[Zawgyi]

“ရုပ္ေခ်ာသူေတြက အခြင့္အေရးပိုရ တတ္ၾကတယ္” ဆိုတဲ့ စကားကို ေတာ္ေတာ္မ်ားမ်ား လက္ခံထားၾက ပါတယ္။ အင္တာဗ်ဴး အမ်ားစု မွာလည္း “ရုပ္ရည္ေခ်ာေမာ ေျပျပစ္ရမည္” ဆိုတဲ့ အခ်က္က ပါ, ပါ လာတတ္ပါတယ္။ ဒီေတာ့ ရုပ္ရည္ဟာ ဘ၀မွာ ဘယ္ေလာက္ထိ အေရးပါေနပါသလဲ။

အေျဖကေတာ့ အနည္းငယ္ ရႈပ္ေထြးမႈ ရိွႏိုင္ပါတယ္။ ရုပ္ရည္ကို အဓိက အသံုးခ် ရတဲ့ “သရုပ္ေဆာင္” ၊ “ေမာ္ဒယ္” ၊ “အလွမယ္” တို႕ဆိုရင္ တစ္မ်ိဳး၊ အဲလို မဟုတ္တဲ့ တျခား နယ္ပယ္ေတြမွာဆို တစ္မ်ိဳးေပါ့။ ရုပ္ရည္ အဓိက လိုအပ္တဲ့ နယ္ပယ္ ေတြမွာေတာင္ ရုပ္ရည္အျပင္ ရိွသင့္ရိွထိုက္တဲ့ အျခားေသာ အရည္အခ်င္းေတြ ရိွေနမွ ေအာင္ျမင္မႈကို ရႏိုင္မွာပါ။ ေယဘုယ်အားျဖင့္ ရုပ္ရည္ေခ်ာေမာမႈဟာ အရမ္းၾကီး မလိုအပ္လွ ပါဘူး။ ဒါေပမယ့္ ၾကည့္ေကာင္း ရႈေကာင္း ျဖစ္ဖို႔ကေတာ့ လိုကို လိုအပ္ပါတယ္။ ဥပဓိရုပ္ မေကာင္းရင္ အခြင့္အလမ္း ေတာ္ေတာ္မ်ားမ်ား ပိတ္သြားမွာ အေသအခ်ာပါပဲ။ ဒီေတာ့ “personality” လို႔ေခၚတဲ့ “ဥပဓိရုပ္” ေကာင္းဖို႔ ဘယ္လုိလုပ္ရမလဲ။


နံပါတ္ (၁) စိတ္ထားခံယူခ်က္

ဥပဓိရုပ္ ေကာင္းေအာင္ အဖက္ဖက္က ၾကိဳးစားမယ္ ဆိုတဲ့ ခံယူခ်က္ ရိွဖို႔ လိုအပ္ပါတယ္။ အစားအေသာက္ကို ဂရုစိုက္။ လိုသေလာက္ပဲစား၊ ေကာင္းလို႔ ပိုမစားနဲ႔။ မေကာင္းတတ္လို႔လည္း မလိုပဲ မစားနဲ႔။ ဟင္းသီးဟင္းရြက္ မ်ားမ်ား စား။ တစ္ကိုယ္ေရး သန္႔ရွင္းေရးကိုလည္း ဂရုစိုက္။ ေလ့က်င့္ခန္းလည္း ပံုမွန္လုပ္။ gym သြားမွ ရမယ္ဆိုလည္း သြားေပါ့။ က်န္းမာၾကံ့ခိုင္ျပီး သန္႔ရွင္းသပ္ရပ္ေနတဲ့အခါ လူဟာ အလိုလို လန္းဆန္းတက္ၾကြ ျပီး အမ်ားအျမင္မွာ ၾကည့္ေကာင္း ေနမွာ ျဖစ္တယ္။


