YLE Exam Timetable Slip


-၂ဝ၁၆ ဇူလိုင်လ (၂၁) ရက်နေ့ တွင် ကျင်းပမည့် YLE (Starters | Movers | Flyers) စာမေးပွဲ၏ စာမေးပွဲ အချိန်     ဇယားများကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် ဇူလိုင်လ (၂) ရက် မှစ၍ ၊တနင်္လာနေ့ မှ စနေနေ့ အထိ နံနက် (၈:၃ဝ) မှ (၆:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ ငွေသွင်းထားသော ဖြတ်ပိုင်း   နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါသည်။ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲကြေးသွင်းထားသော ဖြတ်ပိုင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

YLE Exam Registration

- ၂ဝ၁၆ ဇူလိုင်လတွင် YLE (Starters | Movers | Flyers) စာမေ:ပွဲများကို ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို ဇွန်လ (၁) ရက်နေ့မှ (၁၀) ရက်နေ့ အတွင်း တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။
Exam Fee;
Starters: USD 36
Movers: USD 39
Flyers: USD 42

RCOG (Part - 2 ) Exam September 2016 Registration


- ၂ဝ၁၆ စက်တင်ဘာလတွင် RCOG (Part - 2 ) စာမေးပွဲများကို ကျင်းပမည်ဖြစ်ပါသဖြင့် စာမေးပွဲကြေးများကို ၂ဝ၁၆ ဇွန်လ (၆) ရက်နေ့ မှစ၍ (၃၀) ရက်နေ့အထိ၊ တနင်္လာ မှ သောကြာနေ့ နံနက် (၈း၃ဝ) မှ နေ့လည် (၃းဝဝ) အတွင်း ဗြိတိသျှကောင်စီ
မြေညီထပ်ရှိ Customer Service & Sales Department တွင မှတ်ပုံတင် မူရင်း၊ သက်ဆိုင်ရာ Registration Form နှင့် တကွ လာရောက် ပေးသွင်း နိုင်ပါပြီ။

စာမေးပွဲကြေး - USD 518

FRCSEd Ophthalmology (Part A) Exam September 2016 Registration

- ၂ဝ၁၆ စက်တင်ဘာလတွင် FRCSEd Ophthalmology (Part A) စာမေးပွဲများကို ကျင်းပမည်ဖြစ်ပါသဖြင့် စာမေးပွဲကြေးများကို ၂ဝ၁၆ ဇွန်လ (၆) ရက်နေ့ မှစ၍ (၁၇ ) ရက်နေ့အထိ၊ တနင်္လာ မှ သောကြာနေ့ နံနက် (၈း၃ဝ) မှ နေ့လည် (၃းဝဝ) အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင မှတ်ပုံတင် မူရင်း၊ သက်ဆိုင်ရာ Registration Form နှင့် တကွ လာရောက် ပေးသွင်း နိုင်ပါပြီ။

စာမေးပွဲကြေး - USD 755

Edinburgh MRCS OSCE Preparation Course for September 2016

-၂ဝ၁၆ စက်တင်ဘာလ၊ Edinburgh MRCS OSCE Preparation Course ကို စက်တင်ဘာလ ၂၃ ၊ ၂၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါသဖြင့် သင်တန်းကြေးကို ၂ဝ၁၆ ဇွန်လ (၃) ရက်နေ့ မှစ၍ (၃၀ ) ရက်နေ့အထိ၊ တနင်္လာ မှ သောကြာနေ့ နံနက် (၈း၃ဝ) မှ နေ့လည် (၃းဝဝ) အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် မှတ်ပုံတင် မူရင်း နှင့် တကွသင်တန်းကြေး လာရောက် ပေးသွင်း နိုင်ပါပြီ။

သင်တန်းကြေး - Full Course Fee - USD 511
RCSEd Part B Exam ကြေးသွင်းထားသူများအတွက် - USD 444

