Information on uploading photos to Myanmar Network (08 October 2012)

ဓာတ်ပုံများ တင်ရာတွင် ကိုယ်တိုင်ရိုက်ထားသောမိမိ၏ပုံ၊ ရှုခင်းပုံ နှင့် အခြားပုံများ သို့မဟုတ် သူတပါးရိုက်ပေးသော မိမိ၏ ဓာတ်ပုံများသာ တင်ပါရန်နှင့် အခြားအင်တာနက်မှ download ရယူထားသော ပုံများမတင်ပါရန်  မေတ္တာရပ်ခံပါသည်။ အင်တာနက်မှ ကူးယူထားသော ပုံများကို Admin အဖွဲ့မှ approve လုပ်မည်မဟုတ်ပါ။

တရားမဝင် software များနှင့် e-book များကို ဖယ်ရှားလိုက်ပါသည် (08 October 2012)

မူပိုင်ခွင့်နှင့်ပက်သက်၍ ပြဿနာများဖြစ်လာနိုင်သောကြောင့် တရားမဝင် software များနှင့် e-book များကို Myanmar Network မှဖယ်ရှားလိုက်ပါသည်။ နောက်နောင်များတွင်လည်း မတင်ကြပါရန် မေတ္တာရပ်ခံပါသည်။ တရားဝင်သော software များနှင့် e-book များကို တင်နိုင်ပါသည်။

မိတ်ဆက်ကြရအောင်စာမျက်နှာတွင် မိတ်ဆက်စာများသာတင်ကြပါရန် (08 October 2012)


မိတ်ဆက်ကြရအောင်စာမျက်နှာ တွင် မိတ်ဆက်စာများသာတင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ကြော်ငြာများ၊ ဓာတ်ပုံများတင်ထားပါက အခြားမိတ်ဆက်စာများကို အနှောက်အယှက်ဖြစ်စေပါသဖြင့် ကြော်ငြာများနှင့် ဓာတ်ပုံများကို သက်ဆိုင်ရာ Forum များတွင်တင်ကြပါရန်နှင့် မိတ်ဆက်ခြင်းနှင့် မသက်ဆိုင်သော ပို့စ်များကို ဆက်လက်တွေ့ရှိပါက ဖယ်ရှားမည်ဖြစ်ပါသည်။



British Council မှ နှစ်စဉ် စစ်တမ်းဖြစ်သော Student Insight Survey စစ်တမ်းမှ ကံထူးသူ (၃) ဦီး


ဗြိတိသျှကောင်စီမှ  နှစ်စဉ် ဦးစီး ပြုလုပ်သော စစ်တမ်းတစ်ခု ဖြစ်သည့် Student Insight Survey စစ်တမ်းတွင် Myanmar Network နှင့် British Council Website များမှ တစ်ဆင့် မြန်မာနိုင်ငံမှ ပါဝင်ဖြေဆိုပေးခဲ့သောသူများထဲမှ ကံထူးသူ သုံးဦးအား ကွန်ပျုတာကျပန်းစနစ်ဖြင့်ရွေးချယ်ခဲ့ပါသည်။ ဆုရရှိသူများမှာ winephyu@gmail.com, dr.hsumyatmo@gmail.com နှင့် aungaung2001@gmail.com တို့ဖြစ်ပြီး မတ်လ (၂၅) ရက်နေ့ တနင်္ဂနွေနေ့ နံနက် (၁ဝ) နာရီမှ ညနေ (၅) နာရီထိ ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပမည့် Education Fair 2012 တွင် ကံထူးရှင်များ၏ နာမည်များကို ကြေညာပေးမည်ဖြစ်ပြီး ကံထူးသူများအား 500GB portable hard drive တစ်ခုစီကို "Studying in the UK" Presentation (10.30 a.m. - 12.00 noon) အပြီးတွင် ဆုလက်ဆောင်အဖြစ် ပေးသွားမည်ဖြစ်သည်။

မှတ်ချက်- ကံထူးသူများသည် Myanmar Network Admin Team မှ ပို့ထားသော အီးမေးလ်အား print ထုတ်၍ မှတ်ပုံတင်ကဒ်ပြားနှင့် တကွ Education Fair 2012 ကို လာရောက်ပေးပါရန်။

အသင်းဝင်များအတွက် အထူးအစီအစဉ်အသစ်များမှ ကံထူးသူများ (November 2011)

ငါးကြိမ်နှင့်အထက်ဝင်ရောက်ကြည့်ရှုသူများအား လစဉ်ပုံမှန်ကံစမ်းမဲအစီအစဉ်အရ Kaspersky anti-virus software တစ်နှစ်တာသုံးစွဲခွင့် နိုဝင်ဘာလ ကံထူးသူမှာ ကိုရန်နိုင်စိုး ဖြစ်ပါသည်။ ဤအစီအစဉ်အား Kaspersky anti-virus software (Awzaraung Computer) မှပံ့ပိုးပေးတာဖြစ်ပါတယ်။

