အဂၤလိပ္စာသင္ခန္းစာမ်ားကို ျပည့္စံုေအာင္ ျဖည့္စြက္ေပးႏိုင္မဲ့ အႀကံျပဳခ်က္မ်ား (Tips to Complement Your English Lesson)

[Zawgyi]


သင့္အေနနဲ႔ ဘယ္ဘာသာစကားကိုပဲ သင္ယူသင္ယူ ဘာသာစကားသင္ခန္းစာမ်ားကို ျပည့္စံုေအာင္ ျပဳလုပ္ႏိုင္ တဲ့ ျဖည့္စြက္ခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ ဒီေဆာင္းပါးမွာေတာ့ လူႀကိဳက္မ်ားျပီး သင္ယူရတာ ပိုလြယ္ကူတဲ့ အဂၤလိပ္ဘာသာစကားကိုပဲ အာ႐ံုစူးစိုက္ၾကပါစို႔။ စာသင္ခန္းရဲ႕အျပင္ ဘက္မွာ ဒီဘာသာစကားကို ဆက္လက္သင္ယူႏိုင္ဖို႔အတြက္ ေအာက္ပါတို႔ကို ျပဳလုပ္ႏိုင္ပါတယ္။


ဂီတကို နားေထာင္ပါ။ (Listen to music)


ကမၻာမွာ လူႀကိဳက္အမ်ားဆံုးျဖစ္တဲ႔ ေတးဂီတကိုေတာ့ျဖင့္ အဂၤလိပ္လို ေရးသားထားတာ ျဖစ္ပါတယ္။ သင့္အေနနဲ႔ ဘယ္လို ဂီတအမ်ိဳးအစားကိုပဲႀကိဳက္ႀကိဳက္ သင့္စိတ္ႀကိဳက္ အဂၤလိပ္စကားေျပာတဲ့ တီး၀ိုင္းတစ္ခုခု၊ ဒါမွမဟုတ္ ဂီတပညာရွင္ တစ္ဦးဦးကိုေတာ့ ေတြ႕ရွိထားမွာ အေသအခ်ာျဖစ္ပါတယ္။ ဥပမာအားျဖင့္ သင့္အေနနဲ႔ ေခတ္ေဟာင္းက rock and roll ကို ႀကိဳက္တယ္ဆိုရင္ ACDC သီခ်င္းစာသားကို အာ႐ံုစိုက္ၾကည့္ပါလား? လက္ရွိေခတ္ေပၚ pop ဂီတ ဒါမွမဟုတ္ R & B ဂီတ ကို နားေထာင္ရတာ ႀကိဳက္တယ္ဆိုရင္ေတာ့ Rihanna (သို႔) Justin Bieber တို႔ရဲ႕ ဂီတကို နားဆင္ရင္း သူတို႔ရဲ႕ သီခ်င္းစာသား ေတြကို ဖတ္ၾကည့္ပါလား။ သီခ်င္းစာသားေတြကို ဖတ္႐ံုသက္သက္မဟုတ္ဘဲနဲ႔ စကားလံုးေတြကို နားလည္ေအာင္ လုပ္ၾကည့္တာကလည္း ေကာင္းမြန္တဲ့ေလ့က်င့္ခန္းတစ္ခုပဲျဖစ္ပါတယ္။


႐ုပ္ရွင္ေတြၾကည့္ပါ။ (Watch films)


ေကာင္းတဲ့ အႀကံတစ္ခုကေတာ့ အတန္းေဖာ္ေတြစုၿပီး အဂၤလိပ္စကားေျပာတဲ့ ႐ုပ္ရွင္တစ္ကားကားကို ၾကည့္တာ ပါပဲ။ ဒီလိုလုပ္တဲ့အခါမွာ sub-title ( ေအာက္က စာတန္းထိုးတာ) ဒါမွမဟုတ္ dubbing (ရုပ္ရွင္ရဲ႔မူရင္းဘာသာစကားကို အျခား ဘာသာစကားနဲ႔ အစားထိုးျခင္း)ေတြ မပါဘဲနဲ႔ ၾကည့္ၾကည့္ဖူးပါသလား။ ဒီလိုသာ အဂၤလိပ္စကားေျပာတဲ့ ႐ုပ္ရွင္ေတြကို ၾကည့္သြားမယ္ဆိုရင္ ေနာက္ပိတ္ဆံုး subtitle မပါပါလားဆိုတာကိုေတာင္ သတိမထားမိတဲ့အဆင့္ကို ေရာက္သြားႏိုင္ပါတယ္။ ဒီလိုျဖစ္ရတဲ့ အေၾကာင္းရင္းကေတာ့ ဒီအသံေတြကို မိမိနဲ႔တသားတည္းျဖစ္ေအာင္ သင့္ဦးေႏွာက္က အလိုအေလ်ာက္ လက္ခံလာလို႔ပါပဲ။ ဒီရလဒ္ရဖို႔ကိုပဲ သင္ကလည္း ခ်ိန္ရြယ္ရမွာျဖစ္ပါတယ္။ Chicago က အဂၤလိပ္စာသင္တန္းသားေတြဟာဆိုရင္ ဒီလိုလုပ္ဖို႔ အတြက္ သင္တန္းၿပီးရင္ အိမ္တစ္အိမ္မွာ စုၾကပါတယ္။ သူတို႔ဟာ အေျပာနားလည္ႏိုင္စြမ္း (listening comprehension)နဲ႔ ေ၀ါဟာရတို႔ကို အဓိက ထားၿပီး ေလ့လာၾကပါတယ္။


Social Network ကို အက်ိဳးရွိရွိ အသံုးျပဳပါ။ (Use social networking wisely!)

