LCCI December (2017) Series Results Announcement

- ၂၀၁၇ ဒီဇင်ဘာလတွင်ဖြေဆိုထားသော LCCI စာမေးပွဲများ၏ စာမေးပွဲအောင်လက်မှတ်(certificate) များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် ဧပြီလ(၂၅) ရက်နေ့မှစ၍ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ စာမေးပွဲဖြေဆိုထားသော အချိန်ဇယား နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင် ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

မှတ်ချက် - ကိုယ်စားလာရောက်ထုတ်ယူလိုပါက ဖြေဆိုသူ၏မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ကိုယ်စားလာရောက်ထုတ်ယူ သူ၏ မှတ်ပုံတင်မူရင်း နှင့် မိတ္တူ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

 

LCCI Combined/ Group Diplomas Announcement

၂၀၁၈ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလများ တွင်လျှောက်ထား ထားသော Combined/ Group Diploma  များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် ဧပြီလ(၂၅) ရက်နေ့မှစ၍ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ ငွေသွင်းဖြတ်ပိုင်းနှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင် ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။ ကိုယ်စားလာရောက်ထုတ်ယူလိုပါက ဖြေဆိုသူ၏မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊၊ ကိုယ်စားလာရောက်ထုတ်ယူ သူ၏ မှတ်ပုံတင်မူရင်း နှင့် မိတ္တူ  ၊ငွေသွင်းဖြတ်ပိုင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

Edexcel (October 2017) & (January 2018) Certificates Announcement

- ၂၀၁၇ အောက်တိုဘာလ နှင့် ၂၀၁၈ ဇန်နဝါရီလ တွင်ဖြေဆိုထားသော Edexcel စာမေးပွဲများ၏ Certificate များကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် ဧပြီလ ၂၁ရက်နေ့မှစ၍ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း စာမေးပွဲအချိန်ဇယား၊မှတ်ပုံတင် မူရင်း၊ ငွေသွင်းထားသောဖြတ်ပိုင်း နှင့် တကွ လာရောက် ထုတ်ယူနိုင်ပါသည်။

 

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင် ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

 

မှတ်ချက် - ကိုယ်စားလာရောက်ထုတ်ယူလိုပါက ကိုယ်စားလှယ်လွှဲစာ မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲ အချိန်စာရင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

 

Edexcel May/June 2018 Exam Timetable Slips

၂၀၁၈ မေ/ဇွန် လတွင် တွင် ကျင်းပမည့် Edexcel စာမေးပွဲ၏ စာမေးပွဲ အချိန်ဇယားများကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင်  ဧပြီလ ၂၁ရက်နေ့မှစ၍ ၊ နံနက် (၈:၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ ငွေသွင်းထားသော ဖြတ်ပိုင်း နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါသည်။

ကိုယ်စားလာရောက်ထုတ်ယူလိုပါက ကိုယ်စားလှယ်လွှဲစာ မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲကြေးသွင်းထားသော ဖြတ်ပိုင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင်ရာကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

LCCI July Series 2018 Exam Registration

 

၂၀၁၈ ဇူလိုင် LCCI July Series စာမေးပွဲအား ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို ဧပြီလ ၁၈ရက်နေ့မှ မေလ ၂ရက်နေ့အထိအတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ (၄:၀၀) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက် ပေးသွင်း နိုင်ပါသည်။

 

မှတ်ချက်။ ။ ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းလိုသော ကျောင်းသား၊သူများ သက်ဆိုင်ရာ ကျောင်းသို့တိုက်ရိုက်ဆက်သွယ်ပါ။


စာမေးပွဲကြေးများ- Level 1 - USD 28 , Level 2 - USD 33 , Level 3 - USD 37

 

LCCI Combined Diploma and Replacement Registration

 

၂၀၁၈ ဧပြီလ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိ LCCI Combined Diploma များနှင့် LCCI Group Diploma များအတွက် Diploma ပြန်ပေါင်းလျှောက်ထားခြင်းများ  နှင့် LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် ပြန်လည်လျှောက်ထားခြင်းများ ကို လက်ခံသွားမည် ဖြစ်ပါသဖြင့် တနင်္လာနေ့မှ သောကြာနေ့ နံနက်(၈:၃ဝ) ညနေ (၄)နာရီအတွင်း မှတ်ပုံတင်မူရင်း ၊ သက်ဆိုင်ရာ certificate မူရင်း၊ မိတ္တူ နှင့် Result Slip မူရင်း၊မိတ္တူ တို့နှင့်တကွ လာရောက် လျှောက်ထားနိုင်ပါသည်။

Diploma ပြန်ပေါင်းလျှောက်ရန် USD၂၄ပေးသွင်းရမည်။

LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် လက်မှတ်များ ပြန်လည်လျှောက်ထားရန် USD ၁၉ ပေးသွင်းရမည်ဖြစ်ပါသည်။

 

ACCA (CBE) Exam Registration 

 

၂၀၁၈ ဧပြီလတွင် ACCA CBE စာမေးပွဲများကို ကျင်းပမည်ဖြစ်ပါသဖြင့် စာမေးပွဲကြေးများကို ၂၀၁၈ ဧပြီလတွင် (၅) ရက်နေ့ မှစ၍ (၁၀) ရက်နေ့အထိ တနင်္လာ မှ သောကြာနေ့ နံနက် (၈း၃ဝ) မှ ညနေ (၄)နာရီအထိ အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင်မှတ်ပုံတင် မူရင်းနှင့် တကွ လာရောက် ပေးသွင်း နိုင်ပါပြီ။

 

Views: 338

Reply to This

Replies to This Discussion

Group Diploma တွဲထားတာဘယ်တုန်းကလဲဆိုတာCertificateမှာဘယ်လိုကြည့်ရတာလဲပြောပြပေးပါဦး

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service