-LCCI November Series 2016, Online Results Announcement

၂ဝ၁၆ နိုဝင်ဘာလတွင် ဖြေဆိုထားသော LCCI Series 2016 စာမေးပွဲများ၏ Online Result  များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း နှင့် တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ စာမေးပွဲဖြေဆိုထားသော အချိန်ဇယား နှင့်တကွ ကိုယ်တိုင် လာရောက်ကြည့်ရှူနိုင်ပါသည်။

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင် ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

 

-Young Learner Exam (YLE) 13 December 2016 Exam Result Announcement

၂ဝ၁၆ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖြေဆိုထားသော Young Learner Exam စာမေးပွဲများ၏ စာမေးပွဲ အောင်လက်မှတ်များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း နှင့် တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါ။

မှတ်ချက် ။ ။ ကိုယ်စားလာရောက်ထုတ်ယူလိုပါက ဖြေဆိုသူ၏ မှတ်ပုံတင် မိတ္တူ၊ ထုတ်ယူမည့်သူ၏ မှတ်ပုံတင်မူရင်း နှင့်  မိတ္တူ၊ စာမေးပွဲကြေးငွေသွင်းပြေစာ သို့မဟုတ် စာမေးပွဲအချိန်ဇယား တို့ယူဆောင်၍ လာရောက်ထုတ်ယူနိုင်ပါသည်။

ကျောင်းမှ တဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား၊သူများ သက်ဆိုင်ရာ ကျောင်းသို့တိုက်ရိုက် ဆက်သွယ်ပါ။

-Cambridge International Exams (CIE) Exam Registration

 

၂ဝ၁၇ မေ ၊ ဇွန်လတွင် Cambridge International Exams (CIE) စာမေးပွဲကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို ဇန်န၀ါရီလ (၂၃) ရက်နေ့မှ ဖေဖော်ဝါရီလ (၀၃) ရက်နေ့အထိ ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ သောကြာနေ့ ၊ နံနက် (၈:၃ဝ) မှ (၃:၃ဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

မှတ်ချက် ။ Passport Size ဓါတ်ပုံ ၁ ပုံယူလာပါရန်။

 

-LCCI Combined Diploma

- ၂၀၁၇ ဇန်နဝါရီလ (၃၀)ရက်မှ (၃၁)ရက်အထိLCCI Combined Diploma များနှင့် LCCI Group Diploma များအတွက် Diploma ပြန်ပေါင်းလျှောက်ထားခြင်းများကို လက်ခံသွားမည် ဖြစ်ပါသဖြင့် နံနက် (၈:၃ဝ) မှ (၃:၃ဝ) အတွင်း မှတ်ပုံတင်မူရင်း ၊ သက်ဆိုင်ရာ certificate မူရင်း၊ မိတ္တူ (သို့မဟုတ်) Result Slip မူရင်း၊မိတ္တူ နှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။ Diploma ပြန်ပေါင်းလျှောက်ရန် USD ၂၈ ပေးသွင်းရမည်။

 

- LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် ပြန်လည်လျှောက်ထားလိုပါက Certificate/Diploma မိတ္တူ ၊ Result Slip မိတ္တူ နှင့်တကွ ၂၀၁၇ ဇန်နဝါရီလ (၃၀)ရက်မှ (၃၁)ရက်အထိ နံနက် (၈:၃ဝ) မှ (၃:၃၀) အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။ လက်မှတ်များ ပြန်လည်လျှောက်ထားရန် USD ၂၂ ပေးသွင်းရမည်ဖြစ်ပါသည်။

 

-KET/PET for Schools Exam Registration

၂၀၁၇ မတ်လ (၁၁)ရက်နေ့တွင် KET | PET For School စာမေ:ပွဲများကို ကျင်းပမည် ဖြစ်သောကြောင့် စာမေးပွဲကြေးများကို ဇန်န၀ါရီလ (၁၆) ရက်နေ့မှ (၂၇) ရက်နေ့အထိ တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၃:၃၀) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

 

Exam Fee -    KET: USD 57, PET: USD 75

 

-YLE (Young Learner) Exam Registration

၂၀၁၇မတ်လ (၂၁)ရက်နေ့တွင် Young Learner Exams စာမေ:ပွဲများကို ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို ဇန်န၀ါရီလ (၁၆) ရက်နေ့မှ (၂၇) ရက်နေ့အထိ တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၃:၃ဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

 

Exam Fee -    Starters: USD 36, Movers: USD 39, Flyers: USD 42

Views: 240

Reply to This

Featured Discussions

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service