒ္ မရခဲ့ဘူးလို႔ပဲ ေျပာပါရေစ။ ေနာက္ပိုင္း ကုိယ့္ဘာသာ စာအုပ္ေတြဖတ္၊ Intenet ကို ရည္ညႊန္းရွာေဖြျပီး self-study လုပ္ၾကည့္မွ သင္တန္းက သင္ေနတာေတြကို ဒီလို ေလ့လာရင္ ပိုအဆင္ေျပ ပါလား ဆိုတာ သိလာတာကိုး။ ကၽြန္ေတာ့္ ပတ္၀န္းက်င္က ရင္းႏီွးသူ ေတာ္ေတာ္မ်ားမ်ားလည္း ကြန္ျပဴတာအေျခခံေလာက္ေတာ့ သင္တန္းတက္ဖူုး ၾကတာခ်ည္းပါ။ ဒါေပမယ့္ (လက္ေတြ႔နဲ႔ မဆက္စပ္ႏိုင္တာနဲ႔၊ ဆက္မေလ့လာတာနဲ႔) သူတို႔ဟာ ကြန္ပ်ဴတာကို ေကာင္းေကာင္း မသံုးတတ္ၾကပါဘူး။ သင္တန္းက သင္ေပးလိုက္တဲ့ ပညာေတြကို ဆင့္ပြါးေတြးေခၚႏုိင္ဖို႔ ဆိုတာကေတာ့ ေ၀လာေ၀းေပါ့။ ဒါဟာ သူတို႔ ညံ့လို႔ ဆိုတာထက္ သူတို႔ သံုးတဲ့ စနစ္ ညံ့လို႔ လုိ႔ပဲ ကၽြန္ေတာ္ ေျပာခ်င္ပါတယ္။ “ငါကေတာ့ ေပးလိုက္တာပဲ။ သူမွ မယူတတ္တာ” ဆိုတဲ့ အေတြးအေခၚမ်ိဳးနဲ႔ ဖြင့္ထားတဲ့ သင္တန္းမ်ိဳးမွာ သူတို႔ေတြ တက္မိၾကတယ္ လို႔ လည္း ယူဆပါတယ္။ “သင္တန္းက ဘာလုပ္ေပးရမွာလဲ။ ကိုယ့္ဟာကိုယ္ လုပ္မွ ရမွာေပါ့” လို႔ သင္တန္းေတြဖက္က နာသူေတြလည္း ရိွခ်င္ရိွပါလိမ့္မယ္။ က်ြန္ေတာ္ ေျပာခ်င္တာက အဲအခ်က္ပါပဲ။ “ကိုယ့္ဟာကိုယ္ လုပ္မွ ရမွာေပါ့” ဆိုတဲ့ စကားက သိပ္မွန္ပါတယ္။ ကြန္ပ်ဴတာ ကၽြမ္းကၽြမ္းက်င္က်င္ သံုးတတ္ခ်င္လား။ ကြန္ပ်ဴတာနဲ႔ နီးစပ္ေအာင္ နည္းလမ္းရွာ၊ စာအုပ္ေတြ အင္တာနက္က ရွာဖတ္၊ ျမန္မာလိုေရးထားတာေတြလည္း အမ်ားၾကီးေလ။ ဒါမွ တကယ္တတ္မွာပါ။


