ကိုယ့္အေၾကာင္းကို ကိုယ္ဘယ္လိုေျပာမလဲ

[Zawgyi]

အလုပ္ခြင္မွာ၊ ေက်ာင္းမွာ၊ ေဈးထဲမွာ၊ ပါတီမွာ၊ ဟုိမွာဒီမွာစတဲ့ လူမႈ အသိုင္းအဝိုင္း ပတ္ဝန္းက်င္မွာ သင္ဟာ တစ္ခါတစ္ေလဘဲ ျဖစ္ေစ၊ မၾကာခဏဘဲျဖစ္ေစ ကိုယ့္ကုိယ္ကို မိတ္ဆက္ရင္း ကိုယ့္အေၾကာင္းကို ေျပာရတာမ်ိဳး ၾကံဳဖူးမွာ ေသခ်ာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူသားေတြ ျဖစ္တဲ့အေလ်ာက္္ အလုပ္သေဘာျဖစ္ေစ၊ ခရီးသြားဟန္လြဲျဖစ္ေစ အျခားသူေတြနဲ႔ မိတ္ဖဲဲြဲ႕ျပီးကိုယ့္ရဲ့ မိတ္ေဆြအသိုင္းအဝိုင္းကို က်ယ္ျပန္႔ေအာင္ လုပ္ၾကရပါတယ္။ အေျခအေနအေပၚ မူတည္ျပီးေတာ့လည္း ကုိယ့္အေၾကာင္းကုိ ေျပာတဲ့အခါ သာသာထိုးထိုးေလးေျပာရတာမ်ိဳး (ဥပမာအလုပ္အင္တာဗ်ဴးမွာ) ရွိသလို သုိသုိဝွက္ဝွက္ေလး (ဥပမာ အခြန္ဦးစီးအရာရွိနဲ႔ စကားေျပာတဲ့ အခါမ်ိဳး) ေျပာရတာလည္း ရွိပါတယ္။ ဒါေတြကေတာ့ ကိုယ့္ျမန္မာစကားနဲ႔ ေျပာရဆုိရတာ ျဖစ္တာမို႔ သိပ္မခက္ေလာက္ပါဘူးေနာ္။ 


ဒါေပမဲ့ ကိုယ့္အေၾကာင္းကို အဂၤလိပ္လို ေျပာရရင္ေကာ ဘယ့္္နဲ႔ရွိမလဲ။ ဟုက္ကဲ့၊ ကုိယ့္ျမန္မာစကားနဲ႔ ေျပာရတာ လြယ္တဲ့အေၾကာင္းအရာကို အဂၤလိပ္လို ေျပာရတ့ဲအခါ အခက္အခဲေတြ ျဖစ္တတ္ပါတယ္။ တစ္ကယ္ေတာ့ အဂၤလိပ္စာသင္တဲ့အခါ စာသင္ခန္းေတြမွာ အထူးသျဖင့္ ပထမဆံုး စတက္တဲ့ေန႔ေတြမွာ ကၽြန္ေတာ္တုိ႔ ကိုယ့္ကုုိ္ကိုယ္ မိတ္ဆက္တဲ့အေနနဲ႔ လုပ္ရတဲ့ activity ေတြမွာ ၾကံဳဖူးျပီးသား ျဖစ္ပါတယ္။ လက္ေတြ႕ေလာကမွာ ဒါမ်ိဳးၾကံဳလာရင္ အဲ့ဒီအေျခခံကို ျပန္ျပီး apply လုပ္ အသံုးခ်လုိက္ရင္ အဆင္ေျပပါတယ္။

