LCCI November Series (2016) Result Slips & Certificates Announcement

- ၂၀၁၆ နိုဝင်ဘာလ တွင် ဖြေဆိုထားသော LCCI November Series 2016 စာမေးပွဲများ၏ စာမေးပွဲအောင်လက်မှတ်(certificate) များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် ဖေဖော်ဝါရီလ ၂၇ရက် မှ မေလ ၃၁ရက်အတွင်း၊ တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း ၊ တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ စာမေးပွဲဖြေဆိုထားသော အချိန်ဇယား နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား ၊ ကျောင်းသူများ သက်ဆိုင်ရာ ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။ ကိုယ်စားလာရောက်ထုတ်ယူလိုပါက ဖြေဆိုသူ၏မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊၊ ကိုယ်စားလာရောက်ထုတ်ယူသူ၏ မှတ်ပုံတင်မူရင်း နှင့် မိတ္တူ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

 

LCCI  June Series Exam Registration

- ၂၀၁၆ ဇွန်လတွင် LCCI June Series စာမေးပွဲအား ကျင်းပမည်ဖြစ်သောကြောင့် private candidates (တစ်ဦးချင်းငွေသွင်းလိုသောကျောင်းသား၊သူများ) စာမေးပွဲကြေးအား မတ်လ (၆) ရက်နေ့မှ (၁၇) ရက်နေ့အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

မှတ်ချက်။     ။  ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းလိုသော ကျောင်းသား၊သူများ သက်ဆိုင်ရာ ကျောင်းသို့တိုက်ရိုက်ဆက်သွယ်ပါ။

စာမေးပွဲကြေးများ- Level 1 - USD 32  , Level 2 - USD 38 , Level 3 - USD 43

LCCI December 2016 Series Online Results Announcement

- ၂ဝ၁၆ ဒီဇင်ဘာလတွင် ဖြေဆိုထားသော LCCI Series စာမေးပွဲများ၏ Online Result များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ(၆:ဝဝ) အတွင်း၊ တနင်္ဂနွေနေ့ နံနက် (၈:၃၀) မှ ညနေ(၅:၀၀) အတွင်း မှတ်ပုံတင်မူရင်း၊ စာမေးပွဲဖြေဆိုထားသော အချိန်ဇယား နှင့်တကွ ကိုယ်တိုင် လာရောက်ကြည့်ရှုနိုင်ပါပြီ။

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင် ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

Edexcel Exam June 2017 Registration

၂ဝ၁၇ ဇွန်လတွင် Edexcel စာမေးပွဲများကို ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို ၂ဝ၁၇ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ မှ မတ်လ(၃) ရက် နေ့ အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင်   တနင်္လာ နေ့ မှ သောကြာနေ့ နံနက် (၈း၃ဝ) မှ (၃းဝဝ) အတွင်း မှတ်ပုံတင် မူရင်း ၊ လိုင်စင်ဓါတ်ပုံ (၁) ပုံ နှင့် တကွ လာရောက် ပေးသွင်းနိုင်ပါသည်။

 

မှတ်ချက်။ ။ ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းလိုသော ကျောင်းသား၊သူများ သက်ဆိုင်ရာ ကျောင်းသို့တိုက်ရိုက်ဆက်သွယ်ပါ။

 

LCCI March Series 2017 Timetable Slip Announcement

၂ဝ၁၇ မတ်လ တွင် ကျင်းပမည့် LCCI စာမေးပွဲ၏ စာမေးပွဲ အချိန်ဇယားများကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့ မှ စနေနေ့ အထိ နံနက် (၈:၃ဝ) မှ (၆:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ ငွေသွင်းထားသော ဖြတ်ပိုင်း နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။

 

ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲကြေးသွင်းထားသော ဖြတ်ပိုင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

LCCI Combined Diploma February 2017

- ၂၀၁၇ ဖေဖော်ဝါရီ ၁၃ရက် မှ ၁၅ရက်အထိLCCI Combined Diploma များနှင့် LCCI Group Diploma များအတွက် Diploma ပြန်ပေါင်းလျှောက်ထားခြင်းများကို လက်ခံသွားမည် ဖြစ်ပါသဖြင့် နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း ၊ သက်ဆိုင်ရာ certificate မူရင်း၊ မိတ္တူ (သို့မဟုတ်) Result Slip မူရင်း၊မိတ္တူ နှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။ Diploma ပြန်ပေါင်းလျှောက်ရန် USD ၂၈ ပေးသွင်းရမည်။

- LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် ပြန်လည်လျှောက်ထားလိုပါက Certificate/Diploma မိတ္တူ ၊ Result Slip မိတ္တူ နှင့်တကွ ၂၀၁၇ ဖေဖော်ဝါရီ ၁၃ရက် မှ ၁၅ရက်အထိ  နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။ လက်မှတ်များ ပြန်လည်လျှောက်ထားရန် USD ၂၂ ပေးသွင်းရမည်ဖြစ်ပါသည်။

 

Views: 303

Reply to This

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service