ေနာက္တစ္ခု သင္တန္း အတက္မ်ားတာ အဂၤလိပ္စာပါ။ ကၽြန္ေတာ္ကိုယ္တိုင္လည္း သင္တန္း သံုး၊ ေလးခု တက္ခဲ့ဖူးပါတယ္။ ခင္ဗ်ားတို႔လည္း ေတာ္ေတာ္မ်ားမ်ား တက္ဖူးၾကမယ္လို႔ ထင္ပါတယ္။ လိုခ်င္တဲ့ အေနအထားကို ေရာက္ခဲ့ၾကပါသလား။ ကၽြန္ေတာ္ကေတာ့ မေရာက္ခဲ့ပါဘူး။ ဒါနဲ႔ပဲ self-study ဘက္ကို ကၽြန္ေတာ္ လွည့္ခဲ့ျပန္ပါတယ္။ ဘယ္လိုလုပ္သလဲ။ English listening lessons ေတြ download ဆြဲတယ္။ British Council က ငွါးတယ္ (British Council က သင္ခန္းစာေတြ လည္း  ဖတ္ျဖစ္တယ္)။ သူငယ္ခ်င္းေတြဆီက လိုက္ေတာင္းတယ္။ အေခြေတြ၀ယ္တယ္။ Listening tips video ေတြ Youtube က ၾကည့္တယ္။ လိုက္နာတယ္။ ပံုမွန္ လုပ္တယ္။ ကိုယ့္အိမ္မွာ ကိုယ္ေနရင္း သက္ေတာင့္သက္သာ ေလ့လာျဖစ္တယ္။ ဒီလိုနဲ႔ စကားေျပာအတိုေလးေတြကို ကၽြန္ေတာ္ နားေထာင္လို႔ ရလာတယ္။ Discovery Channel ကို ဒီအတိုင္း ၾကည့္လို႔ ရလာတယ္။ အခ်ိန္က လပိုင္းပါပဲ။ ခုဆို ရုပ္ရွင္ေတြကိုေတာင္ ျခံဳငံုျပီး နားလည္ေနပါျပီ။ Speaking အတြက္ကိုလည္း ကၽြန္ေတာ္ သင္တန္း မတက္ေသးပါဘူး။ ကၽြန္ေတာ္နဲ႔ ရည္ရြယ္ခ်င္းတူတဲ့ သူငယ္ခ်င္းေတြနဲ႔ ခုဆို စမ္း ေျပာေလး ေျပာၾကည့္တယ္။ ေနာက္ပိုင္းၾက ႏိုင္ငံျခားသားေတြ ရွာျပီး ေလ့က်င့္မယ္။ အဲကေနမွ native speaker ေတြသင္တဲ့ သင္တန္းတစ္ခုမွာ သြားတက္မွာပါ။ ကၽြန္ေတာ္ ေရးခဲ့သလိုပါပဲ။ သင္တန္းဆိုတာ လမ္းစေပးတဲ့ေနရာ ဒါမွ မဟုတ္ ကိုယ့္ရဲ့အရည္အေသြးကို အဆင့္ျမႇင့္ေပးတဲ့ ေနရာပါ။ ကိုယ့္ရည္မွန္းခ်က္ကို ပံုအပ္ထားရမယ့္ တန္ခိုးရွင္ မဟုတ္ပါဘူး။


အခု ေခတ္စားေနတဲ့ management တို႔၊ accounting တို႔ finance တို႔လို business ဘာသာရပ္ေတြ အတြက္လည္း Internet မွာ ေလ့လာစရာေတြ အမ်ားၾကီးပါ။ လမ္းစ မသိေသးရင္ သင္တန္းတစ္ခုတက္လိုက္ေပါ့။ ျပီးရင္ေတာ့ self-study လုပ္ဖို႔ မေမ့ပါနဲ႔။ ေအာင္လက္မွတ္ (certificate) လိုခ်င္တာဆိုရင္ေတာင္ တကယ္နားလည္သြားဖို႔က self-study မ်ားမ်ား လုပ္မွ ရမွာပါ။


ငယ္စဥ္က က်ဴရွင္ေတြကို အားကိုးခဲ့တဲ့ အေလ့အက်င့္ေၾကာင့္ အရြယ္ေရာက္လာတဲ့ အခါမွာလည္း သင္တန္းေတြကို အားကိုးမႈ ပိုလာၾက တယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ သင္တန္းေတြ တစ္ခုျပီး တစ္ခုတက္၊ certificate ေတြ တစ္ခုျပီး တစ္ခုရထားတဲ့ သူေတြထဲမွာ တကယ္ ျဖစ္ျဖစ္ေျမာက္ေျမာက္ ကၽြမ္းက်င္သြားသူက လက္ခ်ိဳးေရလို႔ ရပါတယ္။ self-study လုပ္သူအမ်ားစုမွာေတာ့ “သံုးစားမရဘူး” ဆိုတဲ့သူ မရိွသေလာက္ပါပဲ။ ဒီေတာ့ ကၽြန္ေတာ္တို႔ေတြ self-study မ်ားမ်ား လုပ္ၾကပါစို႔ လို႔ပဲ ေျပာခ်င္ပါတယ္ဗ်ာ။

 

၁၇.၁.၂၀၁၆
ဇင္ေယာ္


[Unicode]

