CIE ( November ) Certificate Announcement
- ၂ဝ၁၆ နိုဝင်ဘာလတွင် ဖြေဆိုထားသော CIE (GCE နှင့် IGCSE) စာမေးပွဲ အောင်လက်မှတ်များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း ၊ တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ စာမေးပွဲဖြေဆိုထားသော အချိန်ဇယား နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင်ရာကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

မှတ်ချက် - ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

LCCI December Series (2016) Result Slips & Certificates Announcement
- ၂၀၁၆ December လ တွင် ဖြေဆိုထားသော LCCI December Series 2016 စာမေးပွဲများ၏ စာမေးပွဲအောင်လက်မှတ်(certificate) များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် မတ်လ ၂၈ ရက် မှ ဇူလိုင်လ ၃၁ရက်အတွင်း၊ တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း ၊ တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ စာမေးပွဲဖြေဆိုထားသော အချိန်ဇယား နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။
မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား ၊ ကျောင်းသူများ သက်ဆိုင်ရာ ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။ ကိုယ်စားလာရောက်ထုတ်ယူလိုပါက ဖြေဆိုသူ၏မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊၊ ကိုယ်စားလာရောက်ထုတ်ယူသူ၏ မှတ်ပုံတင်မူရင်း နှင့် မိတ္တူ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

LCCI April 2017 Series Timetable Slips

- ၂ဝ၁၇ April လတွင် ဖြေဆိုရန် LCCI Series စာမေးပွဲများ၏ Timetable Slip များကို မတ်လ ၂၈ ရက် မှ မတ်လ ၃၁ရက်အတွင်းဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ(၆:ဝဝ) အတွင်း၊ တနင်္ဂနွေနေ့ နံနက် (၈:၃၀) မှ ညနေ(၅:၀၀) အတွင်း မှတ်ပုံတင်မူရင်း၊ ငွေသွင်းထားသောစာရွက် နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင် ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

LCCI Combined Diploma March 2017

- ၂၀၁၇ မတ်လ ၂၂ ရက် မှ ၂၄ ရက်အထိ LCCI Combined Diploma များနှင့် LCCI Group Diploma များအတွက် Diploma ပြန်ပေါင်းလျှောက်ထားခြင်းများကို လက်ခံသွားမည် ဖြစ်ပါသဖြင့် နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း ၊ သက်ဆိုင်ရာ certificate မူရင်း၊ မိတ္တူ (သို့မဟုတ်) Result Slip မူရင်း၊မိတ္တူ နှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။ Diploma ပြန်ပေါင်းလျှောက်ရန် USD ၂၈ ပေးသွင်းရမည်။

- LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် ပြန်လည်လျှောက်ထားလိုပါက Certificate/Diploma မိတ္တူ ၊ Result Slip မိတ္တူ နှင့်တကွ ၂၀၁၇ မတ်လ ၂၂ ရက် မှ ၂၄ ရက်အထိ နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။ လက်မှတ်များ ပြန်လည်လျှောက်ထားရန် USD ၂၂ ပေးသွင်းရမည်ဖြစ်ပါသည်။

Edexcel EAR (Enquiry About Result) Registration

Edexcel ဇန်နဝါရီ စာမေးပွဲရမှတ်များကို ပြန်လည်စစ်ဆေးလိုပါက စာရင်းသွင်းရန်အတွက် ၂ဝ၁၇ မတ်လ (၂) ရက်နေ့ မှ (၁၇) ရက် နေ့ အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင်   တနင်္လာ နေ့ မှ သောကြာနေ့ နံနက် (၈း၃ဝ) မှ (၃းဝဝ) အတွင်း မှတ်ပုံတင် မူရင်း နှင့် တကွ လာရောက် ပေးသွင်းနိုင်ပါသည်။

မှတ်ချက်။ ။ ကျောင်းမှ တစ်ဆင့် စာရင်းသွင်းလိုသော ကျောင်းသား၊သူများ သက်ဆိုင်ရာ ကျောင်းသို့တိုက်ရိုက်ဆက်သွယ်ပါ။

 

KET/PET for Schools Exam Registration

၂၀၁၇ မေလ (၁၄)ရက် နှင့်  (၂၇) တွင် KET | PET For School စာမေ:ပွဲများကို ကျင်းပမည် ဖြစ်သောကြောင့် စာမေးပွဲကြေးများကို မတ်လ (၂၀) ရက်နေ့မှ (၃၁) ရက်နေ့အထိ တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၃:၃ဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

 

Exam Fee -    KET: USD 57, PET: USD 75

 

YLE (Young Learner) Exam Registration

၂၀၁၇ မေလ (၂၃)ရက်နေ့တွင် Young Learner Exams စာမေ:ပွဲများကို ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို မတ်လ (၂၀) ရက်နေ့မှ (၃၁) ရက်နေ့အထိ တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၃:၃ဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

 

Exam Fee -    Starters: USD 36, Movers: USD 39, Flyers: USD 42

 

FCE Exam Registration

၂၀၁၇ ဇွန်လ (၃)ရက်နေ့တွင် FCE Exam စာမေ:ပွဲကို ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို မတ်လ (၂၀) ရက်နေ့မှ (၃၁) ရက်နေ့အထိ တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၃:၃ဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။ 

Exam Fee -    108USD

 

CAE Exam Registration

၂၀၁၇ ဇွန်လ (၃)ရက်နေ့တွင် FCE Exam စာမေ:ပွဲကို ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို မတ်လ (၂၀) ရက်နေ့မှ (၃၁) ရက်နေ့အထိ တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၃:၃ဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။ 

Exam Fee -    118USD

 

LCCI  June Series  Exam Registration

- ၂ဝ၁၇ ဇွန်လတွင် LCCI June Series  စာမေးပွဲအား ကျင်းပမည်ဖြစ်သောကြောင့် private candidates (တစ်ဦးချင်းငွေသွင်းလိုသောကျောင်းသား၊သူများ) စာမေးပွဲကြေးအား မတ်လ (၆) ရက်နေ့မှ (၁၇) ရက်နေ့အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၃:ဝဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

မှတ်ချက်။     ။  ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းလိုသော ကျောင်းသား၊သူများ သက်ဆိုင်ရာ ကျောင်းသို့တိုက်ရိုက်ဆက်သွယ်ပါ။

စာမေးပွဲကြေးများ- Level 1 - USD 33 , Level 2 - USD 38 , Level 3 - USD 43

 

Views: 280

Reply to This

Featured Discussions

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service