အခုေခတ္ႀကီးမွာ လူေတြဟာ အဆက္အသြယ္မျပတ္ေအာင္ နာရီေပါင္းမ်ားစြာ ကြန္ပ်ဴတာ သို႕မဟုတ္ smart phone, Iphone (သို႔) BlackBerry အစရွိတဲ့ အေသးစားကိရိယာမ်ားကို အသံုးျပဳၿပီး ေနၾကပါတယ္။ ဒီေနရာမွာ သင္လုပ္ႏိုင္တာေတြအမ်ားႀကီးရွိပါတယ္။ လက္ရွိ computer မွာ အသံုးျပဳေနတဲ့ ဘာသာစကား (default language) ကို အဂၤလိပ္စကား (သို႔) သင့္အေနျဖင့္ သင္ယူလိုေသာ ဘာသာစကား သို႔ေျပာင္းၾကည့္ပါ။ ဒီလိုလုပ္ျခင္းက သင့္အား အဂၤလိပ္စာကိုမျဖစ္မေန သင္ယူရေအာင္လို႔ တြန္းအားေပးမွာ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင့္အေနနဲ႔ လုပ္ခ်င္တာေတြကို လုပ္ႏိုင္ဖို႔ အတြက္ လုပ္လိုက္ မွားလိုက္ (trial and mistake)ေတြျဖစ္ၿပီး အဲဒီကေနမွတဆင့္ လြယ္ကူလာတဲ့အထိ အဂၤလိပ္စာကို သင္ယူႏိုင္မွာျဖစ္ပါတယ္။ ေနာက္တစ္ခု သင္လုပ္ႏိုင္တာကေတာ့ အဂၤလိပ္စကားေျပာတတ္သူ (သို႔) သင့္လို အဂၤလိပ္စာေလ့လာေနတဲ့သူေတြနဲ႔ မိတ္ေဆြဖဲြ႕တာပဲျဖစ္ပါတယ္။ ေနာက္ျပီး Facebook လူမႈေရးကြန္ယက္တြင္ အဂၤလိပ္စာသင္ေသာ Page စာမ်က္ႏွာမ်ားကို like လုပ္ထားျပီး သင္၏ အဂၤလိပ္စာဘာသာ စြမ္းရည္တိုးတက္လာေအာင္ ျပဳလုပ္ႏိုင္ပါသည္။

Ivana Vitali ၏ Tips to Complement your English Lessons ကိုဘာသာျပန္ဆိုထားျခင္း ျဖစ္သည္။

[Unicode]

သင့်အနေနဲ့ ဘယ်ဘာသာစကားကိုပဲ သင်ယူသင်ယူ ဘာသာစကားသင်ခန်းစာများကို ပြည့်စုံအောင် ပြုလုပ်နိုင် တဲ့ ဖြည့်စွက်ချက်တွေ အများကြီးရှိပါတယ်။ ဒီဆောင်းပါးမှာတော့ လူကြိုက်များပြီး သင်ယူရတာ ပိုလွယ်ကူတဲ့ အင်္ဂလိပ်ဘာသာစကားကိုပဲ အာရုံစူးစိုက်ကြပါစို့။ စာသင်ခန်းရဲ့အပြင် ဘက်မှာ ဒီဘာသာစကားကို ဆက်လက်သင်ယူနိုင်ဖို့အတွက် အောက်ပါတို့ကို ပြုလုပ်နိုင်ပါတယ်။

ဂီတကို နားထောင်ပါ။ (Listen to music)

ကမ္ဘာမှာ လူကြိုက်အများဆုံးဖြစ်တဲ့ တေးဂီတကိုတော့ဖြင့် အင်္ဂလိပ်လို ရေးသားထားတာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဘယ်လို ဂီတအမျိုးအစားကိုပဲကြိုက်ကြိုက် သင့်စိတ်ကြိုက် အင်္ဂလိပ်စကားပြောတဲ့ တီးဝိုင်းတစ်ခုခု၊ ဒါမှမဟုတ် ဂီတပညာရှင် တစ်ဦးဦးကိုတော့ တွေ့ရှိထားမှာ အသေအချာဖြစ်ပါတယ်။ ဥပမာအားဖြင့် သင့်အနေနဲ့ ခေတ်ဟောင်းက rock and roll ကို ကြိုက်တယ်ဆိုရင် ACDC သီချင်းစာသားကို အာရုံစိုက်ကြည့်ပါလား? လက်ရှိခေတ်ပေါ် pop ဂီတ ဒါမှမဟုတ် R & B ဂီတ ကို နားထောင်ရတာ ကြိုက်တယ်ဆိုရင်တော့ Rihanna (သို့) Justin Bieber တို့ရဲ့ ဂီတကို နားဆင်ရင်း သူတို့ရဲ့ သီချင်းစာသား တွေကို ဖတ်ကြည့်ပါလား။ သီချင်းစာသားတွေကို ဖတ်ရုံသက်သက်မဟုတ်ဘဲနဲ့ စကားလုံးတွေကို နားလည်အောင် လုပ်ကြည့်တာကလည်း ကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။