ကျွန်တော်တို့ လူနေမှု အသိုင်းအဝိုင်းမှာ ကျူရှင်တွေ၊ သင်တန်းတွေ အတော်လေး လွှမ်းမိုးထားတာကို တွေ့ရပါတယ်။ ကျောင်းသူကျောင်းသား တော်တော်များများဟာ ဟိုး သူငယ်တန်းကနေ ဆယ်တန်းအထိ ကျူရှင်တွေ တက်ခဲ့ကြတယ်။ တက္ကသိုလ်မှာတောင် ကျူရှင်တက်သူတွေ ရှိနေတုန်းပါပဲ။ ပြင်ပ ကျွမ်းကျင်မှု တစ်ခုခုကို လေ့လာပြီ ဆိုရင်လည်း သင်တန်းတွေကိုပဲ ပုံအပ်ထားလိုက် ကြတာပါ။ ကျူရှင် ဆိုတာ ကျောင်းသားတစ်ယောက် သူ့အစွမ်းအစနဲ့ ကြိုးစားကြည့်လို့ မရတော့တဲ့ ဘာသာရပ်တစ်ခုကို ကူညီပေးတဲ့ နေရာတစ်ခု လို့ ကျွန်တော် ထင်ပါတယ်။ သင်တန်း ဆိုတာလည်း ကိုယ့်ဘာသာကိုယ် ဆက်လက်လေ့လာနိုင်အောင် လမ်းစတစ်ခုပေးဖို့၊ ဒါမှမဟုတ် ကိုယ်လေ့လာထားတာ တွေကို အဆင့်မြှင့်တင်ဖို့ တက်ရတဲ့ နေရာတစ်ခုလို့ မြင်မိပါတယ်။ ခုတော့ဗျာ။


အခြေခံ ပညာ အဆင့်ကို လွန်ခဲ့ပြီးသူတွေအတွက် အဓိက ရေးလိုရင်းမို့ သင်တန်းတွေ အကြောင်း ပြောပါရစေ။ ကျွန်တော် ဆယ်တန်းအောင်ပြီး နွေရာသီမှာ ကွန်ပျူတာ အခြေခံ သင်တန်း တက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် ပေးလိုက်ရတာနဲ့ ထိုက်တန်တဲ့ ရလဒ် မရခဲ့ဘူးလို့ပဲ ပြောပါရစေ။ နောက်ပိုင်း ကိုယ့်ဘာသာ စာအုပ်တွေဖတ်၊ Intenet ကို ရည်ညွှန်းရှာဖွေပြီး self-study လုပ်ကြည့်မှ သင်တန်းက သင်နေတာတွေကို ဒီလို လေ့လာရင် ပိုအဆင်ပြေ ပါလား ဆိုတာ သိလာတာကိုး။ ကျွန်တော့် ပတ်ဝန်းကျင်က ရင်းနှီးသူ တော်တော်များများလည်း ကွန်ပြူတာအခြေခံလောက်တော့ သင်တန်းတက်ဖူုး ကြတာချည်းပါ။ ဒါပေမယ့် (လက်တွေ့နဲ့ မဆက်စပ်နိုင်တာနဲ့၊ ဆက်မလေ့လာတာနဲ့) သူတို့ဟာ ကွန်ပျူတာကို ကောင်းကောင်း မသုံးတတ်ကြပါဘူး။ သင်တန်းက သင်ပေးလိုက်တဲ့ ပညာတွေကို ဆင့်ပွါးတွေးခေါ်နိုင်ဖို့ ဆိုတာကတော့ ဝေလာဝေးပေါ့။ ဒါဟာ သူတို့ ညံ့လို့ ဆိုတာထက် သူတို့ သုံးတဲ့ စနစ် ညံ့လို့ လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။ “ငါကတော့ ပေးလိုက်တာပဲ။ သူမှ မယူတတ်တာ” ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ ဖွင့်ထားတဲ့ သင်တန်းမျိုးမှာ သူတို့တွေ တက်မိကြတယ် လို့ လည်း ယူဆပါတယ်။ “သင်တန်းက ဘာလုပ်ပေးရမှာလဲ။ ကိုယ့်ဟာကိုယ် လုပ်မှ ရမှာပေါ့” လို့ သင်တန်းတွေဖက်က နာသူတွေလည်း ရှိချင်ရှိပါလိမ့်မယ်။ ကျွန်တော် ပြောချင်တာက အဲအချက်ပါပဲ။ “ကိုယ့်ဟာကိုယ် လုပ်မှ ရမှာပေါ့” ဆိုတဲ့ စကားက သိပ်မှန်ပါတယ်။ ကွန်ပျူတာ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ချင်လား။ ကွန်ပျူတာနဲ့ နီးစပ်အောင် နည်းလမ်းရှာ၊ စာအုပ်တွေ အင်တာနက်က ရှာဖတ်၊ မြန်မာလိုရေးထားတာတွေလည်း အများကြီးလေ။ ဒါမှ တကယ်တတ်မှာပါ။