နံပါတ္ (၂) အသြင္အျပင္နဲ႔ အဆင္အယင္


မ်က္ႏွာ ရႊင္ရႊင္လန္းလန္းနဲ႔ အျပံဳးကိုလည္း အသက္ပါပါ ျပံဳးတတ္တဲ့ လူတစ္ေယာက္ဟာ ရုပ္ဘယ္ေလာက္ပဲ ဆိုးေနပါေစ၊ ဆြဲေဆာင္မႈ တစ္မ်ိဳး ရိွသြားပါတယ္။ အဲ ဟန္ေဆာင္ရံုတင္ မဟုတ္ဖို႔ေတာ့ လိုတာေပါ့ေနာ္။ အဲေတာ့ ကိုယ္နဲ႔ ဆက္ဆံရတဲ့ လူတိုင္းက “ဒီလူဟာ အျမဲတက္ၾကြရႊင္လန္းေနျပီး ကိုယ့္ကိုကိုယ္ ယံုၾကည္မႈ ရိွေနတာပဲ” လို႔ သိေနေအာင္ အျပင္ပန္း အသြင္အျပင္ကိုလည္း ဂရုစိုက္ဖုိ႔ လိုျပန္ပါတယ္။ အ၀တ္အစား၊ ဆံပင္ပံုစံနဲ႔ အျခားအသုံးအေဆာင္ေတြ အပါအ၀င္ ေပါ့။ ဖိနပ္ကစလို႔ ကိုယ္နဲ႔ လိုက္ဖက္မယ့္ဟာကို ေရြး၀တ္။ ေျခေထာက္ေတြ၊ လက္ေတြမွာလည္း ေခ်းေညွာ္ေတြ၊ ေျခသည္း လက္သည္းေတြ ကင္းျပီး သန္႔သန္႔ရွင္းရွင္း ျဖစ္ေနရမယ္။ သြားဆိုလည္း ခံတြင္းန႔ံကင္းျပီး ျဖဴစင္၀င္းပ ေနရမယ္။ မ်က္ႏွာကလည္း အဆီျပန္တာ၊ ၀က္ျခံေတြ ဆိုးဆိုး၀ါး၀ါး ရိွေနတာ၊ (ေယာက်္ားေလးမ်ား) ႏႈတ္ခမ္းေမႊး၊ မႈတ္ဆိတ္ေမြးေတြ ရႈပ္ပြေနတာမ်ိဳး မျဖစ္ေအာင္ သံုးသင့္တဲ့ အလွကုန္ ေတြသံုးတာမ်ိဳး၊ မတည့္တဲ့ အစားအေသာက္ေတြ ေရွာင္တာမ်ိဳး နဲ႔ ဂရုစိုက္ရမယ္။ ဆံပင္ကိုလည္း ကိုယ္နဲ႔ လိုက္မယ့္ ပံုစံတစ္ခုကို သတ္သတ္မွတ္မွတ္ထားျပီး ညွပ္၊ ျပီးတာနဲ႔ သံုးသင့္တဲ့ gel ၊ wax ၊ ေခါင္းလိမ္းဆီ၊ သံလြင္ဆီ စတာေတြကို သံုး။ အဲလို သံုးရမွာကို မႏွေျမာနဲ႔၊ မပ်င္းနဲ႔၊ မရွက္နဲ႔ (လုပ္ေနက် မဟုတ္ရင္ ရွက္တတ္ၾကလို႔ပါ)။ အသုံးအေဆာင္အေနနဲ႔ အဓိက ကေတာ့ မ်က္မွန္ေပါ့။ က်န္းမာေရးအတြက္လည္း လိုအပ္တယ္ေလ။ ေနာက္တစ္ခုက ဦးထုပ္လွလွေလးေတြ ေဆာင္း၊ ထီးေဆာင္းမယ္ဆိုလည္း ျပီးစလြယ္ ထီးကို မေဆာင္းဘဲ အဆင္ေျပ လိုက္ဖက္ တဲ့ဟာေလး ေရြးေဆာင္းေပါ့။


နံပါတ္ (၃) က စိတ္ထား။ ကူညီရိုင္းပင္းမႈ။ လူၾကီးလူေကာင္း ဆန္မႈ။

စိတ္ထားအေနနဲ႔ ပံုမွန္အားျဖင့္ ေကာင္းေနသလို ရိွေပမယ့္ ျပဳျပင္ရမယ့္ ေနရာေလးေတြ ရိွေနတတ္ၾကပါတယ္။ ဥပမာအားျဖင့္ သနားတတ္ဖို႔ လိုသလို မုဒိတာလည္း ပြားတတ္ ၾကရပါမယ္။ ဒါန၊ သီလ၊ ဘာ၀နာဆိုတဲ့ ဘုရားေဟာ တရားေတာ္ အတိုင္းပါပဲ။ လိုအပ္ေနသူေတြကို ေပးကမ္း ရက္ေရာဖို႔ အစဥ္သင့္ ျဖစ္ေနရမယ္။ ကိုယ္က်င့္တရား ေကာင္း ေအာင္ သီလေဆာက္တည္တာမ်ိဳးကို လုပ္ေပးရမယ္။ အဲတာမွ ကုိယ္တြင္းစင္ၾကယ္မႈကိုပါ ရမယ္။ ဘာ၀နာဆိုတာ ကေတာ့ ေလာေလာဆယ္အားျဖင့္ ေမတၱာပို႔တာေပါ့။ အၾကီးၾကီးေတြ မလုပ္ျဖစ္ရင္ေတာင္ နီးစပ္ရာ ပတ္၀န္းက်င္က လူေတြကို ေမတၱာစိတ္ေလးနဲ႔ ဆက္ဆံေပး။ ေဒါသထြက္မိ သြားရင္ေတာင္ အဲေဒါသစိတ္ေလးကို သိလုိက္တာနဲ႔ ေပ်ာက္သြားေအာင္ ၾကိဳးစား။ သူတို႔ အခ်င္းခ်င္းလည္း ေမတၱာထားႏုိင္ၾကပါေစ လို႔ စိတ္ထဲမွာ ေတြးေတြးေပးေပါ့။ ေမတၱာပြားတဲ့သူ ကိုေတာ့ လူေရာ၊ နတ္ေရာ၊ တိရစၦာန္ေရာ အကုန္ ခ်စ္ၾက၊ ၾကည္ညိဳၾကတာပဲ။