ဒါဆိုရင္ ကိုယ့္အေၾကာင္းကုိေျပာဖုိ႔ ဘယ္လုိေလ့က်င့္ရမလဲဆုိတာေလးေျပာျပခ်င္ပါတယ္။ ကိုယ့္အေၾကာင္း ကိုယ္ေျပာတဲ့အခါ အဓိကပါဝင္ရမယ့္ အခ်က္ေတြကို ေမးခြန္းတုိေလးေတြလုပ္ျပီး ျပန္ေျဖၾကည့္ပါ။ ပထမ ေမးလုိက္ေျဖလုိက္ လုပ္ျပီးက်င့္ပါ။ ေနာက္ပိုင္းမွာေတာ့ ေမးခြန္းေတြကို ျဖဳတ္ျပီး အေျဖေတြကိုပဲ က်ိဳးေၾကာင္းဆက္စပ္ျပီး logical အစီအစဥ္နဲ႔ ေျပာၾကည့္ပါ။ အထပ္ထပ္ေျပာက်င့္ပါ။ အဆင္ေျပပါလိမ့္မည္။ ကိုယ့္အေၾကာင္းကိုုယ္ေျပာရာမွာ အဓိက မပါမျဖစ္တာေတြကေတာ့ နာမည္၊ အသက္၊ ေနရပ္၊ အလုပ္အကိုင္နဲ႔ ဝါသနာေတြ စသည္တုိ႔ ျဖစ္ပါတယ္။

အဲ့ဒီေတာ့ အဲ့ဒီအခ်က္အလက္ေတြကို ေမးခြန္းေလးေတြ လုပ္ျပီးေျဖၾကည့္ပါ။ ေအာက္မွာ ေမးခြန္းေလးေတြ လုပ္ေပးထားပါတယ္။ အသံက်ယ္က်ယ္ေလးနဲ႔ သင့္အေျဖေတြကို ေျပာၾကည့္ပါေလ။

  • What’s your name?
    (ေျဖ) My name is _________
  • How old are you?
    (ေျဖ) I’m _________ years old.
  • What do you do? (ဒီေမးခြန္းကေတာ့ သင့္ေလာေလာဆယ္ ဘာလုပ္ေနသလဲလုိ႔ ေမးတာပါ။ သင္ကေက်ာင္းသားဆိုရင္ ေက်ာင္းသား၊ အလုပ္လုပ္ေနတယ္ ဆိုရင္ အလုပ္လုပ္ေနတယ္ေပါ့။ အဲ့ဒီလိုေျဖဖို႔အတြက္ပါ။)
    (ေျဖ) I’m a/an ____________.
  • Where do you live? Do you like living there?
    (ေျဖ) I live in __________. I like/don’t like living there because _______________.
  • What are your hobbies? (ဒါကေတာ့ သင့္အားလပ္ခ်ိန္မွာသင္နွစ္ျခိဳက္စြာလုပ္ေလ့ရွိတဲ့ ဝါသနာတစ္ခုခုကိုေျဖရပါမည္။ ဥပမာအားကစား၊ စာေရးစာဖတ္၊ ရုပ္ရွင္ၾကည့္တာ၊ သီခ်င္းနားေထာင္တာစသည္ျဖင့္)
    (ေျဖ) I like to __________ in my spare time.

ပါတီလိုမ်ိဳးေတြ႕ဆံုပြဲေတြမွာ တစ္ခါတစ္ေလ ပါတီဖိတ္သူ သုိ႔မဟုတ္ ဧည့္သည္္ထဲက အျခားတစ္ဦးဦးနွင့္ သင္ဘယ္မွာ ဘယ္လိုသိခဲ့ (ခင္မင္ခဲ့) သလဲလို႔ တစ္ေယာက္ေယာက္က သင့္ကို္ ေမးတာမ်ိဳးရွိတတ္ပါတယ္။
ဒါဆိုရင္ သင္ကလည္းဒီလိုမ်ိဳးေျပာနုိင္ပါတယ္။

  • We met at _________ (ေနရာကိုထည့္ေျပာပါ။) 
  • I know him/her from __________ (အရင္အတူတူလုပ္ဖူး၊ စာသင္ခဲ့ဖူးတဲ့ အေၾကာင္းအရာကို ထည့္ေျပာပါ။)