နောက်တစ်ခု သင်တန်း အတက်များတာ အင်္ဂလိပ်စာပါ။ ကျွန်တော်ကိုယ်တိုင်လည်း သင်တန်း သုံး၊ လေးခု တက်ခဲ့ဖူးပါတယ်။ ခင်ဗျားတို့လည်း တော်တော်များများ တက်ဖူးကြမယ်လို့ ထင်ပါတယ်။ လိုချင်တဲ့ အနေအထားကို ရောက်ခဲ့ကြပါသလား။ ကျွန်တော်ကတော့ မရောက်ခဲ့ပါဘူး။ ဒါနဲ့ပဲ self-study ဘက်ကို ကျွန်တော် လှည့်ခဲ့ပြန်ပါတယ်။ ဘယ်လိုလုပ်သလဲ။ English listening lessons တွေ download ဆွဲတယ်။ British Council က ငှါးတယ် (British Council က သင်ခန်းစာတွေ လည်း  ဖတ်ဖြစ်တယ်)။ သူငယ်ချင်းတွေဆီက လိုက်တောင်းတယ်။ အခွေတွေဝယ်တယ်။ Listening tips video တွေ Youtube က ကြည့်တယ်။ လိုက်နာတယ်။ ပုံမှန် လုပ်တယ်။ ကိုယ့်အိမ်မှာ ကိုယ်နေရင်း သက်တောင့်သက်သာ လေ့လာဖြစ်တယ်။ ဒီလိုနဲ့ စကားပြောအတိုလေးတွေကို ကျွန်တော် နားထောင်လို့ ရလာတယ်။ Discovery Channel ကို ဒီအတိုင်း ကြည့်လို့ ရလာတယ်။ အချိန်က လပိုင်းပါပဲ။ ခုဆို ရုပ်ရှင်တွေကိုတောင် ခြုံငုံပြီး နားလည်နေပါပြီ။ Speaking အတွက်ကိုလည်း ကျွန်တော် သင်တန်း မတက်သေးပါဘူး။ ကျွန်တော်နဲ့ ရည်ရွယ်ချင်းတူတဲ့ သူငယ်ချင်းတွေနဲ့ ခုဆို စမ်း ပြောလေး ပြောကြည့်တယ်။ နောက်ပိုင်းကြ နိုင်ငံခြားသားတွေ ရှာပြီး လေ့ကျင့်မယ်။ အဲကနေမှ native speaker တွေသင်တဲ့ သင်တန်းတစ်ခုမှာ သွားတက်မှာပါ။ ကျွန်တော် ရေးခဲ့သလိုပါပဲ။ သင်တန်းဆိုတာ လမ်းစပေးတဲ့နေရာ ဒါမှ မဟုတ် ကိုယ့်ရဲ့အရည်အသွေးကို အဆင့်မြှင့်ပေးတဲ့ နေရာပါ။ ကိုယ့်ရည်မှန်းချက်ကို ပုံအပ်ထားရမယ့် တန်ခိုးရှင် မဟုတ်ပါဘူး။


အခု ခေတ်စားနေတဲ့ management တို့၊ accounting တို့ finance တို့လို business ဘာသာရပ်တွေ အတွက်လည်း Internet မှာ လေ့လာစရာတွေ အများကြီးပါ။ လမ်းစ မသိသေးရင် သင်တန်းတစ်ခုတက်လိုက်ပေါ့။ ပြီးရင်တော့ self-study လုပ်ဖို့ မမေ့ပါနဲ့။ အောင်လက်မှတ် (certificate) လိုချင်တာဆိုရင်တောင် တကယ်နားလည်သွားဖို့က self-study များများ လုပ်မှ ရမှာပါ။