ကူညီရိုင္းပင္းမႈ ကလည္း အေရးၾကီးတယ္။ ဘတ္စ္ကားေပၚမွာ အထုပ္ဆြဲေပးတာ၊ ေနရာဖယ္ေပးသင့္ ဖယ္ေပးတာ၊ သက္ၾကီးရြယ္အိုေတြ၊ မသန္စြမ္း သူေတြကို လမ္းကူးေပးတာ၊ ကုိယ့္ပတ္၀န္းက်င္က အကူအညီလိုေနသူေတြကို ရပ္ၾကည့္ စဥ္းစား တံု႔ေႏွးမေနဘဲ ကူညီ ေပးတာ၊ ေရာက္တဲ့ေနရာမွာ အဖြဲ႔အစည္းစိတ္ဓာတ္၊ ပရဟိတ စိတ္ဓာတ္နဲ႔ ၀ိုင္း၀န္း ကူညီ လုပ္ကိုင္ေပးတာ စသျဖင့္ေပါ့။ လူၾကီးလူေကာင္း ဆန္မႈဆိုတာကေတာ့ တာ၀န္ယူတတ္မႈ၊ စြန္႔လႊတ္အနစ္နာ ခံသင့္တဲ့ ကိစၥေတြမွာ အနစ္နာခံႏိုင္မႈ၊ ကတိတည္မႈ၊ ရိုးသားမႈ၊ အမွန္တရားဖက္ကေန ရဲရဲရင့္ရင့္ ျပတ္ျပတ္သားသား ရပ္တည္ႏိုင္မႈ၊ ဒါေတြနဲ႔ ဆိုင္ပါတယ္။ ကတိလြယ္လြယ္မေပးနဲ႔၊ ေပးျပီးရင္ တည္ပါေစ။ အမွား၊ အျပစ္ေတြအတြက္ သူမ်ားကို တစ္စြန္းတစ္စေလးေတာင္ လႊဲမခ်နဲ႔။ တာ၀န္အျပည့္ယူ။ ဘာပဲလုပ္လုပ္ ရိုးသားဖို႔ ၾကိဳးစား။


နံပါတ္ (၄) သူမ်ားေလးစားဖို႔ထက္ ကိုယ့္ကိုကိုုယ္ ေလးစားေအာင္ေန

ဒီအခ်က္က နံပါတ္ (၃) က အခ်က္ေတြထဲကမွ အထူးျပဳထားတာပါ။ လွွဴတာတန္းတာ၊ ကူညီတာေတြကို လူအထင္ၾကီးေအာင္ ဆိုတဲ့ စိတ္နဲ႔ မလုပ္မိပါေစနဲ႔။ နတ္သုဒၵါ စားရမယ့္ ကိစၥမွာ မစင္ပဲ စားမယ္ဆိုျပီး ေပ်ာ္ေနတတ္တဲ့ ၀က္ေတြနဲ႔ တူသြားပါလိမ့္မယ္။ လူေတြနဲ႔ ဆက္ဆံတာက အစ စိတ္ထဲကပါေအာင္ လုပ္ပါ။ ဟန္ေဆာင္ျပီး ခ်ီးက်ဴးျပ၊ ခင္မင္ျပေနတာေတြဟာ ေရရွည္ေလွ်ာက္လမ္း ရမယ့္ ဘ၀မွာ ကိုယ့္ေသတြင္းကိုယ္တူးမိသလို ျဖစ္သြားတတ္ပါတယ္။ အေပၚယံပါကြာ ဆိုတဲ့ နာမည္ဆိုး မရခ်င္ရင္ ဟန္ေဆာင္တာကို အသံုးေလွ်ာ့ဖို႔ လိုအပ္ပါတယ္။ ဟန္ေဆာင္ပန္ေဆာင္ အာလုပ္စကားေတြ ေလွ်ာက္ေျပာတာ၊ လူေရွ႕သူေရွ႕မွာ အလုပ္ေတြ လုပ္ျပတာ၊ ေတာ္ေၾကာင္းတတ္ေၾကာင္း တိုက္ရုိက္ ျဖစ္ေစ၊ အရိပ္အေယာင္ျပလို႔ ျဖစ္ေစ ၾကြား၀ါတာ ေတြဟာ စဥ္းစားၾကည့္ရင္ အေတာ္ေလး အႏွစ္မရိွ၊ ရွက္ဖို႔ေကာင္းတဲ့ လုပ္ရပ္ေတြပါ။ ကိုယ္လုပ္စရာရိွတာကို အေကာင္းဆံုး လုပ္ျပီး ကိုယ့္လိပ္ျပာကိုယ္လံုရင္ ျပီးတာပဲေလ။ အခု ေရးေနတဲ့ “ဥပဓိရုပ္ေကာင္းေရး” ေဆာင္းပါး ဆိုတာလည္း သူမ်ားအျမင္မွာ ေကာင္းဖို႔ ဟန္ေဆာင္လုပ္ဖို႔ တိုက္တြန္းတာမ်ိဳး မဟုတ္ဘဲ ဒီလိုေတြ လုပ္ရင္ အလိုလိုကို သူမ်ားအျမင္မွာ ဥပဓိရုပ္ ေကာင္းလာမွာ ဆိုတဲ့ အခ်က္ကို ခ်ျပ ေနတာ ျဖစ္ပါတယ္။ လူေတြအေၾကာင္းကို နားလည္ထားရင္ ခုေျပာေနတဲ့ အခ်က္က ပိုထင္ရွားလာပါတယ္။ အဲတာကို နံပါတ္ (၅) မွာ ၾကည့္ပါ။

  

နံပါတ္ (၅) လူေတြရဲ့ သေဘာထား။

လူေတြက အေျပာ၊ အလုပ္၊ အထင္အျမင္၊ ဆံုးျဖတ္ခ်က္ စတာေတြကို ေသေသခ်ာခ်ာ မစဥ္းစားဘဲ ခ်မွတ္ၾကေလ့ ရိွပါတယ္။ ျပီးသြားရင္လည္း စိတ္ထဲမွာ သိပ္မထားတတ္ၾကပါဘူး။ လူ (၁၀၀) မွာ (၉၉) ေယာက္ကလည္း ကိုယ့္ဘ၀ကို တစ္ခုမဟုတ္ တစ္ခု မေက်မနပ္ ျဖစ္ေနၾကသူေတြ ခ်ည္းပါပဲ။ ျပီးေတာ့ လူေတြဆိုတာ အမ်ားလုပ္တာပဲ လုိက္လုပ္ခ်င္ၾက၊ လိုက္လုပ္တတ္ၾကတာမ်ိဳး။ ဒါထံုးစံပါ။ ဒီစိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ပဲ့ကိုင္ႏိုင္တဲ့သူဟာ သူမ်ားနဲ႔ မတူတဲ့သူ ျဖစ္မွာပါပဲ။ ကိုယ့္ကိုကိုယ္ မေက်မနပ္၊ မယံုမၾကည္ ျဖစ္ေနသူေတြရဲ့ အားက်မႈ၊ ယံုၾကည္မႈ ေတြကို ခံရမွာပါပဲ။