ACCA (CBE) Exam Registration

-၂ဝ၁၆ ဇွန်လတွင် ACCA CBE စာမေးပွဲများကို ကျင်းပမည်ဖြစ်ပါသဖြင့် စာမေးပွဲကြေးများကို ၂ဝ၁၆ ဇွန်လ (၆) ရက်နေ့ မှစ၍ (၁၀) ရက်နေ့အထိ၊ တနင်္လာ မှ သောကြာနေ့ နံနက် (၈း၃ဝ) မှ နေ့လည် (၃းဝဝ) အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင်မှတ်ပုံတင် မူရင်းနှင့် တကွ လာရောက် ပေးသွင်း နိုင်ပါပြီ။

စာမေးပွဲကျင်းပမည့်ကာလ - ဇွန်လ (၂၀) ရက်နေ့ မှ (၂၈) ရက်အတွင်း

LCCI August OD 2016 Exam Registration

-၂၀၁၆ သြဂုတ်လတွင် LCCI On Demand စာမေးပွဲအား ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးအား ဇွန်လ (၂၀) ရက် နေ့ မှ ဇွန်လ (၃၀) ရက် နေ့ ၊ နံနက် (၈:၃ဝ) မှ (၃: ၃ဝ) အတွင်း၊ ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

မှတ်ချက်။ ။ ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းလိုသော ကျောင်းသား၊သူများ သက်ဆိုင်ရာ ကျောင်းသို့တိုက်ရိုက်ဆက်သွယ်ပါ။
စာမေးပွဲကြေးများ- Level 1- 33 , Level 2 - USD 38 , Level 3 - USD 43

LCCI Combined Diploma and Replacement Registration


-၂ဝ၁၆ ဇွန်လ (၁၅)ရက် မှ (၁၇ )ရက်နေ့ အထိ LCCI Combined Diploma များနှင့် LCCI Group Diploma များအတွက် Diploma ပြန်ပေါင်းလျှောက်ထားခြင်းများ နှင့် LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် ပြန် လည်လျှောက်ထားခြင်းများ ကို လက်ခံသွားမည် ဖြစ်ပါသဖြင့် တနင်္လာ နေ့ မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၃း၃ဝ) အတွင်း မှတ်ပုံတင်မူရင်း ၊ သက်ဆိုင်ရာ certificate မူရင်း၊ မိတ္တူ နှင့် Result Slip မူရင်း၊မိတ္တူ တို့နှင့်တကွ လာရောက် လျှောက်ထားနိုင်ပါ သည်။

မှတ်ချက်။ ။ Diploma ပြန်ပေါင်းလျှောက်ရန် USD ၂၈ ပေးသွင်းရမည်။ LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် လက်မှတ်များ ပြန်လည်လျှောက်ထားရန် USD ၂၂ ပေးသွင်းရမည်ဖြစ်ပါသည်။

ABE Medical Transfer

-၂ဝ၁၆ ဇွန်လ မှ ၂ဝ၁၆ ဒီဇင်ဘာလ သို့ ABE စာမေးပွဲအား ပြေင်းရွှေ့လိုသော ကျောင်းသူ၊သားများ Medical Transfer ကြေးများကို ဇွန်လ (၁၃) ရက်နေ့ မှ (၁၄) ရက်နေ့ အထိ လက်ခံသွားမည် ဖြစ်သဖြင့် တနင်္လာ နေ့ မှ သော ကြာနေ့ နံနက် (၈:၃ဝ) မှ (၃:၃ဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။


Medical Transfer နှင့် သက်ဆိုင်သော ဖောင်များအား www.abeuk.com တွင် ဝင်ရောက် ဒေါင်းလုပ် လုပ်ယူနိုင် သည်။Transfer fee : USD 23

LCCI June On Demand Timetable Slip Announcement

-၂ဝ၁၆ ဇွန်လတွင် ဖြေဆိုရန် LCCI On Demand စာမေးပွဲများ၏ အချိန်စာရင်းများကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ ငွေသွင်းပြေစာ နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ ငွေသွင်းပြေစာ နှင့် တကွ လာရောက်ထုတ်ယူနိုင်ပါ သည်။


မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

LCCI  Series-2 Online Results Announcement

 

