KET / PET for Schools Certificate (22 October 2016 )


-၂ဝ၁၆ အောက်တိုဘာလ ၂၂ ရက်တွင် ဖြေဆိုထားသော KET | PET စာမေးပွဲများ၏ စာမေးပွဲ အောင်လက်မှတ်များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း နှင့် တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါ။
မှတ်ချက် ။ ။ ကိုယ်စားလာရောက်ထုတ်ယူလိုပါက ဖြေဆိုသူ၏ မှတ်ပုံတင် မိတ္တူ၊ ထုတ်ယူမည့်သူ၏ မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲကြေးငွေသွင်းပြေစာ သို့မဟုတ် စာမေးပွဲအချိန်ဇယား တို့ယူဆောင်၍ လာရောက်ထုတ်ယူနိုင်ပါသည်။
ကျောင်းမှ တဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား၊သူများ သက်ဆိုင်ရာ ကျောင်းသို့တိုက်ရိုက် ဆက်သွယ်ပါ။

TKT Certificate Announcement


-၂၀၁၆ အောက်တိုဘာလ (၂၇) ရက်၊ တွင်ဖြေဆိုထားသော TKT (Teaching Knowledge Training) စာမေးပွဲများ၏ Certificate များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း နှင့် တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

Edexcel IGCSE January 2017 Exams Timetable Slips Announcement


-၂၀၁၇ ဇန်နဝါရီလ တွင် ဖြေဆို မည့် Edexcel စာမေးပွဲ၏ စာမေးပွဲအချိန်စာရင်းများကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် ဒီဇင်ဘာလ (၁၆ ) ရက်နေ့ မှ (၂၁) ရက် နေ့ အထိ နံနက် (၈:၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း၊ မှတ်ပုံတင်မူရင်း၊ ငွေသွင်းပြေစာ နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။
ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ ငွေသွင်းပြေစာ နှင့် တကွ လာရောက်ထုတ်ယူနိုင်ပါသည်။
မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

ABE Medical Transfer


-၂ဝ၁၆ ဒီဇင်ဘာလ မှ ၂ဝ၁၇ ဇွန်လ သို့ ABE စာမေးပွဲအား ပြေင်းရွှေ့လိုသော ကျောင်းသူ၊သားများ Medical Transfer ကြေးများကို ဒီဇင်ဘာလ (၁၄) ရက်နေ့ မှ (၁၅) ရက်နေ့ အထိ လက်ခံသွားမည် ဖြစ်သဖြင့် တနင်္လာ နေ့ မှ သော ကြာနေ့ နံနက် (၈:၃ဝ) မှ (၃:၃ဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

Medical Transfer နှင့် သက်ဆိုင်သော ဖောင်များအား www.abeuk.com တွင် ဝင်ရောက် ဒေါင်းလုပ် လုပ်ယူနိုင် သည်။
Transfer fee: USD 20

TKT (Teaching Knowledge Test) Exam Registration


-၂ဝ၁၇ ဇန်နဝါရီလ ၂၇ ရက်နေ့ တွင် Teacher Knowledge Test စာမေးပွဲများ ကို ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို ဒီဇင်ဘာလ (၅)ရက်နေ့ မှ (၉)ရက်နေ့အထိ ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department နံနက် (၈:၃ဝ) မှ (၃:၃၀) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။


စာမေးပွဲ ဖြေဆိုရမည့်နေ့။ ။ ၂ဝ၁၇ ဇန်နဝါရီလ ၂၇ ရက်

စာမေးပွဲကြေး ။ ။ module တစ်ခုလျှင် USD ၅၂

LCCI Combined Diploma

- ၂၀၁၆ ဒီဇင်ဘာလ (၁၂)မှ(၁၆)ရက်အထိLCCI Combined Diploma များနှင့် LCCI Group Diploma များအတွက် Diploma ပြန်ပေါင်းလျှောက်ထားခြင်းများကို လက်ခံသွားမည် ဖြစ်ပါသဖြင့် နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း ၊ သက်ဆိုင်ရာ certificate မူရင်း၊ မိတ္တူ (သို့မဟုတ်) Result Slip မူရင်း၊မိတ္တူ နှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။ Diploma ပြန်ပေါင်းလျှောက်ရန် USD ၂၈ ပေးသွင်းရမည်။

 

- LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် ပြန်လည်လျှောက်ထားလိုပါက Certificate/Diploma မိတ္တူ ၊ Result Slip မိတ္တူ နှင့်တကွ ၂၀၁၆ ဒီဇင်ဘာလ (၁၂)မှ(၁၆)ရက် အထိ နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။ လက်မှတ်များ ပြန်လည်လျှောက်ထားရန် USD ၂၂ ပေးသွင်းရမည်ဖြစ်ပါသည်။

Views: 377

Reply to This

Replies to This Discussion

2016 June လတွင် ကျင်းပခဲ့သော LCCI Level 3 Result ကိုသိချင်ပါတယ်။ ဘယ်လိုရှာနိုင်မလဲဆိုတာသိရင် ဖြေပေးပါ။ Website page သိချင်ပါတယ်။ ဖြစ်နိုင်ရင် အကူအညီ ပေးစေလိုပါတယ်။ ကျေးဇူးပါ။

RSS

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service