ကိုယ့္ကိုကိုယ္ေတာင္ မယံုၾကည္တဲ့သူကိုေတာ့ ဘယ္သူကမ်ား ထူးျပီး ယံုၾကည္ပါ့မလဲ။ ေနာက္တစ္ခုကေတာ့ သူတို႔ဟာ ယံုၾကည္တာ၊ ေလးစားတာ၊ အားကိုးတာ၊ ခ်စ္တာနဲ႔ ၾကိဳက္တာေတြကို တစ္ကန္႔စီ ခြဲထားတတ္ၾကပါတယ္။ ေ၀ဖန္မယ္၊ ကဲ့ရဲ့မယ္၊ ခ်ီးက်ဴးမယ္၊ အထင္ေသးမယ္၊ အထင္ၾကီးမယ္ ဆိုတာေတြကလည္း သူတို႔ ပံုမွန္ အလုပ္တစ္ခုပါပဲ။ ဂရုစိုက္ခံခ်င္ တာ ကလည္း သူတို႔ရဲ့ ပံုမွန္စရိုက္ တစ္ခုပါပဲ။ အဲေတာ့ သူတို႔ အေျပာ၊ အထင္အျမင္ ဒါေတြကို သိပ္ခံစားမေနပါနဲ႔။ အေပၚယံစိတ္နဲ႔ ေျပာလိုက္ၾကတာ မ်ားတာကိုး။ ဒီေတာ့ “ကိုယ့္ရုပ္ရည္နဲ႔ ပတ္သက္တဲ့” ေ၀ဖန္မႈ တစ္ခုကို ၾကံဳရတဲ့အခါ သူတို႔စခ်င္ေနာက္ခ်င္လို႔၊ စကားမရိွ စကားရွာလို႔ ေျပာတာ၊ ဒါမွမဟုတ္ လူ႔စရုိက္အရ ေပါ့ေပါ့ေလး ေျပာလိုက္တာလို႔ပဲ မွတ္ယူပါ။ တကယ္တမ္း လူေတြ ေလးေလးနက္နက္ ခံစားၾကတာဟာ သူတို႔အေပၚ ဂရုစိုက္မႈ၊ ၾကင္နာမႈ၊ သူတို႔ ေလးစား အားက် ေလာက္ဖြယ္ အရည္အခ်င္း ရိွမႈ၊ သူတို႔ လိုအပ္ေနတဲ့ အရာေတြကို ျဖည့္ဆည္းေပးႏုိင္မႈ စတာေတြ အေပၚမွာသာ ျဖစ္ပါတယ္။ ကမၻာ့ထိပ္တန္းေခါင္းေဆာင္ေတြကို ၾကည့္မလား၊ နယ္ပယ္ အသီးသီးက ေအာင္ျမင္ေနသူေတြကို ၾကည့္မလား။ ဒီအခ်က္က ရွင္းေနပါတယ္။

အႏွစ္ခ်ဳပ္အေနနဲ႔ကေတာ့ “ဥပဓိရုပ္” ေကာင္းလာရမယ္ဆိုတဲ့ ယံူၾကည္ခ်က္နဲ႔ စိတ္ထားကို ထည့္။ ေသခ်ာ ဂရုစိုက္၊ သတိထားျပီး ၾကိဳးစား၊ စိတ္ထားေကာင္းေအာင္ေန၊ ကိုယ့္ကိုကိုယ္ ၾကည္ညိဳေလးစားႏိုင္သူ တစ္ေယာက္ ျဖစ္ေအာင္ က်င့္ၾကံ၊ ဟန္မေဆာင္နဲ႔၊ မၾကြား၀ါနဲ႔၊ အလုပ္မျပနဲ႔။ အဲဒါကိုမွ ကဲ့ရဲ့တဲ့၊ ရႈံ႕ခ်တဲ့ အေျပာအဆိုေတြ၊ အထင္အျမင္ ေတြ ရိွေနေသးရင္ အေပၚယံေတြလို႔မွတ္။ ျပီးေတာ့ ဒါ ကိုယ္တစ္ေယာက္တည္း ျဖစ္ေနတဲ့ ကိစၥမဟုတ္ဘူး။ လူတိုင္းဟာ အေ၀ဖန္ခံ၊ အကဲ့ရဲ့ခံေနၾကရတယ္ဆိုတာ သတိရပါ။ နီးစပ္ရာ လူေတြကို စိတ္ထားမွန္မွန္ကန္ကန္နဲ႔ ဂရုတစိုက္ ဆက္ဆံ၊ လိုအပ္ေနတဲ့ အကူအညီမွန္သမွ် ေပးႏုိင္ေအာင္ ၾကိဳးစား။ ဒီလိုဆို သင္ဟာ “ဥပဓိရုပ္” ေကာင္းလာျပီး အခြင့္အေရးေတြ ပိုရလာမွာ ျဖစ္သလို ဘ၀မွာ ဂုဏ္သိကၡာအရိွဆံုး ေနနည္းတစ္မ်ိဳးနဲ႔ ေနသြားႏုိင္မွာ အေသအခ်ာပါပဲ။

 

