[Zawgyi]

အေျခခံ ပံုသ႑ာန္မ်ားျဖစ္သည့္ စက္၀ိုင္း၊ ေလးေထာင့္၊ ႀတိဂံ၊ တို႔အားတင္စားေျပာဆိုသည့္စကားမ်ားတြင္ မၾကာခဏေတြ႕ရတတ္သည္။ ေအာက္တြင္ square ႏွင့္ပတ္သက္သည့္ အသံုးထူးတစ္ခ်ိဳ႕အားေတြ႕ရမည္ျဖစ္သည္။

1. To be a square peg in a round hole ပတ္၀န္းက်င္တစ္ခု၊ အေျခအေနတစ္ခုႏွင့္ သဟဇာတမျဖစ္၊ အဆင္မေျပဘူး။
I feel like a square peg in a round hole at my office.
ငါ့ရံုးမွာ က်င္းအ၀ိုင္းထဲ ေလးေထာင့္သပ္ထည့္သလိုပဲ အဆင္မေျပဘူး။

2. To go back to square one အခက္အခဲတစ္ခု၊ အမွားအယြင္းတစ္ခုေၾကာင့္ အစကေနျပန္စသည္။
It looks like it's back to square one for you.
အေျခအေနၾကည့္ရတာေတာ့ မင္း တစ္ကေနျပန္စရမယ္နဲ႔တူတယ္။

3. Be there, or be square ပြဲလမ္း၊ အခမ္းအနားတစ္ခုကိုတက္ခ်င္တက္၊ မတက္ခ်င္ ရိုင္းတယ္လို႔အထင္ခံရင္လည္းခံ
There's a bunch of people going to be at John's on Saturday. Be there or be square.
ဂၽြန္ရဲ႕အိမ္မွာဒီစေန လူေတြအမ်ားႀကီးလာမွာ။ သြားခ်င္လည္းသြား၊ မသြားခ်င္လည္း ရိုင္းတယ္လို႔အထင္ခံေပါ့။

4. call something square အေၾကြး၊ တာ၀န္၀တၱရားတစ္ခု ေပးဆပ္ၿပီးေၾကာင္းေျပာသည္။
Thanks for the hundred bucks. I think we can call it square now.
ေငြတစ္ရာအတြက္ေက်းဇူးပဲ။ အခု အေၾကြးရွင္းၿပီေပါ့ေနာ္။

5. square something with someone တစ္ေယာက္ေယာက္၏သေဘာတူညီခ်က္ရယူသည္။
Sam intended to square everything with Henry when he had time.
ဆမ္ဟာအခ်ိန္ရသည့္အခါ ဘယ္ဟာမဆို ဟင္နရီရဲ႕သေဘာတူညီခ်က္ရခ်င္သည္။

6. square accounts ေပးစရာရွိတာေပးသည္။ နားလည္မႈလြဲမွားေနမႈကို ေျဖရွင္းသည္။
I have to square accounts with the bank this week, or it'll take back my car.
ဒီတစ္ပတ္ ဘဏ္နဲ႔စာရွင္းအေက်ရွင္းမွျဖစ္မယ္။ မဟုတ္ရင္ ငါ့ကားကိုသိမ္းသြားလိမ့္မယ္။

I'm going to square accounts with Tom. He insulted me in public, and he owes me an apology.
ငါ တြမ္နဲ႔စာရင္းရွင္းမွျဖစ္မယ္။ လူၾကားထဲမွာငါ့ကို ေစာ္ကားထားတာ သူေတာင္းပန္ရမယ္။

7. square deal ရိုးရိုးသားသား၊ မွ်မွ်တတရွိသည့္အေပးအယူ
All the workers want is a square deal, but their boss underpays them.
အလုပ္သမားအားလံုးလိုခ်င္တာက မွ်မွ်တတေပးဖို႔ပဲ။ ဒါေပမယ့္ သူေဌးက တန္ေၾကးထက္ေလ်ာ့ေပးတယ္။

8. a square meal အဟာရျပည့္၀သည့္အစားအစာ။ လူတစ္ေယာက္အတြက္လိုအပ္သည့္ အဟာရ မ်ိဳးစံု ျပည့္ျပည့္၀၀ပါ၀င္သည့္ ထမင္းပြဲ။
Most of these supermodels don't look like they've had a square meal in their life.
ဒီစူပါေမာ္ဒယ္ေလးေတြၾကည့္ရတာ ထမင္းေကာင္းေကာင္းစားရပံုမေပၚဘူး။

9. fair and square မွ်မွ်တတ၊ သမာသမတ္က်ေသာ
We won the match fair and square.
ကၽြန္ေတာ္တို႔ကစားပြဲကို သမာသမတ္ရွိရွိအႏိုင္ရခဲ့သည္။