သတိျပဳေစလုိတာက အခုေျပာခဲ့တာက general set of questions ေခၚတဲ့ လုိရမယ္ရ ေမးခြန္းေတြျဖစ္တယ္။ ဒီေမးခြန္းေတြ အားလံုးကို မျဖစ္မေနထည့္ေမးရမယ္လို႔ မဆိုလိုဘူးေနာ္။ အေျခအေနအလိုက္ ၾကည့္သံုးနုိင္ပါတယ္။
အလုပ္အကိုင္ အင္တာဗ်ဴးေတြမွာေတာ့ သင့္ရဲ့ ပညာေရးေနာက္ခံအေၾကာင္းေတြ၊ အလုပ္အကိုင္အေတြ႕အၾကံဳေတြ ျပီးေတာ့ သင္ဘာေတြကို လုပ္ရတာနွစ္သင္ပါသလဲ။ ဘာေၾကာင့္ ဒီအလုပ္ကိုေလွ်ာက္ပါသလဲဆိုတာေတြကိုေျပာျပရပါတယ္။

ပါတီလိုမ်ိဳး social gathering ေတြမွာေတာ့ သင့္ပညာအရည္အခ်င္းေတြထက္ သင့္အလုပ္အကိုင္၊ သင့္အသက္၊ သင့္မိတ္ေဆြေတြအေၾကာင္း၊ သင့္ဝါသနာေတြ အေၾကာင္းစတာေတြကိုေျပာရတာ ျဖစ္ပါတယ္။ ေလ့လာရတာအဆင္ေျပေအာင္ ဥပမာေလးေတြ ေဖၚျပေပးလုိက္ပါတယ္။

Interview example

I’m 21 years old and have just finished my degree in Business Administrations. I am looking to develop other skills to work in politics. I really enjoyed being the president of the debating society, which helped me to construct arguments from different points of view. I also met many interesting people in that position. I want to learn on the job, which is why I’d like to work for __________(အဖြဲ႕အစည္း အမည္) .

Party example

I’ve just finished my degree in Business Administration – it was a really tough three years but it was worth it! I met Sally last year at the debating society party and we got on really well. It must’ve been our love of techno music! How about you?

ကဲ… အခု ဘယ္လို ေလ့က်င့္ရမလဲဆိုတာ သေဘာေပါက္ရင္ သင္ေျပာခ်င္တဲ့ သင့္အေၾကာင္း အခ်က္ေလးေတြကို ေမးခြန္းပံုစံနဲ႔ သင့္ကိုယ္သင္ ေမးရင္း အေျဖေလးေတြကို ျပန္ေျပာပါ။ ျဖစ္နုိင္ရင္ သူငယ္ခ်င္းတစ္ေယာက္နဲ႔ အေမးအေျဖပံုစံေလ့က်င့္ပါ။ ေနာက္ ေမးခြန္းတို ေျဖတာအသားက်လာျပီဆိုရင္ ေမးခြန္းေတြမပါဘဲ အေျဖေတြခ်ည္းကို အေပၚက ဥပမာေတြအတိုင္း စီကာပတ္ကံုး ဖြဲ႕ႏြဲ႕ျပီးေျပာက်င့္ပါ။ မၾကာမီ ထူးျခားမႈကို ေတြ႕လာလိမ့္မယ္ေနာ္။

Kaplan English Website blog မွ Susan ရဲ့ How to talk about yourself in english ကို ကိုးကားဘာသာျပန္ထားတာ ျဖစ္ပါတယ္။

မူရင္းေဆာင္းပါးကို ဒီေနရာ (http://www.kaplaninternational.com/blog/how-to-talk-about-yourself-...) မွာ ဖတ္႐ႈႏိုင္ပါတယ္။


LESSONS FROM OUR ARCHIVE

အျခားသင္ခန္းစာမ်ား ဖတ္႐ႈ ေလ့လာရန္ link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင္းဝင္ထားျခင္းျဖင့္ ရရွိမည့္ အက်ိဳးေက်းဇူးမ်ား ]