ရုပ်ရှင်တွေကြည့်ပါ။ (Watch films)

ကောင်းတဲ့ အကြံတစ်ခုကတော့ အတန်းဖော်တွေစုပြီး အင်္ဂလိပ်စကားပြောတဲ့ ရုပ်ရှင်တစ်ကားကားကို ကြည့်တာ ပါပဲ။ ဒီလိုလုပ်တဲ့အခါမှာ sub-title ( အောက်က စာတန်းထိုးတာ) ဒါမှမဟုတ် dubbing (ရုပ်ရှင်ရဲ့မူရင်းဘာသာစကားကို အခြား ဘာသာစကားနဲ့ အစားထိုးခြင်း)တွေ မပါဘဲနဲ့ ကြည့်ကြည့်ဖူးပါသလား။ ဒီလိုသာ အင်္ဂလိပ်စကားပြောတဲ့ ရုပ်ရှင်တွေကို ကြည့်သွားမယ်ဆိုရင် နောက်ပိတ်ဆုံး subtitle မပါပါလားဆိုတာကိုတောင် သတိမထားမိတဲ့အဆင့်ကို ရောက်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဒီအသံတွေကို မိမိနဲ့တသားတည်းဖြစ်အောင် သင့်ဦးနှောက်က အလိုအလျောက် လက်ခံလာလို့ပါပဲ။ ဒီရလဒ်ရဖို့ကိုပဲ သင်ကလည်း ချိန်ရွယ်ရမှာဖြစ်ပါတယ်။ Chicago က အင်္ဂလိပ်စာသင်တန်းသားတွေဟာဆိုရင် ဒီလိုလုပ်ဖို့ အတွက် သင်တန်းပြီးရင် အိမ်တစ်အိမ်မှာ စုကြပါတယ်။ သူတို့ဟာ အပြောနားလည်နိုင်စွမ်း (listening comprehension)နဲ့ ဝေါဟာရတို့ကို အဓိက ထားပြီး လေ့လာကြပါတယ်။

Social Network ကို အကျိုးရှိရှိ အသုံးပြုပါ။ (Use social networking wisely!)

အခုခေတ်ကြီးမှာ လူတွေဟာ အဆက်အသွယ်မပြတ်အောင် နာရီပေါင်းများစွာ ကွန်ပျူတာ သို့မဟုတ် smart phone, Iphone (သို့) BlackBerry အစရှိတဲ့ အသေးစားကိရိယာများကို အသုံးပြုပြီး နေကြပါတယ်။ ဒီနေရာမှာ သင်လုပ်နိုင်တာတွေအများကြီးရှိပါတယ်။ လက်ရှိ computer မှာ အသုံးပြုနေတဲ့ ဘာသာစကား (default language) ကို အင်္ဂလိပ်စကား (သို့) သင့်အနေဖြင့် သင်ယူလိုသော ဘာသာစကား သို့ပြောင်းကြည့်ပါ။ ဒီလိုလုပ်ခြင်းက သင့်အား အင်္ဂလိပ်စာကိုမဖြစ်မနေ သင်ယူရအောင်လို့ တွန်းအားပေးမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်အနေနဲ့ လုပ်ချင်တာတွေကို လုပ်နိုင်ဖို့ အတွက် လုပ်လိုက် မှားလိုက် (trial and mistake)တွေဖြစ်ပြီး အဲဒီကနေမှတဆင့် လွယ်ကူလာတဲ့အထိ အင်္ဂလိပ်စာကို သင်ယူနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခု သင်လုပ်နိုင်တာကတော့ အင်္ဂလိပ်စကားပြောတတ်သူ (သို့) သင့်လို အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့တာပဲဖြစ်ပါတယ်။ နောက်ပြီး Facebook လူမှုရေးကွန်ယက်တွင် အင်္ဂလိပ်စာသင်သော Page စာမျက်နှာများကို like လုပ်ထားပြီး သင်၏ အင်္ဂလိပ်စာဘာသာ စွမ်းရည်တိုးတက်လာအောင် ပြုလုပ်နိုင်ပါသည်။

Ivana Vitali ၏ Tips to Complement your English Lessonsကိုဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။

Views: 2667

Reply to This

Replies to This Discussion

thanks

Very useful sharing

thanks for your coaching

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service