၁၇.၁.၂၀၁၆
ဇင္ေယာ္

 

[Unicode]


“ရုပ်ချောသူတွေက အခွင့်အရေးပိုရ တတ်ကြတယ်” ဆိုတဲ့ စကားကို တော်တော်များများ လက်ခံထားကြ ပါတယ်။ အင်တာဗျူး အများစု မှာလည်း “ရုပ်ရည်ချောမော ပြေပြစ်ရမည်” ဆိုတဲ့ အချက်က ပါ, ပါ လာတတ်ပါတယ်။ ဒီတော့ ရုပ်ရည်ဟာ ဘဝမှာ ဘယ်လောက်ထိ အရေးပါနေပါသလဲ။


အဖြေကတော့ အနည်းငယ် ရှုပ်ထွေးမှု ရှိနိုင်ပါတယ်။ ရုပ်ရည်ကို အဓိက အသုံးချ ရတဲ့ “သရုပ်ဆောင်” ၊ “မော်ဒယ်” ၊ “အလှမယ်” တို့ဆိုရင် တစ်မျိုး၊ အဲလို မဟုတ်တဲ့ တခြား နယ်ပယ်တွေမှာဆို တစ်မျိုးပေါ့။ ရုပ်ရည် အဓိက လိုအပ်တဲ့ နယ်ပယ် တွေမှာတောင် ရုပ်ရည်အပြင် ရှိသင့်ရှိထိုက်တဲ့ အခြားသော အရည်အချင်းတွေ ရှိနေမှ အောင်မြင်မှုကို ရနိုင်မှာပါ။ ယေဘုယျအားဖြင့် ရုပ်ရည်ချောမောမှုဟာ အရမ်းကြီး မလိုအပ်လှ ပါဘူး။ ဒါပေမယ့် ကြည့်ကောင်း ရှုကောင်း ဖြစ်ဖို့ကတော့ လိုကို လိုအပ်ပါတယ်။ ဥပဓိရုပ် မကောင်းရင် အခွင့်အလမ်း တော်တော်များများ ပိတ်သွားမှာ အသေအချာပါပဲ။ ဒီတော့ “personality” လို့ခေါ်တဲ့ “ဥပဓိရုပ်” ကောင်းဖို့ ဘယ်လိုလုပ်ရမလဲ။


နံပါတ် (၁) စိတ်ထားခံယူချက်


ဥပဓိရုပ် ကောင်းအောင် အဖက်ဖက်က ကြိုးစားမယ် ဆိုတဲ့ ခံယူချက် ရှိဖို့ လိုအပ်ပါတယ်။ အစားအသောက်ကို ဂရုစိုက်။ လိုသလောက်ပဲစား၊ ကောင်းလို့ ပိုမစားနဲ့။ မကောင်းတတ်လို့လည်း မလိုပဲ မစားနဲ့။ ဟင်းသီးဟင်းရွက် များများ စား။ တစ်ကိုယ်ရေး သန့်ရှင်းရေးကိုလည်း ဂရုစိုက်။ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်။ gym သွားမှ ရမယ်ဆိုလည်း သွားပေါ့။ ကျန်းမာကြံ့ခိုင်ပြီး သန့်ရှင်းသပ်ရပ်နေတဲ့အခါ လူဟာ အလိုလို လန်းဆန်းတက်ကြွ ပြီး အများအမြင်မှာ ကြည့်ကောင်း နေမှာ ဖြစ်တယ်။


နံပါတ် (၂) အသွင်အပြင်နဲ့ အဆင်အယင်


မျက်နှာ ရွှင်ရွှင်လန်းလန်းနဲ့ အပြုံးကိုလည်း အသက်ပါပါ ပြံုးတတ်တဲ့ လူတစ်ယောက်ဟာ ရုပ်ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ဆွဲဆောင်မှု တစ်မျိုး ရှိသွားပါတယ်။ အဲ ဟန်ဆောင်ရုံတင် မဟုတ်ဖို့တော့ လိုတာပေါ့နော်။ အဲတော့ ကိုယ်နဲ့ ဆက်ဆံရတဲ့ လူတိုင်းက “ဒီလူဟာ အမြဲတက်ကြွရွှင်လန်းနေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေတာပဲ” လို့ သိနေအောင် အပြင်ပန်း အသွင်အပြင်ကိုလည်း ဂရုစိုက်ဖို့ လိုပြန်ပါတယ်။ အဝတ်အစား၊ ဆံပင်ပုံစံနဲ့ အခြားအသုံးအဆောင်တွေ အပါအဝင် ပေါ့။ ဖိနပ်ကစလို့ ကိုယ်နဲ့ လိုက်ဖက်မယ့်ဟာကို ရွေးဝတ်။ ခြေထောက်တွေ၊ လက်တွေမှာလည်း ချေးညှော်တွေ၊ ခြေသည်း လက်သည်းတွေ ကင်းပြီး သန့်သန့်ရှင်းရှင်း ဖြစ်နေရမယ်။ သွားဆိုလည်း ခံတွင်းန့ံကင်းပြီး ဖြူစင်ဝင်းပ နေရမယ်။ မျက်နှာကလည်း အဆီပြန်တာ၊ ၀က်ခြံတွေ ဆိုးဆိုးဝါးဝါး ရှိနေတာ၊ (ယောကျ်ားလေးများ) နှုတ်ခမ်းမွှေး၊ မှုတ်ဆိတ်မွေးတွေ ရှုပ်ပွနေတာမျိုး မဖြစ်အောင် သုံးသင့်တဲ့ အလှကုန် တွေသုံးတာမျိုး၊ မတည့်တဲ့ အစားအသောက်တွေ ရှောင်တာမျိုး နဲ့ ဂရုစိုက်ရမယ်။ ဆံပင်ကိုလည်း ကိုယ်နဲ့ လိုက်မယ့် ပုံစံတစ်ခုကို သတ်သတ်မှတ်မှတ်ထားပြီး ညှပ်၊ ပြီးတာနဲ့ သုံးသင့်တဲ့ gel ၊ wax ၊ ခေါင်းလိမ်းဆီ၊ သံလွင်ဆီ စတာတွေကို သုံး။ အဲလို သုံးရမှာကို မနှမြောနဲ့၊ မပျင်းနဲ့၊ မရှက်နဲ့ (လုပ်နေကျ မဟုတ်ရင် ရှက်တတ်ကြလို့ပါ)။ အသုံးအဆောင်အနေနဲ့ အဓိက ကတော့ မျက်မှန်ပေါ့။ ကျန်းမာရေးအတွက်လည်း လိုအပ်တယ်လေ။ နောက်တစ်ခုက ဦးထုပ်လှလှလေးတွေ ဆောင်း၊ ထီးဆောင်းမယ်ဆိုလည်း ပြီးစလွယ် ထီးကို မဆောင်းဘဲ အဆင်ပြေ လိုက်ဖက် တဲ့ဟာလေး ရွေးဆောင်းပေါ့။


