Speaking ​ကို ကျွမ်းကျင်​စွာ​ပြောတတ်​ချင်​လို့ ဘယ်​အတန်းက​နေတတ်​သင့်​သလဲ? သင်​တန်း​ကြေးက​​ကော ဘယ်​​လောက်​လဲ ဘယ်​​နေ့အတန်းစမလဲ သိချင်​ပါတယ်

Views: 528

Reply to This

Replies to This Discussion

ဗြိတိသျှကောင်စီ ရန်ကုန်အား ဆက်သွယ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ General English Four Skills အနီးဆုံးသင်တန်းက January မှာ ရှိပါတယ်။ သင်တန်း မတက်ရောက်ခင်မှာ ဝင်ခွင့်စာမေးပွဲဖြေဖို့ လိုအဎ်ပြီး ရရှိသည့် မိမိ၏ အင်္ဂလိပ်စာအရည်အချင်းအလိုက် အတန်းတက်ရောက်ရမည် ဖြစ်သည်။ ဝင်ခွင့်စာမေးပွဲသည်သင်တန်းတက်ရောက်မည့်သူ၏အင်္ဂလိပ်စာ အရည်အချင်း နှင့်သင့်တော်ကိုက်ညီသောအတန်းကိုတက်ရောက်နိုင်စေရန်ရည်ရွယ်၍စစ်ဆေး ခြင်း ဖြစ်ပါသည်။ဝင်ခွင့်စာမေးပွဲကိုရေးဖြေနှင့်နှူတ်ဖြေစုစုပေါင်းအချိန်၁ နာရီ ကြာခန့်ဖြေဆိုရမည်ဖြစ်ပါသည်။ ဝင်ခွင့်တွင်ရရှိလာသောရမှတ်အပေါ်မူတည်၍ရရှိသောအတန်းကို တက်ရောက်သင်ကြားရမည်ဖြစ်ပါသည်။

သင်တန်းတက်ရောက်မည့်ကျောင်းသား၏ နာမည်၊ မွေးနေ့သက္ကရာဇ် နှင့် ဖုန်းနံပါတ်များ ဗြိတိသျှကောင်စီသို့ လာရောက်ပြီး ဝင်ခွင့်စာမေးပွဲစောင့်ဆိုင်းစာရင်းမှာ စာရင်းသွင်းထားရန် လိုအဎ်ပါတယ်ရှင်။ ဝင်ခွင့်စာမေးပွဲ စာရင်းသွင်းရန် ရက်များထွက်ပါက အကြောင်းကြားပေးပါ့မယ်။

သင်တန်းများနှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက http://www.britishcouncil.org.mm/english/courses-adults တွင်ဝင်ရောက်ကြည့်ရှူ့နိုင်ပါသည်။

မန်းလေးကလူတေအတွက်ကော
မန်းလေးမှာဆိုရင်ကောBCကဘယ်လမ်းမှာရှိလဲ

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service