ကျောင်းသားမိဘများ စောင့်မျှော်နေသော "The First UK Study Tour" ခရီးစဉ်ကြီး

EDUVISION နိုင်ငံတကာ ပညာရေး အတိုင်ပင်ခံ ကုမ္ပဏီမှ ကြီးမှူးပြုလုပ်သော "The First UK Study Tour" ခရီးစဉ်   ကြီးကို July လ (18) ရက်မှ (31) ရက်နေ့အထိ ပညာရေးခရီးစဉ်ဖြင့် UK နိုင်ငံသို့ နှစ်ပတ်တာ သွားရောက်လေ့လာ  လည်ပတ်မည် ဖြစ်ပါသည်။

 

Study Tour ဆိုတာဘာလဲ?

Study Tour ဆိုတာက သာမန် အလည်အပတ် ခရီးစဉ်တစ်ခု မဟုတ်ဘဲ ခရီးစဉ်တွင် လိုက်ပါလာသူများ ကိုယ်တိုင် ကိုယ်ကျပါဝင် ထိတွေ့သင်ကြားသင်ယူနိုင်သော ဘာသာရပ်များ၊ အတတ်ပညာများနှင့် အတူ နိုင်ငံတကာ၏ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများ၊ ရိုးရာဓလေ့များကိုပါ လေ့လာနိုင်သော ဗဟုသုတပွါးစေမည့် ပျော်ရွှင်ဖွယ် ပညာရေး ခရီးစဉ် တစ်ခုဖြစ်ပါတယ်။

 

Study Tour ကိုဘာကြောင့် သွားသင့်သလဲ?
Study Tour ဆိုတာက မိမိဘ၀ အသက်မွေးဝမ်းကျောင်းမှု ပညာရပ်၊ မိမိ၏စိတ်ဝင်စားမှု ၀ါသနာများကို ကိုယ်တိုင်  ရှာဖွေ ဖော်ထုတ်နိုင်သော ပညာရေးခရီးစဉ် ဖြစ်သောကြောင့် နိုင်ငံတကာတွင် Study Tour ခရီးစဉ်များသည်          ကျောင်းသားလူငယ်များ အကြားရေပန်းစားပြီး ဖြစ်ပါတယ်။

မိဘများအနေနှင့်လည်း မိမိ၏သားသမီးများ၏ ကျောင်းပိတ်ရက်များကို အကျိုးရှိရှိအသုံးချနိုင်ရန်၊ ပတ်ဝန်းကျင် ဗဟုသုတပွါးများစေရန်၊ စူးစမ်းရှာဖွေလိုစိတ်များ မြင့်မားလာစေရန်နှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းတိုးတက်လာစေရန် ရည်ရွယ်ကာ မိမိ၏ သားသမီးများကို Study Tour ပညာရေးအလည်အပတ် ခရီးစဉ်တွင် ပါဝင်စေပါတယ်။


UK Study Tour မှာ ဘယ်နေရာတွေ သွားကြမလဲ?

  • ဗြိတိန်နိုင်ငံ၏ အထင်ကရ မြို့ကြီးများဖြစ်သော လန်ဒန် (London)၊ မန်ချက်စတာ (Manchester)၊ အော့စဖို့ (Oxford)၊ ကားဒစ်ဖ် (Cardiff) မြို့ကြီးများရှိ တက္ကသိုလ်ကြီးများ၊ 
  • သမိုင်းဝင် အဆောက်အဦးများနှင့် ပြတိုက်များ သို့ သွားရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။
  • ရန်ကုန်နွေရာသီနှင့် မတူဘဲ အေးမြခြင်းခံစားရသော လန်ဒန်မြို့ရဲ့ နွေရာသီအလှ။
  • ဘောလုံးဝါသနာအိုးများ လက်မလွတ်သင့်သော မန်ချက်စတာမြို့၏ ကြီးကျယ်ခမ်းနားသော မန်ချက်စတာ ဘောလုံး   ကွင်း (Manchester Stadium)။
  • အထူးအစီအစဉ်အနေဖြင့် ကမ္ဘာ့အကောင်းဆုံး ပညာရှင်မြောက်မြားစွာ မွေးထုတ်ပေးနေသော University of Oxford သို့ လည်ပတ်နိုင်ခွင့်။
  • ဝေးလ် (Wales) ပြည်နယ်၏ မြို့တော်ဖြစ်သော ကားဒစ်ဖ် မြို့ (Cardiff City) မှ အားကစား၊ အနုပညာနှင့် ယဉ်ကျေးမှုများ။
  • ဘာဘီကျူးပါတီများ (BBQ Party)၊ ရေခဲပြင် စကိတ်စီးခြင်းများ၊ Talent Show များ၊ Go-Krating ကားပြိုင်ပွဲများ၊           မြင်းစီြး ခင်းများ အစရှိသော ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကဏ္ဍများတွင် တစ်ဦးချင်းပါဝင် ဆောင်ရွက်နိုင်မှုများ။

UK Study Tour ကို ဘယ်သူတွေ သွားရောက်လေ့လာသင့်သလဲ? 
     အသက် (၁၂) မှ အသက် (၁၈) ကြားရှိ International Schools မှ ကျောင်းသား ကျောင်းသူများ။

Study Tour အတွက် မည်မျှကုန်ကျနိုင်ပါသလဲ? 
    USD 5,000

မှတ်ချက်။ ။ လူဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းပါရန်။

 

အသေးစိတ် သိရှိလိုပါက EDUVISION Office: Room (206 B), Level 2, Block D, Pearl Condo, Kabar Aye Pagoda Road, Bahan Township, Yangon, Myanmar.

Hotline: 09 253 4000 5509 253 4000 6609 253 4000 77 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Thank You So much!

Views: 53

Attachments:

Reply to This

Featured Discussions

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service