BBC website မှ 'Twerking' and 'selfie' added to Oxford dictionary ကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်

MTV ဂီတဗီဒီယိုဆုပေးပွဲ ဖျော်ဖြေပွဲတွင် Miley Cyrus ကပြခဲ့သည့် တင်လှုပ် ကကွက် twerking ဆိုသည့်စကားလုံးမှာ Oxford အင်္ဂလိပ်အဘိဓာန်တွင် နောက်ဆုံးထည့်သွင်းဖော်ပြခံရသည့် စကားလုံးတစ်လုံးဖြစ်လာသည်။ ဟစ်ဟော့ယဉ်ကျေးမှုမှငှားယူထားသည့် အဆိုပါစကားလုံးသည် လွန်ခဲ့သည့်တစ်နှစ်တာအတွင်း အသုံးများလာခဲ့သည်ဟု Oxford အွန်လိုင်းအဘိဓာန်က ဆိုသည်။ အခြားစကားလုံးများဖြစ်သည့် omnishamble နှင့် selfies တို့သည်လည်း အင်တာနက်အဘိဓာန်၏ လေးလတစ်ကြိမ် စကားလုံးသစ်ထပ်တိုးမှုတွင်ပါဝင်လာခဲ့သည်။

Omnishamble အား 2012 တစ်နှစ်တာ၏ စကားလုံး word of the year အဖြစ် Oxford အဘိဓာန်မှ ရွေးချယ်ခဲ့သည်။ ဘက်စုံ၌ ပရမ်းပတာဖြစ်သော ဟူသည့်အဓိပ္ပါယ်ရသည့် shambolic စကားလုံးအား ဘီဘီစီမှ နိုင်ငံရေးသရော်စာကဏ္ဍ The Thick of It ၏ စာရေးဆရာများက 2009 ခုနှစ်တွင် ထွင်ရေးသားခဲ့သည်။ Oxford အဘိဓာန်မှ Katherine Connor Martin က twerk ဆိုသည့်စကားလုံးသည် အမေရိကန်ဟစ်ဟော့အသိုင်းအ၀ိုင်းတွင် အရပ်သုံးစကားအဖြစ်သိနေကြသည်မှာ နှစ် ၂၀ ခန့်ရှိပြီ ဟုဆိုသည်။

“စောင့်ကြည့်စကားလုံးသစ်စာရင်းထဲထည့်ရလောက်အောင် ၄င်းစကားလုံးကို မနှစ်ကလူသုံးများခဲ့တယ်။ ယခုနှစ်နွေဦးရာသီမှာတော့ အဘိဓါန်ထဲထည့်ရလောက်အောင် ဒီစကားလုံးကိုသုံးစွဲကြတဲ့အရေအတွက် သက်သေလုံလုံလောက်လောက် ကျွန်မတို့မှာ ရရှိလာခဲ့ပါတယ်။” ဟုသူကဆိုသည်။

“ဒီစကားလုံးရဲ့မူလဖြစ်တည်ရာနဲ့ပတ်သက်လို့ တွေးဆကြတာတွေအမျိုးမျိုးရှိပါတယ်။ နှုတ်နဲ့ စကားလက်ဆင့်ကမ်းခဲ့ကြတာဆိုတော့ အဖြေအတိအကျတော့သိနိုင်မှာမဟုတ်ဘူးပေါ့။ ဒီစကားလုံးကို အများပြည်သူတွေတုန့်ပြန်ပုံဟာ ၁၉၆၀ နှစ်များက Chubby Checker's ရဲ့သီချင်း The Twist နဲ့အတူပေါ်ပင်ခေတ်ထခဲ့တဲ့ twist ခန္ဓာကိုယ်ကိုတွန့်လိမ်ကပုံအပေါ် တုန့်ပြန်ပုံနဲ့ဆင်တူပါတယ်။” ဟုသူကထပ်ပြောသည်။

တနင်္ဂနွေနေ့ MTV ဂီတဗီဒီယိုဆုပေးပွဲ ဖျော်ဖြေပွဲမှာ Cyrus ရဲ့ကကြိုးကကွက်ဟာ အဆိုတော် Robin Thicke ၏ အောင်မြင်သည့်သီချင်း Blurred Lines နှင့်အတူ မြှူဆွယ်သည့်ပုံပေါက်ခဲ့ပါတယ်။ အဆိုပါဖျော်ဖြေပုံကို အမေရိကန်ရှိ parenting pressure group မိဘအုပ်ထိန်းမှုဖိအားပေးရေးအဖွဲ့တစ်ခုအပါအ၀င် အချို့ထံမှ မကြေနပ်သံတစ်ချို့ထွက်ခဲ့ပါသေးတယ်။

ပျမ်းမျှအားဖြင့် အောက်စဖို့ဒ်အွန်လိုင်းအဘိဓါန်အတွင်းသို့ စကားလုံးပေါင်း ၁၀၀၀ ခန့် နှစ်စဉ်ထည့်သွင်းလျက်ရှိသည်။ အောက်စဖို့ဒ်အွန်လိုင်းအဘိဓါန်အတွင်းသို့ထပ်ထည့်လိုက်သည့်အခြားစကားလုံးများ

Selfie - နှုတ်ခမ်းစူတူတူမျက်နှာပေးကာ မိမိဘာသာ ဖုန်းဖြင့်ရိုက်ထားသည့်ဓါတ်ပုံ
Dappy - ရူးကြောင်ကြောင်၊ ဖရိုဖရဲ၊ ဂရုမစိုက်သော
Digital detox - Facebook နှင့်Twitter တို့မသုံးဘဲနေသည့်အချိန်
Girl crush - မိန်းကလေးအချင်းချင်း(လိင်ဆန္ဒမပါဘဲ) တစ်ဦးနှင့်တစ်ဦးအလွန်တွယ်တာခြင်း
Vom - ဖျားနာသည်။ ပျို့အန်ချင်သော


Views: 1149

Reply to This

Replies to This Discussion

I now know a lot of new vocabularies because of sharing knowledge on British council page.Next,I want to use and speak these all sentences how to write and speak all of the words.

Hello,admin

Could you please let me know how to use these words?

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service