- အဂၤလိပ္စာသင္ခန္းစာႏွင့္ အလုပ္ေခၚစာအသစ္မ်ား၊ UK စာေမးပြဲ သတင္းမ်ား ႏွင့္ အဂၤလိပ္စာသင္တန္း သတင္းမ်ားကို အသင္းဝင္မ်ားထံသာလွ်င္ e-mail ျဖင့္ အေၾကာင္းၾကားေပးမွာ ျဖစ္ပါသည္။
- ျဗိတိသွ်ေကာင္စီမွ ၾကီးမႉးက်င္းပေသာ ပြဲမ်ားကို အသင္းဝင္မ်ားသာ ၾကိဳတင္သိရွိျပီး အသင္းဝင္မဟုတ္သူမ်ားထက္ေစာ၍ စာရင္းေပးသြင္းႏိုင္ပါသည္။
- Myanmar Network ဝက္ဆိုက္ဒ္တြင္ အသင္းဝင္မ်ားသာလွ်င္ like ႏွင့္ comment ေပးႏိုင္မည္ျဖစ္သည္။
- စကားဝိုင္းမ်ား (Forum မ်ားတြင္)ႏွင့္ အလုပ္ေခၚစာမ်ားကိုလည္း ကိုယ္တိုင္ဝင္ေရာက္ေရးသားႏိုင္ပါသည္။
- အသင္းဝင္မ်ားတြင္ ကိုယ္ပိုင္ Profile Page ရွိမည္ျဖစ္ျပီး မိမိ၏ ဓာတ္ပံု၊ မိမိကိုယ္တိုင္႐ိုက္ထားေသာ ဓာတ္ပံုမ်ားႏွင့္ ဗီဒီယိုမ်ားလည္း တင္ႏိုင္မည္ ျဖစ္သည္။

- Join us now at - www.myanmar-network.net/main/authorization/signUp

 

[Unicode]

အလုပ်ခွင်မှာ၊ ကျောင်းမှာ၊ ဈေးထဲမှာ၊ ပါတီမှာ၊ ဟိုမှာဒီမှာစတဲ့ လူမှု အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ သင်ဟာ တစ်ခါတစ်လေဘဲ ဖြစ်စေ၊ မကြာခဏဘဲဖြစ်စေ ကိုယ့်ကိုယ်ကို မိတ်ဆက်ရင်း ကိုယ့်အကြောင်းကို ပြောရတာမျိုး ကြုံဖူးမှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ လူသားတွေ ဖြစ်တဲ့အလျောက် အလုပ်သဘောဖြစ်စေ၊ ခရီးသွားဟန်လွဲဖြစ်စေ အခြားသူတွေနဲ့ မိတ်ဖဲွဲ့ပြီးကိုယ့်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းကို ကျယ်ပြန့်အောင် လုပ်ကြရပါတယ်။ အခြေအနေအပေါ် မူတည်ပြီးတော့လည်း ကိုယ့်အကြောင်းကို ပြောတဲ့အခါ သာသာထိုးထိုးလေးပြောရတာမျိုး (ဥပမာအလုပ်အင်တာဗျူးမှာ) ရှိသလို သိုသိုဝှက်ဝှက်လေး (ဥပမာ အခွန်ဦးစီးအရာရှိနဲ့ စကားပြောတဲ့ အခါမျိုး) ပြောရတာလည်း ရှိပါတယ်။ ဒါတွေကတော့ ကိုယ့်မြန်မာစကားနဲ့ ပြောရဆိုရတာ ဖြစ်တာမို့ သိပ်မခက်လောက်ပါဘူးနော်။ 


ဒါပေမဲ့ ကိုယ့်အကြောင်းကို အင်္ဂလိပ်လို ပြောရရင်ကော ဘယ့််နဲ့ရှိမလဲ။ ဟုက်ကဲ့၊ ကိုယ့်မြန်မာစကားနဲ့ ပြောရတာ လွယ်တဲ့အကြောင်းအရာကို အင်္ဂလိပ်လို ပြောရတဲ့အခါ အခက်အခဲတွေ ဖြစ်တတ်ပါတယ်။ တစ်ကယ်တော့ အင်္ဂလိပ်စာသင်တဲ့အခါ စာသင်ခန်းတွေမှာ အထူးသဖြင့် ပထမဆုံး စတက်တဲ့နေ့တွေမှာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် မိတ်ဆက်တဲ့အနေနဲ့ လုပ်ရတဲ့ activity တွေမှာ ကြုံဖူးပြီးသား ဖြစ်ပါတယ်။ လက်တွေ့လောကမှာ ဒါမျိုးကြုံလာရင် အဲ့ဒီအခြေခံကို ပြန်ပြီး apply လုပ် အသုံးချလိုက်ရင် အဆင်ပြေပါတယ်။