နံပါတ် (၃) က စိတ်ထား။ ကူညီရိုင်းပင်းမှု။ လူကြီးလူကောင်း ဆန်မှု။


စိတ်ထားအနေနဲ့ ပုံမှန်အားဖြင့် ကောင်းနေသလို ရှိပေမယ့် ပြုပြင်ရမယ့် နေရာလေးတွေ ရှိနေတတ်ကြပါတယ်။ ဥပမာအားဖြင့် သနားတတ်ဖို့ လိုသလို မုဒိတာလည်း ပွားတတ် ကြရပါမယ်။ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ဘုရားဟော တရားတော် အတိုင်းပါပဲ။ လိုအပ်နေသူတွေကို ပေးကမ်း ရက်ရောဖို့ အစဉ်သင့် ဖြစ်နေရမယ်။ ကိုယ်ကျင့်တရား ကောင်း အောင် သီလဆောက်တည်တာမျိုးကို လုပ်ပေးရမယ်။ အဲတာမှ ကိုယ်တွင်းစင်ကြယ်မှုကိုပါ ရမယ်။ ဘာဝနာဆိုတာ ကတော့ လောလောဆယ်အားဖြင့် မေတ္တာပို့တာပေါ့။ အကြီးကြီးတွေ မလုပ်ဖြစ်ရင်တောင် နီးစပ်ရာ ပတ်ဝန်းကျင်က လူတွေကို မေတ္တာစိတ်လေးနဲ့ ဆက်ဆံပေး။ ဒေါသထွက်မိ သွားရင်တောင် အဲဒေါသစိတ်လေးကို သိလိုက်တာနဲ့ ပျောက်သွားအောင် ကြိုးစား။ သူတို့ အချင်းချင်းလည်း မေတ္တာထားနိုင်ကြပါစေ လို့ စိတ်ထဲမှာ တွေးတွေးပေးပေါ့။ မေတ္တာပွားတဲ့သူ ကိုတော့ လူရော၊ နတ်ရော၊ တိရစ္ဆာန်ရော အကုန် ချစ်ကြ၊ ကြည်ညိုကြတာပဲ။

ကူညီရိုင်းပင်းမှု ကလည်း အရေးကြီးတယ်။ ဘတ်စ်ကားပေါ်မှာ အထုပ်ဆွဲပေးတာ၊ နေရာဖယ်ပေးသင့် ဖယ်ပေးတာ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်း သူတွေကို လမ်းကူးပေးတာ၊ ကိုယ့်ပတ်ဝန်းကျင်က အကူအညီလိုနေသူတွေကို ရပ်ကြည့် စဉ်းစား တုံ့နှေးမနေဘဲ ကူညီ ပေးတာ၊ ရောက်တဲ့နေရာမှာ အဖွဲ့အစည်းစိတ်ဓာတ်၊ ပရဟိတ စိတ်ဓာတ်နဲ့ ၀ိုင်းဝန်း ကူညီ လုပ်ကိုင်ပေးတာ စသဖြင့်ပေါ့။ လူကြီးလူကောင်း ဆန်မှုဆိုတာကတော့ တာဝန်ယူတတ်မှု၊ စွန့်လွှတ်အနစ်နာ ခံသင့်တဲ့ ကိစ္စတွေမှာ အနစ်နာခံနိုင်မှု၊ ကတိတည်မှု၊ ရိုးသားမှု၊ အမှန်တရားဖက်ကနေ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရပ်တည်နိုင်မှု၊ ဒါတွေနဲ့ ဆိုင်ပါတယ်။ ကတိလွယ်လွယ်မပေးနဲ့၊ ပေးပြီးရင် တည်ပါစေ။ အမှား၊ အပြစ်တွေအတွက် သူများကို တစ်စွန်းတစ်စလေးတောင် လွှဲမချနဲ့။ တာဝန်အပြည့်ယူ။ ဘာပဲလုပ်လုပ် ရိုးသားဖို့ ကြိုးစား။


