LCCI November Series (Series 4-2015) Timetable Slip Announcement

၂ဝ၁၅ နိုဝင်ဘာလ တွင် ကျင်းပမည့် LCCI စာမေးပွဲ၏ စာမေးပွဲ အချိန်ဇယားများကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့ မှ စနေနေ့ အထိ နံနက် (၈:၃ဝ) မှ (၆:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ ငွေသွင်းထားသော ဖြတ်ပိုင်း နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။
ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲကြေးသွင်းထားသော ဖြတ်ပိုင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

ABE Exam Transfer

၂ဝ၁၅ ဒီဇင်ဘာလ တွင်ဖြေဆိုမည့် ABE စာမေးပွဲအား ပြေင်းရွှေ့လိုသော ကျောင်းသူ၊သားများ Transfer ကြေးများကို အောက်တိုဘာလ (၂၁) ရက်နေ့ မှ (၂၃) ရက်နေ့ အထိ လက်ခံသွားမည် ဖြစ်သဖြင့် နံနက် (၈:၃ဝ) မှ (၃:၃ဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

Transfer နှင့် သက်ဆိုင်သော ဖောင်များအား www.abeuk.comတွင် ဝင်ရောက် ဒေါင်းလုပ် လုပ်ယူနိုင်သည်။
Transfer fee : USD 25

LCCI December On Demand Exam Registration

- ၂ဝ၁၅ ဒီဇင်ဘာလတွင် LCCI  On Demand စာမေးပွဲ ကျင်းပမည်ဖြစ်သောကြောင့်  စာမေးပွဲကြေးအား အောက်တိုဘာလ (၅) ရက်နေ့မှ (၁၆) ရက်နေ့အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

 

LCCI Combined Diploma

- ၂ဝ၁၅ အောက်တိုဘာ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ LCCI Combined Diploma များနှင့် LCCI Group Diploma များအတွက် Diploma ပြန်ပေါင်းလျှောက်ထားခြင်းများကို လက်ခံသွားမည် ဖြစ်ပါသဖြင့် နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း ၊ သက်ဆိုင်ရာ certificate မူရင်း၊ မိတ္တူ (သို့မဟုတ်) Result Slip မူရင်း၊မိတ္တူ နှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။ Diploma ပြန်ပေါင်းလျှောက်ရန် USD ၂၉ ပေးသွင်းရမည်။

 

- LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် ပြန်လည်လျှောက်ထားလိုပါက Certificate/Diploma မိတ္တူ ၊ Result Slip မိတ္တူ နှင့်တကွ ၂ဝ၁၅ အောက်တိုဘာ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။ လက်မှတ်များ ပြန်လည်လျှောက်ထားရန် USD ၂၃ ပေးသွင်းရမည်ဖြစ်ပါသည်။

 

Edexcel Exam Registration

၂ဝ၁၆ ဇန်နဝါရီလတွင် Edexcel စာမေးပွဲများကို ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို ၂ဝ၁၅ အောက်တိုဘာလ (၇) ရက်နေ့ မှ (၁၃) ရက် နေ့ အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင်   တနင်္လာ နေ့ မှ သောကြာနေ့ နံနက် (၈း၃ဝ) မှ (၃းဝဝ) အတွင်း မှတ်ပုံတင် မူရင်း ၊ လိုင်စင်ဓါတ်ပုံ (၁) ပုံ နှင့် တကွ လာရောက် ပေးသွင်းနိုင်ပါသည်။

မှတ်ချက်။ ။ ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းလိုသော ကျောင်းသား၊သူများ သက်ဆိုင်ရာ ကျောင်းသို့တိုက်ရိုက်ဆက်သွယ်ပါ။

 

Teaching Knowledge Test ( TKT)

 

