YLE Exam Timetable Slip (December 2016)

၂၀၁၆ ဒီဇင်ဘာလ (၁၃)ရက်နေ့တွင်ကျင်းပမည့် YLE (Starters | Movers | Flyers) စာမေးပွဲ၏ စာမေးပွဲ အချိန်ဇယားများ များနှင့် ဒီဇင်ဘာလ (၁၀)ရက်နေ့ တွင်ကျင်းပမည့် KET/PET စာမေးပွဲများကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် နိုဝင်ဘာလ ၂၁ရက်နေ့မှစ၍၊ နံနက် ၈:၃ဝ မှ ညနေ ၅နာရီ အတွင်း မှတ်ပုံတင်မူရင်း၊ ငွေသွင်းထားသော ဖြတ်ပိုင်း နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါသည်။

ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲကြေးသွင်းထားသော ဖြတ်ပိုင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင်ရာကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

 

 

Teaching Knowledge Test ( TKT) January 2017

 

Teaching Knowledge Test ( TKT) စာမေးပွဲများအား ၂၀၁၇ ဇန်နဝါရီ ၂၇ရက်နေ့တွင်ကျင်းပမည် ဖြစ်သဖြင့် စာမေးပွဲကြေးများကို ၂၀၁၆ဒီဇင်ဘာလ ၅ရက်နေ့မှ ဒီဇင်ဘာလ ၉ရက်နေ့အထိ၊ နံနက် (၈း၃ဝ) မှ နေ့လည် (၃:ဝဝ) အတွင်း မှတ်ပုံတင် မူရင်းနှင့် တကွ ဗြိတိသျှကောင်စီ မြေညီထပ်တွင်ရှိသော Customer Service & Sales Department တွင်လာရောက် ပေးသွင်းနိုင်ပါသည်။

စာမေးပွဲကြေးမှာ Module တစ်ခုလျှင် USD 52 ဖြစ်ပြီး Module 3 ခုရှိပါသည်။

LCCI  March Series (2017) Exam Registration

- ၂၀၁၇ မတ်လတွင် LCCI March Series (2017) စာမေးပွဲအား ကျင်းပမည်ဖြစ်သောကြောင့် private candidates (တစ်ဦးချင်းငွေသွင်းလိုသောကျောင်းသား၊သူများ) စာမေးပွဲကြေးအား နိုဝင်ဘာလ (၁၇) ရက်နေ့မှ (၃၀) ရက်နေ့အထိ ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

မှတ်ချက်။     ။  ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းလိုသော ကျောင်းသား၊သူများ သက်ဆိုင်ရာ ကျောင်းသို့တိုက်ရိုက်ဆက်သွယ်ပါ။

စာမေးပွဲကြေးများ- Level 1 - USD 33  , Level 2 - USD 38 , Level 3 - USD 43

 

LCCI Combined Diploma

- ၂၀၁၆ နိုဝင်ဘာလ (၁၅)ရက်မှ (၁၇)ရက်အထိLCCI Combined Diploma များနှင့် LCCI Group Diploma များအတွက် Diploma ပြန်ပေါင်းလျှောက်ထားခြင်းများကို လက်ခံသွားမည် ဖြစ်ပါသဖြင့် နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း ၊ သက်ဆိုင်ရာ certificate မူရင်း၊ မိတ္တူ (သို့မဟုတ်) Result Slip မူရင်း၊မိတ္တူ နှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။ Diploma ပြန်ပေါင်းလျှောက်ရန် USD ၂၈ ပေးသွင်းရမည်။

 

- LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် ပြန်လည်လျှောက်ထားလိုပါက Certificate/Diploma မိတ္တူ ၊ Result Slip မိတ္တူ နှင့်တကွ ၂၀၁၆ နိုဝင်ဘာလ (၁၅)ရက်မှ (၁၇)ရက်အထိ နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။ လက်မှတ်များ ပြန်လည်လျှောက်ထားရန် USD ၂၂ ပေးသွင်းရမည်ဖြစ်ပါသည်။

CIE (May/June 2016) Certificate Announcement

- ၂၀၁၆ဇွန်လ တွင်ဖြေဆိုထားသော CIE (GCE နှင့် IGCSE) စာမေးပွဲ အောင်လက်မှတ်များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့မနက် (၈း၃ဝ) မှ ညနေ ညနေ (၀၅:၀၀)အတွင်း စာမေးပွဲအချိန်ဇယား၊ မှတ်ပုံတင် မူရင်း၊ ငွေသွင်းထားသောဖြတ်ပိုင်း နှင့် တကွ လာရောက် ထုတ်ယူနိုင်ပါသည်။

 

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင်ရာကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

 

မှတ်ချက် - ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

ACCA (CBE) November Exam Registration


၂၀၁၆ နိုဝင်ဘာလတွင် ACCA CBE စာမေးပွဲများကို ကျင်းပမည်ဖြစ်ပါသဖြင့် စာမေးပွဲကြေးများကို ၂၀၁၆ နိုဝင်ဘာလ (၃) ရက်နေ့ မှ (၁၁) ရက်နေ့အထိ၊ တနင်္လာ မှ သောကြာနေ့ နံနက် (၈း၃ဝ) မှ နေ့လည် (၃း၃၀) အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် မှတ်ပုံတင် မူရင်းနှင့် တကွ လာရောက် ပေးသွင်း နိုင်ပါသည်။
စာမေးပွဲကြေးများ- F1, F2, F3 - USD 99 , F 4 - USD 115

LCCI 2016 August On Demand Result Announcement

 

၂ဝ၁၆ ဩဂုတ်လတွင် ဖြေဆိုထားသော LCCI On Demand စာမေးပွဲများ၏ အောင်လက်မှတ်များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် နိုဝင်ဘာ(၂) ရက် မှ ၂၀၁၇ ဇန်နဝါရီ (၃၁) ရက်ထိ တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း၊ တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ စာမေးပွဲဖြေဆိုထားသော အချိန်ဇယား နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။

 

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင် ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

 

မှတ်ချက် - ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

 

Views: 314

Reply to This

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service