ဩဂုတ်လမှစ၍ အသင်းဝင်များအတွက် အထူးအစီအစဉ်များမှ တစ်ခုဖြစ်သော လတိုင်း သူငယ်ချင်းအယောက် (၂ဝ) နှင့် အထက်ကိုဖိတ်ကြားပေးသော အသင်းဝင်များထဲမှ ကျပန်းစနစ်ဖြင့် Myanmar Network တံဆိပ်ပါ ပိုလိုရှပ်တစ်ထည်စီအား ကံစမ်းမဲဖောက်ပေးသည့် အထူးအစီအစဉ်မှ နိုဝင်ဘာလအတွက် မဲပေါက်သူ ကံထူးရှင်ငါးဦးမှာ ကိုထက်အောင်ကိုအောင်ထူးလင်းကိုဇာနည်ဖုန်းဝင်းမသူဇာခင် နှင့် ကိုအောင်သူဖြိုး တို့ ဖြစ်ပါသည်။

ရန်ကုန်မြို့မှ ကံထူးသူများသည် လက်ဆောင်ပစ္စည်းအား Myanmar Network Admin Team မှ ပို့ထားသော အီးမေးလ်အား print ထုတ်၍ မှတ်ပုံတင်ကဒ်ပြားနှင့် တကွ အမှတ် (၇၈) ကမ်းနားလမ်း ၊ ဗြိတိသျှကောင်စီ Information Desk တွင် ကံထူးသူကိုယ်တိုင် ဇန်နဝါရီလ (၁၅) ရက်မတိုင်မှီ လာရောက်ထုတ်ယူနိုင်ပြီး နယ်မှ ကံထူးသူများမှာ ကိုယ်စားလှယ်လွှတ်၍ လက်ဆောင်ပစ္စည်းအား ထုတ်ယူနိုင်ပါသည်။ အထူးသတိပြုရန် - မှတ်ပုံတင်ကဒ်ပြားမပါလျှင် ဗြိတိသျှကောင်စီထဲသို့ဝင်၍ရမည်မဟုတ်ပါ။



အသင်းဝင်များအတွက် အထူးအစီအစဉ်အသစ်များမှ ကံထူးသူများ (October 2011)


ငါးကြိမ်နှင့်အထက်ဝင်ရောက်ကြည့်ရှုသူများအား လစဉ်ပုံမှန်ကံစမ်းမဲအစီအစဉ်အရ Kaspersky anti-virus software တစ်နှစ်တာသုံးစွဲခွင့် အောက်တိုဘာလ ကံထူးသူမှာ ကိုကျော်သက်ဦး ဖြစ်ပါသည်။ ဤအစီအစဉ်အား Kaspersky anti-virus software (Awzaraung Computer) မှပံ့ပိုးပေးတာဖြစ်ပါတယ်။


ဩဂုတ်လမှစ၍ အသင်းဝင်များအတွက် အထူးအစီအစဉ်များမှ တစ်ခုဖြစ်သော လတိုင်း သူငယ်ချင်းအယောက် (၂ဝ) နှင့် အထက်ကိုဖိတ်ကြားပေးသော အသင်းဝင်များထဲမှ ကျပန်းစနစ်ဖြင့် Myanmar Network တံဆိပ်ပါ ပိုလိုရှပ်တစ်ထည်စီအား ကံစမ်းမဲဖောက်ပေးသည့် အထူးအစီအစဉ်မှ ယခုလအတွက် မဲပေါက်သူ ကံထူးရှင်ငါးဦးမှာ ကိုကိုထိုက်အောင်စောနန်းဒေဝီဖိုးထူးမြတ်စိုး နှင့် ခိုင်ယဉ်ဝင်းတို့ ဖြစ်ပါသည်။ 
ရန်ကုန်မြို့မှ ကံထူးသူများသည် လက်ဆောင်ပစ္စည်းအား Myanmar Network Admin Team မှ ပို့ထားသော အီးမေးလ်အား print ထုတ်၍ မှတ်ပုံတင်ကဒ်ပြားနှင့် တကွ အမှတ် (၇၈) ကမ်းနားလမ်း ၊ ဗြိတိသျှကောင်စီ Information Desk တွင် ကံထူးသူကိုယ်တိုင် ဒီဇင်ဘာလ (၁၅) ရက်မတိုင်မှီ လာရောက်ထုတ်ယူနိုင်ပါပြီး နယ်မှ ကံထူးသူများမှာ ကိုယ်စားလှယ်လွှတ်၍ လက်ဆောင်ပစ္စည်းအား ထုတ်ယူနိုင်ပါသည်။ အထူးသတိပြုရန် - မှတ်ပုံတင်ကဒ်ပြားမပါလျှင် ဗြိတိသျှကောင်စီထဲသို့ဝင်၍ရမည်မဟုတ်ပါ။

Winner of World's Teachers' Day Competition

Ko Phyo Wana is the winner of World's Teachers' Day Competition with the sentence "‘A teacher is the one who helps you to draw out your potential hidden in you and make it fully developed".