10. square the circle ခက္ခဲသည့္အလုပ္တစ္ခုကိုအားထုတ္သည္။ မျဖစ္ႏိုင္ထင္ရသည့္ျပႆနာတစ္ခုကို အေျဖရွာသည္။
Few poor countries can afford to look after their works of art properly, but neglect is unwise if you want to attract tourists. Thailand is attempting to square the circle.
ဆင္းရဲသည့္ႏိုင္ငံအနည္းငယ္သာ သူတို႔၏အႏုပညာလက္ရာမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္စြမ္းရွိၾကသည္။ လ်စ္လ်ဴရႈထားပါကလည္း ကမၻာလွည့္ခရီးသည္မ်ားအားစြဲေဆာင္ဖို႔ အေမွ်ာ္အျမင္နည္းရာက်သည္။ ထိုင္းႏိုင္ငံသည္ ထိုျပႆနာကို ေျဖရွင္းရန္အားထုတ္ေနသည္။

11. square your shoulders မတုန္မလႈပ္သည့္အမူအယာျပသည္။ ျပတ္သားမႈကိုျပသည္။
When the judge asked her if she was guilty or not guilty, she squared her shoulders, looked the judge in the eye, and said, “Not guilty.”
တရားသူႀကီးက သူ႕အား အျပစ္ရွိမရွိေမးသည့္အခါ “အျပစ္မရွိပါ” ဟု တရားသူႀကီးအား မ်က္လံုးခ်င္းဆိုင္ကာ ျပတ္သားစြာဆိုလိုက္သည္။

12. square off ထိပ္တိုက္ရင္ဆိုင္သည္။ ရန္ေစာင္သည္။
The two men squared off.
လူႏွစ္ေယာက္ထိပ္တိုက္ရင္ဆိုင္ၾကသည္။

13. squared away သပ္သပ္ရပ္ရပ္စီစဥ္သည္။
Is Ann squared away in her dorm room yet?
အန္း တစ္ေယာက္ သူ႔အခန္းကိုရွင္းၿပီးၿပီလား။

14. square up ရန္ျဖစ္ဖို႔အသင့္။
John was angry and ready for squaring up for a fight.
ဂၽြန္ဟာ စိတ္ဆိုးလို႔ ရန္ျဖစ္ဖို႔ျပင္ေနသည္။

15. on the square ရိုးရိုးသားသား၊ ပြင့္ပြင့္လင္းလင္း
He has always dealt on the square.
သူအၿမဲတမ္း ရိုးရိုးသားသားနဲ႔ ပြင့္ပြင့္လင္းလင္းဆက္ဆံခဲ့တယ္။

ကၽြန္ေတာ္ေရးထားသမွ်ကိုဖတ္ခ်င္လွ်င္ဒီမွာေလ့လာႏိုင္ပါသည္။
ဇာနည္(MyWay)
Broken English to Spoken English
09 448 033 674

[Unicode]

အခြေခံ ပုံသဏ္ဍာန်များဖြစ်သည့် စက်ဝိုင်း၊ လေးထောင့်၊ တြိဂံ၊ တို့အားတင်စားပြောဆိုသည့်စကားများတွင် မကြာခဏတွေ့ရတတ်သည်။ အောက်တွင် square နှင့်ပတ်သက်သည့် အသုံးထူးတစ်ချို့အားတွေ့ရမည်ဖြစ်သည်။

1. To be a square peg in a round hole ပတ်ဝန်းကျင်တစ်ခု၊ အခြေအနေတစ်ခုနှင့် သဟဇာတမဖြစ်၊ အဆင်မပြေဘူး။
I feel like a square peg in a round hole at my office.
ငါ့ရုံးမှာ ကျင်းအဝိုင်းထဲ လေးထောင့်သပ်ထည့်သလိုပဲ အဆင်မပြေဘူး။

2. To go back to square one အခက်အခဲတစ်ခု၊ အမှားအယွင်းတစ်ခုကြောင့် အစကနေပြန်စသည်။
It looks like it's back to square one for you.
အခြေအနေကြည့်ရတာတော့ မင်း တစ်ကနေပြန်စရမယ်နဲ့တူတယ်။

3. Be there, or be square ပွဲလမ်း၊ အခမ်းအနားတစ်ခုကိုတက်ချင်တက်၊ မတက်ချင် ရိုင်းတယ်လို့အထင်ခံရင်လည်းခံ
There's a bunch of people going to be at John's on Saturday. Be there or be square.
ဂျွန်ရဲ့အိမ်မှာဒီစနေ လူတွေအများကြီးလာမှာ။ သွားချင်လည်းသွား၊ မသွားချင်လည်း ရိုင်းတယ်လို့အထင်ခံပေါ့။

4. call something square အကြွေး၊ တာဝန်ဝတ္တရားတစ်ခု ပေးဆပ်ပြီးကြောင်းပြောသည်။
Thanks for the hundred bucks. I think we can call it square now.
ငွေတစ်ရာအတွက်ကျေးဇူးပဲ။ အခု အကြွေးရှင်းပြီပေါ့နော်။