Teaching Knowledge Test ( TKT) စာမေးပွဲများအား ၂ဝ၁၅  နိုဝင်ဘာလ (၂၇) ရက်နေ့တွင်ကျင်းပမည် ဖြစ်သဖြင့် စာမေးပွဲကြေးများကို ၂ဝ၁၅ အောက်တိုဘာလ ( ၁၂) ရက်နေ့မှ  (၁၅) ရက်နေ့အထိ၊ နံနက် (၈း၃ဝ) မှ နေ့လည် (၃:ဝဝ) အတွင်း မှတ်ပုံတင် မူရင်းနှင့် တကွ ဗြိတိသျှကောင်စီ မြေညီထပ်တွင်ရှိသော Customer Service & Sales Department တွင်လာရောက် ပေးသွင်းနိုင်ပါသည်။

စာမေးပွဲကြေးမှာ Module တစ်ခုလျှင် USD 52  ဖြစ်ပြီး Module 3 ခုရှိပါသည်။

 

 

YLE Exam Registration

- ၂ဝ၁၅ ဒီဇင်ဘာလ ၁၆ ရက်တွင် YLE (Starters | Movers | Flyers) စာမေ:ပွဲများကို ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို   အောက်တိုဘာလ (၁၉) ရက်နေ့မှ  (၃ဝ) ရက်နေ့ အတွင်း တနင်္လာနေ့မှ သောကြာနေ့  နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

Exam Fee;

Starters: USD 36

Movers: USD 39

Flyers:USD42                                                                                                                                                                                                                                                                                                                  

 KET / PET Exam Registration

- ၂ဝ၁၅ ဒီဇင်ဘာလ ၄ ရက်တွင်  KET | PET  စာမေ:ပွဲများကို ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို  အောက်တိုဘာလ  (၁၉) ရက်နေ့ မှ (၃ဝ) ရက်နေ့   အတွင်း တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

Exam Fee;

KET : USD 57

PET : USD 75

 

FCE  Exam Registration

- ၂ဝ၁၅ ဒီဇင်ဘာလ ၁၂ ရက်တွင်  FCE စာမေ:ပွဲများကို ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို  အောက်တိုဘာလ  (၁၉) ရက်နေ့ မှ (၂၃) ရက်နေ့   အတွင်း တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

Exam Fee;

FCE : USD 108

 

YLE Exam Timetable Slip

၂ဝ၁၅  အောက်တိုဘာလ (၂၇)ရက်နေ့ တွင် ကျင်းပမည့် YLE (Starters | Movers | Flyers) စာမေးပွဲ၏ စာမေးပွဲ အချိန်ဇယားများကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင်  အောက်တိုဘာလ (၈)ရက်မှစ၍၊  တနင်္လာနေ့ မှ စနေနေ့အထိ နံနက် (၈:၃ဝ) မှ (၆:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ ငွေသွင်းထားသော ဖြတ်ပိုင်း နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါသည်။

ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲကြေးသွင်းထားသော ဖြတ်ပိုင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင်ရာကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

KET / PET  Exam Timetable Slip

၂ဝ၁၅  အောက်တိုဘာလ (၁၇)ရက်နေ့ တွင် ကျင်းပမည့် KET /PET  စာမေးပွဲ၏ စာမေးပွဲ အချိန်ဇယားများကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင်တနင်္လာနေ့ မှ စနေနေ့ အထိ နံနက် (၈:၃ဝ) မှ (၆:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ ငွေသွင်းထားသော ဖြတ်ပိုင်း နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါသည်။

ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲကြေးသွင်းထားသော ဖြတ်ပိုင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

 

Views: 506

Reply to This

Replies to This Discussion

LCCI on demand exam က ဘယ်တော့ဖြေမှာလဲ

ရက် အတိအကျ သိချင်ပါတယ်

ကျေးဇူးပြီး ဖြေပေးပါ

On- deman စာမေးပွဲက ဘယ်လအတွက်သိချင်တာပါလဲရှင်။ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ တို့တွင် on-demand စာမေးပွဲများရှိပါတယ်။

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service