နံပါတ် (၄) သူများလေးစားဖို့ထက် ကိုယ့်ကိုကိုုယ် လေးစားအောင်နေ


ဒီအချက်က နံပါတ် (၃) က အချက်တွေထဲကမှ အထူးပြုထားတာပါ။ လှှူတာတန်းတာ၊ ကူညီတာတွေကို လူအထင်ကြီးအောင် ဆိုတဲ့ စိတ်နဲ့ မလုပ်မိပါစေနဲ့။ နတ်သုဒ္ဒါ စားရမယ့် ကိစ္စမှာ မစင်ပဲ စားမယ်ဆိုပြီး ပျော်နေတတ်တဲ့ ၀က်တွေနဲ့ တူသွားပါလိမ့်မယ်။ လူတွေနဲ့ ဆက်ဆံတာက အစ စိတ်ထဲကပါအောင် လုပ်ပါ။ ဟန်ဆောင်ပြီး ချီးကျူးပြ၊ ခင်မင်ပြနေတာတွေဟာ ရေရှည်လျှောက်လမ်း ရမယ့် ဘဝမှာ ကိုယ့်သေတွင်းကိုယ်တူးမိသလို ဖြစ်သွားတတ်ပါတယ်။ အပေါ်ယံပါကွာ ဆိုတဲ့ နာမည်ဆိုး မရချင်ရင် ဟန်ဆောင်တာကို အသုံးလျှော့ဖို့ လိုအပ်ပါတယ်။ ဟန်ဆောင်ပန်ဆောင် အာလုပ်စကားတွေ လျှောက်ပြောတာ၊ လူရှေ့သူရှေ့မှာ အလုပ်တွေ လုပ်ပြတာ၊ တော်ကြောင်းတတ်ကြောင်း တိုက်ရိုက် ဖြစ်စေ၊ အရိပ်အယောင်ပြလို့ ဖြစ်စေ ကြွားဝါတာ တွေဟာ စဉ်းစားကြည့်ရင် အတော်လေး အနှစ်မရှိ၊ ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တွေပါ။ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံး လုပ်ပြီး ကိုယ့်လိပ်ပြာကိုယ်လုံရင် ပြီးတာပဲလေ။ အခု ရေးနေတဲ့ “ဥပဓိရုပ်ကောင်းရေး” ဆောင်းပါး ဆိုတာလည်း သူများအမြင်မှာ ကောင်းဖို့ ဟန်ဆောင်လုပ်ဖို့ တိုက်တွန်းတာမျိုး မဟုတ်ဘဲ ဒီလိုတွေ လုပ်ရင် အလိုလိုကို သူများအမြင်မှာ ဥပဓိရုပ် ကောင်းလာမှာ ဆိုတဲ့ အချက်ကို ချပြ နေတာ ဖြစ်ပါတယ်။ လူတွေအကြောင်းကို နားလည်ထားရင် ခုပြောနေတဲ့ အချက်က ပိုထင်ရှားလာပါတယ်။ အဲတာကို နံပါတ် (၅) မှာ ကြည့်ပါ။

  

နံပါတ် (၅) လူတွေရဲ့ သဘောထား။


လူတွေက အပြော၊ အလုပ်၊ အထင်အမြင်၊ ဆုံးဖြတ်ချက် စတာတွေကို သေသေချာချာ မစဉ်းစားဘဲ ချမှတ်ကြလေ့ ရှိပါတယ်။ ပြီးသွားရင်လည်း စိတ်ထဲမှာ သိပ်မထားတတ်ကြပါဘူး။ လူ (၁၀၀) မှာ (၉၉) ယောက်ကလည်း ကိုယ့်ဘဝကို တစ်ခုမဟုတ် တစ်ခု မကျေမနပ် ဖြစ်နေကြသူတွေ ချည်းပါပဲ။ ပြီးတော့ လူတွေဆိုတာ အများလုပ်တာပဲ လိုက်လုပ်ချင်ကြ၊ လိုက်လုပ်တတ်ကြတာမျိုး။ ဒါထုံးစံပါ။ ဒီစိတ်ခံစားချက်တွေကို ထိန်းချုပ်ပဲ့ကိုင်နိုင်တဲ့သူဟာ သူများနဲ့ မတူတဲ့သူ ဖြစ်မှာပါပဲ။ ကိုယ့်ကိုကိုယ် မကျေမနပ်၊ မယုံမကြည် ဖြစ်နေသူတွေရဲ့ အားကျမှု၊ ယုံကြည်မှု တွေကို ခံရမှာပါပဲ။

ကိုယ့်ကိုကိုယ်တောင် မယုံကြည်တဲ့သူကိုတော့ ဘယ်သူကများ ထူးပြီး ယုံကြည်ပါ့မလဲ။ နောက်တစ်ခုကတော့ သူတို့ဟာ ယုံကြည်တာ၊ လေးစားတာ၊ အားကိုးတာ၊ ချစ်တာနဲ့ ကြိုက်တာတွေကို တစ်ကန့်စီ ခွဲထားတတ်ကြပါတယ်။ ဝေဖန်မယ်၊ ကဲ့ရဲ့မယ်၊ ချီးကျူးမယ်၊ အထင်သေးမယ်၊ အထင်ကြီးမယ် ဆိုတာတွေကလည်း သူတို့ ပုံမှန် အလုပ်တစ်ခုပါပဲ။ ဂရုစိုက်ခံချင် တာ ကလည်း သူတို့ရဲ့ ပုံမှန်စရိုက် တစ်ခုပါပဲ။ အဲတော့ သူတို့ အပြော၊ အထင်အမြင် ဒါတွေကို သိပ်ခံစားမနေပါနဲ့။ အပေါ်ယံစိတ်နဲ့ ပြောလိုက်ကြတာ များတာကိုး။ ဒီတော့ “ကိုယ့်ရုပ်ရည်နဲ့ ပတ်သက်တဲ့” ဝေဖန်မှု တစ်ခုကို ကြံုရတဲ့အခါ သူတို့စချင်နောက်ချင်လို့၊ စကားမရှိ စကားရှာလို့ ပြောတာ၊ ဒါမှမဟုတ် လူ့စရိုက်အရ ပေါ့ပေါ့လေး ပြောလိုက်တာလို့ပဲ မှတ်ယူပါ။ တကယ်တမ်း လူတွေ လေးလေးနက်နက် ခံစားကြတာဟာ သူတို့အပေါ် ဂရုစိုက်မှု၊ ကြင်နာမှု၊ သူတို့ လေးစား အားကျ လောက်ဖွယ် အရည်အချင်း ရှိမှု၊ သူတို့ လိုအပ်နေတဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်မှု စတာတွေ အပေါ်မှာသာ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေကို ကြည့်မလား၊ နယ်ပယ် အသီးသီးက အောင်မြင်နေသူတွေကို ကြည့်မလား။ ဒီအချက်က ရှင်းနေပါတယ်။