- ၂ဝ၁၆ ဧပြီလတွင် ဖြေဆိုထားသော LCCI Series 2/2016 စာမေးပွဲများ၏ Online Result များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ (၆:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း  စာမေးပွဲဖြေဆိုထားသော အချိန်ဇယား နှင့်တကွ ကိုယ်တိုင် လာရောက်ကြည့်ရှူနိုင်ပါပြီ။

 

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင် ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်ရပါမည်။

 

 

LCCI January and February 2016 ,Combine Certificate Announcement

 

-၂၀၁၆ ဇန်နဝါရီလ နှင့် ဖေဖေါ်ဝါရီလ တို့တွင် LCCI Combined Diploma  များနှင့် LCCI Group Diploma  များပြန်ပေါင်းလျှောက်ထားခဲ့သော Diploma Certificates များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department  တွင် တနင်္လာနေ့မှ စနေနေ့မနက် (၈း၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း၊ တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ ငွေသွင်းဖြတ်ပိုင်း နှင့် မူရင်းနှင့် တကွ လာရောက် ထုတ်ယူနိုင်ပါ  သည်။

ကျောင်းမှ တစ်ဆင့် Combine/Group Diploma  များအတွက်  ငွေသွင်းထားသော ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင် ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

 

မှတ်ချက် - LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် ပြန်လည် လျှောက်ထားသူများ ထုတ်ယူ၍မရသေးပါ။

 

 

LCCI April /2016 - Level 2 IAS Results Announcement

 

- ၂ဝ၁၆ ဧပြီလတွင် ဖြေဆိုထားသော LCCI Level 2 IAS ( Book Keeping and Account ) စာမေးပွဲများ၏ စာမေးပွဲအောင်လက်မှတ်(Result Slips and Certificate) များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း ၊ တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ စာမေးပွဲဖြေဆိုထားသော အချိန်ဇယား နှင့်တကွ ကိုယ်တိုင်    လာရောက်ထုတ်ယူနိုင်ပါပြီ။

 

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား ၊ ကျောင်းသူများ သက်ဆိုင်ရာ ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။ ကိုယ်စားလာရောက်ထုတ်ယူလိုပါက ဖြေဆိုသူ၏မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊၊ ကိုယ်စားလာရောက်    ထုတ်ယူသူ၏ မှတ်ပုံတင်မူရင်း နှင့် မိတ္တူ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါ သည်။

TKT 09 May/2016 Certificate Announcement

-၂ဝ၁၆ မေလ ၉ ရက်တွင် ဖြေဆိုထားသော TKT စာမေးပွဲ၏ စာမေးပွဲအောင်လက်မှတ်များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့မနက် (၈း၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း စာမေးပွဲအ ချိန်ဇယား၊ မှတ်ပုံတင် မူရင်း၊ ငွေသွင်းထားသောဖြတ်ပိုင်း နှင့် တကွ လာရောက် ထုတ်ယူနိုင်ပါသည်။

ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

 

Teaching Knowledge Test ( TKT)

Teaching Knowledge Test ( TKT) စာမေးပွဲများအား ၂ဝ၁၆ သြဂုတ်လ (၁၇) ရက်နေ့တွင်ကျင်းပမည် ဖြစ်သဖြင့် စာမေးပွဲကြေးများကို ၂ဝ၁၆ ဇွန်လ (၂၇) ရက်နေ့မှ (၃၀) ရက်နေ့အထိ၊ နံနက် (၈း၃ဝ) မှ နေ့လည် (၃:ဝဝ) အတွင်း မှတ်ပုံတင် မူရင်းနှင့် တကွ ဗြိတိသျှကောင်စီ မြေညီထပ်တွင်ရှိသော Customer Service & Sales Department တွင်လာရောက် ပေးသွင်းနိုင်ပါသည်။


စာမေးပွဲကြေးမှာ Module တစ်ခုလျှင် USD 52 ဖြစ်ပြီး Module 3 ခုရှိပါသည်။

Views: 357

Reply to This

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service