MRCS Part B (OSCE) Exam Registration

-၂ဝ၁၇ ဇန်နဝါရီလ ၁၁ ရက်မှ ၁၃ရက် အထိ MRCS Part B (OSCE)  စာမေးပွဲကို ကျင်းပမည် ဖြစ်သောကြောင့် စာမေးပွဲကြေးများကို သြဂုတ်လ (၂၂) ရက်နေ့ မှ အောက်တိုဘာလ (၂၈) ရက် နေ့ အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိCustomer Service & Sales Department တွင် တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈း၃ဝ) မှ နေ့လည် (၃း၃ဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့် တကွ လာရောက် ပေးသွင်းနိုင်ပါသည် ။ အွန်လိုင်းမှ form များကို download ရယူပြီး လိုအပ်သောစာရွက်စာတမ်းများ ယူလာရပါမည်။

စာမေးပွဲကြေး -

ရန်ကုန်တွင်စာရင်းပေးသွင်းမည့်သူများအတွက် Intercollegiate MRCS Part B (OSCE) - USD 1269

မန္တလေးတွင်စာရင်းပေးသွင်းမည့်သူများအတွက် Intercollegiate MRCS Part B (OSCE) - 1,535,490 MMK

Young Leaners Exams (YLE) Certificate Announcement

၂၀၁၆ ဇူလိုင်လ ၂၁ ရက်နေ့တွင် တွင် ဖြေဆိုထားသော Young Leaners Exams (YLE)(Starter, Movers, Flyers) စာမေးပွဲများ၏ စာမေးပွဲအောင်လက်မှတ်များကို စက်တင်ဘာလ ၂၂ ရက် မှစ၍ ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ တနင်္ဂနွေ နေ့မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း စာမေးပွဲအချိန်ဇယား၊ မှတ်ပုံတင် မူရင်း၊ ငွေသွင်းထားသောဖြတ်ပိုင်း နှင့် တကွ လာရောက် ထုတ်ယူနိုင်ပါသည်။ ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင်ရာကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။ 

LCCI 2016 June On Demand Result Announcement -

၂ဝ၁၆ ဇွန် ဖြေဆိုထားသော LCCI On Demand စာမေးပွဲများ၏ အောင်လက်မှတ်များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် စက်တင်ဘာ(၂၂) ရက် မှ ၂၀၁၆ နိုဝင်ဘာ (၂၂) ရက်ထိ တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ စာမေးပွဲဖြေဆိုထားသော အချိန်ဇယား နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင် ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

မှတ်ချက် - ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

Views: 204

Reply to This

Featured Discussions

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service