 

အသင်းဝင်များအတွက် အထူးအစီအစဉ်အသစ်များမှ ကံထူးသူများ (September 2011)


ငါးကြိမ်နှင့်အထက်ဝင်ရောက်ကြည့်ရှုသူများအား လစဉ်ပုံမှန်ကံစမ်းမဲအစီအစဉ်အရ Kaspersky anti-virus software တစ်နှစ်တာသုံးစွဲခွင့် စက်တင်ဘာလ ကံထူးသူမှာ မအိဇင်သိမ့် ဖြစ်ပါသည်။ ဤအစီအစဉ်အား Kaspersky anti-virus software (Awzaraung Computer) မှပံ့ပိုးပေးတာဖြစ်ပါတယ်။

ဩဂုတ်လမှစ၍ အသင်းဝင်များအတွက် အထူးအစီအစဉ်များမှ တစ်ခုဖြစ်သော လတိုင်း သူငယ်ချင်းအယောက် (၂ဝ) နှင့် အထက်ကိုဖိတ်ကြားပေးသော အသင်းဝင်များထဲမှ ကျပန်းစနစ်ဖြင့် Myanmar Network တံဆိပ်ပါ ပိုလိုရှပ်တစ်ထည်စီအား ကံစမ်းမဲဖောက်ပေးသည့် အထူးအစီအစဉ်မှ ယခုလအတွက် မဲပေါက်သူ ကံထူးရှင်ငါးဦးမှာ သန့်ဇင်နိုင်သက်ထွန်းအောင်ကိုကိုထိုက်အောင်နေခြည် နှင့် မင်းမင်းပြည့် တို့ ဖြစ်ပါသည်။

ရန်ကုန်မြို့မှ ကံထူးသူများသည် လက်ဆောင်ပစ္စည်းအား Myanmar Network Admin Team မှ ပို့ထားသော အီးမေးလ်အား print ထုတ်၍ မှတ်ပုံတင်ကဒ်ပြားနှင့် တကွ အမှတ် (၇၈) ကမ်းနားလမ်း ၊ ဗြိတိသျှကောင်စီ Information Desk တွင် ကံထူးသူကိုယ်တိုင် အောက်တိုဘာလ (၁၅) ရက်မတိုင်မှီ လာရောက်ထုတ်ယူနိုင်ပါပြီး နယ်မှ ကံထူးသူများမှာ ကိုယ်စားလှယ်လွှတ်၍ လက်ဆောင်ပစ္စည်းအား ထုတ်ယူနိုင်ပါသည်။ အထူးသတိပြုရန် - မှတ်ပုံတင်ကဒ်ပြားမပါလျှင် ဗြိတိသျှကောင်စီထဲသို့ဝင်၍ရမည်မဟုတ်ပါ။


အသင်းဝင်များအတွက် အထူးအစီအစဉ်အသစ်များမှ ကံထူးသူများ (August 2011)
 

ငါးကြိမ်နှင့်အထက်ဝင်ရောက်ကြည့်ရှုသူများအား လစဉ်ပုံမှန်ကံစမ်းမဲအစီအစဉ်အရ Kaspersky anti-virus software တစ်နှစ်တာသုံးစွဲခွင့် ဩဂုတ်လ ကံထူးသူမှာ မောင်မျိုးမင်း ဖြစ်ပါသည်။ ဤအစီအစဉ်အား Kaspersky anti-virus software (Awzaraung Computer) မှပံ့ပိုးပေးတာဖြစ်ပါတယ်။

ဩဂုတ်လမှစ၍ အသင်းဝင်များအတွက် အထူးအစီအစဉ်များမှ တစ်ခုဖြစ်သော သူငယ်ချင်းအယောက် (၂ဝ) နှင့် အထက်အား ဖိတ်ကြားပေးသော အသင်းဝင်များထဲမှ ကျပန်းစနစ်ဖြင့် Myanmar Network တံဆိပ်ပါ ပိုလိုရှပ် တစ်ထည်စီအား ကံစမ်းမဲဖောက်ပေးသည့် အထူးအစီအစဉ်မှ ယခုလအတွက် မဲပေါက်သူ ကံထူးရှင်ငါးဦးမှာ ခွန်လေးကိုထွဋ်ဖွေးဖွေးမြတ်သန်းထိုက် နှင့် ဝင်းဝင်းသန့်တို့ ဖြစ်ပါသည်။