ဒါဆိုရင် ကိုယ့်အကြောင်းကိုပြောဖို့ ဘယ်လိုလေ့ကျင့်ရမလဲဆိုတာလေးပြောပြချင်ပါတယ်။ ကိုယ့်အကြောင်း ကိုယ်ပြောတဲ့အခါ အဓိကပါဝင်ရမယ့် အချက်တွေကို မေးခွန်းတိုလေးတွေလုပ်ပြီး ပြန်ဖြေကြည့်ပါ။ ပထမ မေးလိုက်ဖြေလိုက် လုပ်ပြီးကျင့်ပါ။ နောက်ပိုင်းမှာတော့ မေးခွန်းတွေကို ဖြုတ်ပြီး အဖြေတွေကိုပဲ ကျိုးကြောင်းဆက်စပ်ပြီး logical အစီအစဉ်နဲ့ ပြောကြည့်ပါ။ အထပ်ထပ်ပြောကျင့်ပါ။ အဆင်ပြေပါလိမ့်မည်။ ကိုယ့်အကြောင်းကိုယ်ပြောရာမှာ အဓိက မပါမဖြစ်တာတွေကတော့ နာမည်၊ အသက်၊ နေရပ်၊ အလုပ်အကိုင်နဲ့ ဝါသနာတွေ စသည်တို့ ဖြစ်ပါတယ်။

အဲ့ဒီတော့ အဲ့ဒီအချက်အလက်တွေကို မေးခွန်းလေးတွေ လုပ်ပြီးဖြေကြည့်ပါ။ အောက်မှာ မေးခွန်းလေးတွေ လုပ်ပေးထားပါတယ်။ အသံကျယ်ကျယ်လေးနဲ့ သင့်အဖြေတွေကို ပြောကြည့်ပါလေ။

What’s your name?
(ဖြေ) My name is _________
How old are you?
(ဖြေ) I’m _________ years old.
What do you do? (ဒီမေးခွန်းကတော့ သင့်လောလောဆယ် ဘာလုပ်နေသလဲလို့ မေးတာပါ။ သင်ကကျောင်းသားဆိုရင် ကျောင်းသား၊ အလုပ်လုပ်နေတယ် ဆိုရင် အလုပ်လုပ်နေတယ်ပေါ့။ အဲ့ဒီလိုဖြေဖို့အတွက်ပါ။)
(ဖြေ) I’m a/an ____________.
Where do you live? Do you like living there?
(ဖြေ) I live in __________. I like/don’t like living there because _______________.
What are your hobbies? (ဒါကတော့ သင့်အားလပ်ချိန်မှာသင်နှစ်ခြိုက်စွာလုပ်လေ့ရှိတဲ့ ဝါသနာတစ်ခုခုကိုဖြေရပါမည်။ ဥပမာအားကစား၊ စာရေးစာဖတ်၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာစသည်ဖြင့်)
(ဖြေ) I like to __________ in my spare time.
ပါတီလိုမျိုးတွေ့ဆုံပွဲတွေမှာ တစ်ခါတစ်လေ ပါတီဖိတ်သူ သို့မဟုတ် ဧည့်သည်ထဲက အခြားတစ်ဦးဦးနှင့် သင်ဘယ်မှာ ဘယ်လိုသိခဲ့ (ခင်မင်ခဲ့) သလဲလို့ တစ်ယောက်ယောက်က သင့်ကို မေးတာမျိုးရှိတတ်ပါတယ်။
ဒါဆိုရင် သင်ကလည်းဒီလိုမျိုးပြောနိုင်ပါတယ်။