ငယ်စဉ်က ကျူရှင်တွေကို အားကိုးခဲ့တဲ့ အလေ့အကျင့်ကြောင့် အရွယ်ရောက်လာတဲ့ အခါမှာလည်း သင်တန်းတွေကို အားကိုးမှု ပိုလာကြ တယ်လို့ ကျွန်တော် ထင်ပါတယ်။ သင်တန်းတွေ တစ်ခုပြီး တစ်ခုတက်၊ certificate တွေ တစ်ခုပြီး တစ်ခုရထားတဲ့ သူတွေထဲမှာ တကယ် ဖြစ်ဖြစ်မြောက်မြောက် ကျွမ်းကျင်သွားသူက လက်ချိုးရေလို့ ရပါတယ်။ self-study လုပ်သူအများစုမှာတော့ “သုံးစားမရဘူး” ဆိုတဲ့သူ မရှိသလောက်ပါပဲ။ ဒီတော့ ကျွန်တော်တို့တွေ self-study များများ လုပ်ကြပါစို့ လို့ပဲ ပြောချင်ပါတယ်ဗျာ။

 

၁၇.၁.၂၀၁၆
ဇင်ယော်

အျခားသင္ခန္းစာမ်ား ဖတ္႐ႈ ေလ့လာရန္ link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင္းဝင္ထားျခင္းျဖင့္ ရရွိမည့္ အက်ိဳးေက်းဇူးမ်ား ]

- အဂၤလိပ္စာသင္ခန္းစာႏွင့္ အလုပ္ေခၚစာအသစ္မ်ား၊ UK စာေမးပြဲ သတင္းမ်ား ႏွင့္ အဂၤလိပ္စာသင္တန္း သတင္းမ်ားကို အသင္းဝင္မ်ားထံသာလွ်င္ e-mail ျဖင့္ အေၾကာင္းၾကားေပးမွာ ျဖစ္ပါသည္။
- ျဗိတိသွ်ေကာင္စီမွ ၾကီးမႉးက်င္းပေသာ ပြဲမ်ားကို အသင္းဝင္မ်ားသာ ၾကိဳတင္သိရွိျပီး အသင္းဝင္မဟုတ္သူမ်ားထက္ေစာ၍ စာရင္းေပးသြင္းႏိုင္ပါသည္။
- Myanmar Network ဝက္ဆိုက္ဒ္တြင္ အသင္းဝင္မ်ားသာလွ်င္ like ႏွင့္ comment ေပးႏိုင္မည္ျဖစ္သည္။
- စကားဝိုင္းမ်ား (Forum မ်ားတြင္)ႏွင့္ အလုပ္ေခၚစာမ်ားကိုလည္း ကိုယ္တိုင္ဝင္ေရာက္ေရးသားႏိုင္ပါသည္။
- အသင္းဝင္မ်ားတြင္ ကိုယ္ပိုင္ Profile Page ရွိမည္ျဖစ္ျပီး မိမိ၏ ဓာတ္ပံု၊ မိမိကိုယ္တိုင္႐ိုက္ထားေသာ ဓာတ္ပံုမ်ားႏွင့္ ဗီဒီယိုမ်ားလည္း တင္ႏိုင္မည္ ျဖစ္သည္။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 7238

Reply to This

Replies to This Discussion

I agree with you.
Seif study နည္းနဲ႕ေလ့က်င့္ေနပါတယ္ဒါေပမဲ႕အခက္အခဲ႕တခ်ိဳ႕ရွိပါတယ္ဒီနည္းကအခ်ိန္မ ေရြးလုပ္နိဳင္ ပါတယ္
ေက်းဇဴးပါ
Your right.
ေက်းဇူးပါလမ္းညြန္ခ်က္ေကာင္းေတြဒီထက္မ်ားမ်ားေပးေစခ်င္ပါတယ္

That's all we need :')

Bloody Truth

ေကာင္းလိုက္တဲ့ post ဒီလိုေျပာတာေကာင္းပါတယ္ self- study ကို ကိုယ္တိုင္ေလ့လာရင္ရတယ္ဆိုတာဘယ္လိုသိသြားတာလဲ ေကာင္းပါတယ္ မသိေသးသူမ်ားအတြက္ တကဲ့ ေကာင္းတဲ့လမ္းညႊန္မွဳပဲ
Thx U so much :)
thanks
အလြန္ေကာင္းပါတယ္

ဟုတ္ပါတယ ္ ေလ႕လာေနဆဲပါပဲ

thank
iGood

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service