ရန်ကုန်မြို့မှ ကံထူးသူများသည် လက်ဆောင်ပစ္စည်းအား Myanmar Network Admin Team မှ ပို့ထားသော အီးမေးလ်အား print ထုတ်၍ မှတ်ပုံတင်ကဒ်ပြားနှင့်တကွ အမှတ် (၇၈) ကမ်းနားလမ်း ၊ ဗြိတိသျှကောင်စီ Information Desk တွင် ကံထူးသူကိုယ်တိုင် စက်တင်ဘာလ ၁၅ ရက်မတိုင်မှီ လာရောက်ထုတ်ယူနိုင်ပြီး နယ်မှ ကံထူးသူများမှာ ကိုယ်စားလှယ်လွှတ်၍ လက်ဆောင်ပစ္စည်း ထုတ်ယူနိုင်ပါသည်။ အထူးသတိပြုရန် - မှတ်ပုံတင်ကဒ်ပြားမပါလျှင် ဗြိတိသျှကောင်စီထဲသို့ဝင်၍ရမည်မဟုတ်ပါ။

 

Email digest ပြောင်းလဲရယူခြင်းဖြင့် အီးမေးလ်အရေအတွက်ကို ကန့်သတ်ပါ

အီးမေးလ်အကျဉ်းချုပ် (email digest) သည် Myanmar Network မှ သင်စိတ်ဝင်စားသော အကြောင်းအရာများအား နေ့စဉ်အီးမေးလ်အရေအတွက် နည်းနည်းဖြင့် မျက်ခြေမပြတ် စောင့်ကြည့်နိုင်သော အသုံးဝင်သည့် feature တစ်ခုဖြစ်ပါသည်။ 'နေ့စဉ်အီးမေးလ်တွေရတာ အရမ်းများတယ်' ဆိုသူများသည် email digest သို့ပြောင်းလဲရယူခြင်းဖြင့် Myanmar Network မှ နေ့စဉ်ရရှိနေသည့် အီးမေးလ်အရေအတွက်ကို ကန့်သတ်နိုင်ပါသည်။ အသေးစိတ်ဆက်ဖတ်ပါ

 

ကိုယ်တိုင်ရေးဆောင်းပါး နှင့် အင်္ဂလိပ်စာသင်ခန်းစာများ တင်ပေးနိုင်

Myanmar Network သို့ ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်းနှင့် အင်္ဂလိပ်စာ သင်ခန်းစာများကို ဖော်ပြလိုပါက ဆိုဒ်ပေါ်သို့ မိမိကိုယ်တိုင်ဖြစ်စေ Admin Team သို့ email ပေးပို့၍ဖြစ်စေ တင်နိုင်ပါသည်။ အထူးသဖြင့် မိမိကိုယ်တိုင်ရေးသား၊ ရေးဆွဲထားသော သုတ/ရသဆောင်းပါး၊ ကဗျာ၊ ကာတွန်းနှင့် အင်္ဂလိပ်စာသင်ခန်းစာများအား တင်ပေးမည်ဆိုပါက အခြားအသင်းဝင်များအတွက် ပိုမိုအကျိုးရှိမည် ဖြစ်ပါသည်။ အကယ်၍အခြား ဝက်ဗ်ဆိုဒ်များမှ ကူးယူလာခြင်းဖြစ်ပါက သက်ဆိုင်ရာဝက်ဗ်ဆိုဒ်နှင့် မူရင်းရေးသားသူအား ဖော်ပြပေးစေလိုပါသည်။ 

 

Views: 45205

Reply to This

Replies to This Discussion

Thank you very much for your brilliant feature - email digest. It makes me very convenient.

Thank you once again.

မိုက်ရယ် အဲဒါလေးက ဆိုးဘူးဗျ ဟိဟိ

 

ဟုတ်တယ် ကိုဖြိုး

မဆိုးဘူးလို့ပဲထင်ရမှာပေါ့

တကယ်မဆိုးတာလား

 

How r u?

soboo

 

 

မဆိုးချင်ယောင်ဆောင်တာပါ တကယ်ဆိုးတာကိုဘယ်သူသိမှာလဲ

ဟုတ်တယ်၊ဇင်မင်းလောက်ဘယ်သူကပိုသိနိုင်မှာလဲ၊

ဘာကိုမဆိုတာလဲအင်

ဝင်ရောက်လာလည်ဖတ်ကြားသွားပါတယ်။ ကျေးဇူးပါဗျာ

 

ကျေးဇူးတင်ချင်ယောင်မဆောင်ပါနဲ့

ဟာတကယ်တင်တာပါ၊

(ကျေးဇူး)

RSS

Featured Discussions

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service