5. square something with someone တစ်ယောက်ယောက်၏သဘောတူညီချက်ရယူသည်။
Sam intended to square everything with Henry when he had time.
ဆမ်ဟာအချိန်ရသည့်အခါ ဘယ်ဟာမဆို ဟင်နရီရဲ့သဘောတူညီချက်ရချင်သည်။

6. square accounts ပေးစရာရှိတာပေးသည်။ နားလည်မှုလွဲမှားနေမှုကို ဖြေရှင်းသည်။
I have to square accounts with the bank this week, or it'll take back my car.
ဒီတစ်ပတ် ဘဏ်နဲ့စာရှင်းအကျေရှင်းမှဖြစ်မယ်။ မဟုတ်ရင် ငါ့ကားကိုသိမ်းသွားလိမ့်မယ်။

I'm going to square accounts with Tom. He insulted me in public, and he owes me an apology.
ငါ တွမ်နဲ့စာရင်းရှင်းမှဖြစ်မယ်။ လူကြားထဲမှာငါ့ကို စော်ကားထားတာ သူတောင်းပန်ရမယ်။


7. square deal ရိုးရိုးသားသား၊ မျှမျှတတရှိသည့်အပေးအယူ
All the workers want is a square deal, but their boss underpays them.
အလုပ်သမားအားလုံးလိုချင်တာက မျှမျှတတပေးဖို့ပဲ။ ဒါပေမယ့် သူဌေးက တန်ကြေးထက်လျော့ပေးတယ်။

8. a square meal အဟာရပြည့်ဝသည့်အစားအစာ။ လူတစ်ယောက်အတွက်လိုအပ်သည့် အဟာရ မျိုးစုံ ပြည့်ပြည့်ဝဝပါ၀င်သည့် ထမင်းပွဲ။
Most of these supermodels don't look like they've had a square meal in their life.
ဒီစူပါမော်ဒယ်လေးတွေကြည့်ရတာ ထမင်းကောင်းကောင်းစားရပုံမပေါ်ဘူး။

9. fair and square မျှမျှတတ၊ သမာသမတ်ကျသော
We won the match fair and square.
ကျွန်တော်တို့ကစားပွဲကို သမာသမတ်ရှိရှိအနိုင်ရခဲ့သည်။

10. square the circle ခက်ခဲသည့်အလုပ်တစ်ခုကိုအားထုတ်သည်။ မဖြစ်နိုင်ထင်ရသည့်ပြဿနာတစ်ခုကို အဖြေရှာသည်။
Few poor countries can afford to look after their works of art properly, but neglect is unwise if you want to attract tourists. Thailand is attempting to square the circle.
ဆင်းရဲသည့်နိုင်ငံအနည်းငယ်သာ သူတို့၏အနုပညာလက်ရာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိကြသည်။ လျစ်လျူရှုထားပါကလည်း ကမ္ဘာလှည့်ခရီးသည်များအားစွဲဆောင်ဖို့ အမျှော်အမြင်နည်းရာကျသည်။ ထိုင်းနိုင်ငံသည် ထိုပြဿနာကို ဖြေရှင်းရန်အားထုတ်နေသည်။

11. square your shoulders မတုန်မလှုပ်သည့်အမူအယာပြသည်။ ပြတ်သားမှုကိုပြသည်။
When the judge asked her if she was guilty or not guilty, she squared her shoulders, looked the judge in the eye, and said, “Not guilty.”
တရားသူကြီးက သူ့အား အပြစ်ရှိမရှိမေးသည့်အခါ “အပြစ်မရှိပါ” ဟု တရားသူကြီးအား မျက်လုံးချင်းဆိုင်ကာ ပြတ်သားစွာဆိုလိုက်သည်။

12. square off ထိပ်တိုက်ရင်ဆိုင်သည်။ ရန်စောင်သည်။
The two men squared off.
လူနှစ်ယောက်ထိပ်တိုက်ရင်ဆိုင်ကြသည်။

13. squared away သပ်သပ်ရပ်ရပ်စီစဉ်သည်။
Is Ann squared away in her dorm room yet?
အန်း တစ်ယောက် သူ့အခန်းကိုရှင်းပြီးပြီလား။

14. square up ရန်ဖြစ်ဖို့အသင့်။
John was angry and ready for squaring up for a fight.
ဂျွန်ဟာ စိတ်ဆိုးလို့ ရန်ဖြစ်ဖို့ပြင်နေသည်။

15. on the square ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း
He has always dealt on the square.
သူအမြဲတမ်း ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းဆက်ဆံခဲ့တယ်။

ကျွန်တော်ရေးထားသမျှကိုဖတ်ချင်လျှင်ဒီမှာလေ့လာနိုင်ပါသည်။


ဇာနည်(MyWay)
Broken English to Spoken English
09 448 033 674

Views: 1719

Reply to This

Replies to This Discussion

Thank you so much.

Thanks you

^__________________^

Thank you very much. sir!

Thank  you  from the bottom of my heart.

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service