အနှစ်ချုပ်အနေနဲ့ကတော့ “ဥပဓိရုပ်” ကောင်းလာရမယ်ဆိုတဲ့ ယူံကြည်ချက်နဲ့ စိတ်ထားကို ထည့်။ သေချာ ဂရုစိုက်၊ သတိထားပြီး ကြိုးစား၊ စိတ်ထားကောင်းအောင်နေ၊ ကိုယ့်ကိုကိုယ် ကြည်ညိုလေးစားနိုင်သူ တစ်ယောက် ဖြစ်အောင် ကျင့်ကြံ၊ ဟန်မဆောင်နဲ့၊ မကြွားဝါနဲ့၊ အလုပ်မပြနဲ့။ အဲဒါကိုမှ ကဲ့ရဲ့တဲ့၊ ရှုံ့ချတဲ့ အပြောအဆိုတွေ၊ အထင်အမြင် တွေ ရှိနေသေးရင် အပေါ်ယံတွေလို့မှတ်။ ပြီးတော့ ဒါ ကိုယ်တစ်ယောက်တည်း ဖြစ်နေတဲ့ ကိစ္စမဟုတ်ဘူး။ လူတိုင်းဟာ အဝေဖန်ခံ၊ အကဲ့ရဲ့ခံနေကြရတယ်ဆိုတာ သတိရပါ။ နီးစပ်ရာ လူတွေကို စိတ်ထားမှန်မှန်ကန်ကန်နဲ့ ဂရုတစိုက် ဆက်ဆံ၊ လိုအပ်နေတဲ့ အကူအညီမှန်သမျှ ပေးနိုင်အောင် ကြိုးစား။ ဒီလိုဆို သင်ဟာ “ဥပဓိရုပ်” ကောင်းလာပြီး အခွင့်အရေးတွေ ပိုရလာမှာ ဖြစ်သလို ဘဝမှာ ဂုဏ်သိက္ခာအရှိဆုံး နေနည်းတစ်မျိုးနဲ့ နေသွားနိုင်မှာ အသေအချာပါပဲ။

 

၁၇.၁.၂၀၁၆
ဇင်ယော်

အျခားသင္ခန္းစာမ်ား ဖတ္႐ႈ ေလ့လာရန္ link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင္းဝင္ထားျခင္းျဖင့္ ရရွိမည့္ အက်ိဳးေက်းဇူးမ်ား ]

- အဂၤလိပ္စာသင္ခန္းစာႏွင့္ အလုပ္ေခၚစာအသစ္မ်ား၊ UK စာေမးပြဲ သတင္းမ်ား ႏွင့္ အဂၤလိပ္စာသင္တန္း သတင္းမ်ားကို အသင္းဝင္မ်ားထံသာလွ်င္ e-mail ျဖင့္ အေၾကာင္းၾကားေပးမွာ ျဖစ္ပါသည္။
- ျဗိတိသွ်ေကာင္စီမွ ၾကီးမႉးက်င္းပေသာ ပြဲမ်ားကို အသင္းဝင္မ်ားသာ ၾကိဳတင္သိရွိျပီး အသင္းဝင္မဟုတ္သူမ်ားထက္ေစာ၍ စာရင္းေပးသြင္းႏိုင္ပါသည္။
- Myanmar Network ဝက္ဆိုက္ဒ္တြင္ အသင္းဝင္မ်ားသာလွ်င္ like ႏွင့္ comment ေပးႏိုင္မည္ျဖစ္သည္။
- စကားဝိုင္းမ်ား (Forum မ်ားတြင္)ႏွင့္ အလုပ္ေခၚစာမ်ားကိုလည္း ကိုယ္တိုင္ဝင္ေရာက္ေရးသားႏိုင္ပါသည္။
- အသင္းဝင္မ်ားတြင္ ကိုယ္ပိုင္ Profile Page ရွိမည္ျဖစ္ျပီး မိမိ၏ ဓာတ္ပံု၊ မိမိကိုယ္တိုင္႐ိုက္ထားေသာ ဓာတ္ပံုမ်ားႏွင့္ ဗီဒီယိုမ်ားလည္း တင္ႏိုင္မည္ ျဖစ္သည္။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 5545

Reply to This

Replies to This Discussion

thanks
ေက်းဇူးအမ်ားႀကီးတင္ပါတယ္

ဗဟုသုတ ရေစပါတယ္။ အဖြဲ၀င္တစ္ေယာက္ျဖစ္ရတဲ႕ ၀မ္းသာဂုဏ္ယူမိပါတယ္

good

ေက်းဇူးတင္ပါတယ္။
ျကိုက္သြားပီး:-)
Thank you
Thank you

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service