We met at _________ (နေရာကိုထည့်ပြောပါ။) 
I know him/her from __________ (အရင်အတူတူလုပ်ဖူး၊ စာသင်ခဲ့ဖူးတဲ့ အကြောင်းအရာကို ထည့်ပြောပါ။)

သတိပြုစေလိုတာက အခုပြောခဲ့တာက general set of questions ခေါ်တဲ့ လိုရမယ်ရ မေးခွန်းတွေဖြစ်တယ်။ ဒီမေးခွန်းတွေ အားလုံးကို မဖြစ်မနေထည့်မေးရမယ်လို့ မဆိုလိုဘူးနော်။ အခြေအနေအလိုက် ကြည့်သုံးနိုင်ပါတယ်။
အလုပ်အကိုင် အင်တာဗျူးတွေမှာတော့ သင့်ရဲ့ ပညာရေးနောက်ခံအကြောင်းတွေ၊ အလုပ်အကိုင်အတွေ့အကြုံတွေ ပြီးတော့ သင်ဘာတွေကို လုပ်ရတာနှစ်သင်ပါသလဲ။ ဘာကြောင့် ဒီအလုပ်ကိုလျှောက်ပါသလဲဆိုတာတွေကိုပြောပြရပါတယ်။

ပါတီလိုမျိုး social gathering တွေမှာတော့ သင့်ပညာအရည်အချင်းတွေထက် သင့်အလုပ်အကိုင်၊ သင့်အသက်၊ သင့်မိတ်ဆွေတွေအကြောင်း၊ သင့်ဝါသနာတွေ အကြောင်းစတာတွေကိုပြောရတာ ဖြစ်ပါတယ်။ လေ့လာရတာအဆင်ပြေအောင် ဥပမာလေးတွေ ဖေါ်ပြပေးလိုက်ပါတယ်။

Interview example

I’m 21 years old and have just finished my degree in Business Administrations. I am looking to develop other skills to work in politics. I really enjoyed being the president of the debating society, which helped me to construct arguments from different points of view. I also met many interesting people in that position. I want to learn on the job, which is why I’d like to work for __________(အဖွဲ့အစည်း အမည်) .

Party example

I’ve just finished my degree in Business Administration – it was a really tough three years but it was worth it! I met Sally last year at the debating society party and we got on really well. It must’ve been our love of techno music! How about you?

ကဲ… အခု ဘယ်လို လေ့ကျင့်ရမလဲဆိုတာ သဘောပေါက်ရင် သင်ပြောချင်တဲ့ သင့်အကြောင်း အချက်လေးတွေကို မေးခွန်းပုံစံနဲ့ သင့်ကိုယ်သင် မေးရင်း အဖြေလေးတွေကို ပြန်ပြောပါ။ ဖြစ်နိုင်ရင် သူငယ်ချင်းတစ်ယောက်နဲ့ အမေးအဖြေပုံစံလေ့ကျင့်ပါ။ နောက် မေးခွန်းတို ဖြေတာအသားကျလာပြီဆိုရင် မေးခွန်းတွေမပါဘဲ အဖြေတွေချည်းကို အပေါ်က ဥပမာတွေအတိုင်း စီကာပတ်ကုံး ဖွဲ့နွဲ့ပြီးပြောကျင့်ပါ။ မကြာမီ ထူးခြားမှုကို တွေ့လာလိမ့်မယ်နော်။

Kaplan English Website blog မှ Susan ရဲ့ How to talk about yourself in english ကို ကိုးကားဘာသာပြန်ထားတာ ဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဒီနေရာ (http://www.kaplaninternational.com/blog/how-to-talk-about-yourself-...) မှာ ဖတ်ရှုနိုင်ပါတယ်။

Views: 6084

Reply to This

Replies to This Discussion

Thanks .very useful.

Thank's
Thank
great!

Thank a lot!

Thanks :-)

ႊ့Thanks!

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service