UK စာမေးပွဲသတင်းများ ဇွန်လ၂၀၁၈

LCCI September Series Exam Registration


- ၂ဝ၁၈ စက်တင်ဘာလတွင် LCCI September Series စာမေးပွဲအား ကျင်းပမည်ဖြစ်သောကြောင့် private candidates (တစ်ဦးချင်းငွေသွင်းလိုသောကျောင်းသား၊ကျောင်းသူများသည်) စာမေးပွဲကြေးအား ဇွန်လ (၁၈) ရက်နေ့မှ ဇူလိုင်လ (၀၃)
ရက်နေ့အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ             သောကြာနေ့ နံနက် (၈:၃ဝ) မှ ညနေ(၄:ဝဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

မှတ်ချက်။ ။ ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းလိုသော ကျောင်းသား၊သူများ သက်ဆိုင်ရာ ကျောင်းသို့တိုက်ရိုက်ဆက်သွယ်ပါ။
စာမေးပွဲကြေးများ- Level 1 - USD 28 , Level 2 - USD 33 , Level 3 - USD 37

LCCI Combined Diploma


- ၂၀၁၈ ဇွန်လ (၂၀)ရက်မှ (၂၂)ရက်အထိLCCI Combined Diploma များနှင့် LCCI Group Diploma များအတွက် Diploma ပြန်ပေါင်းလျှောက်ထားခြင်းများကို လက်ခံသွားမည် ဖြစ်ပါသဖြင့် နံနက် (၈:၃ဝ) မှ (၄:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း ၊ သက်ဆိုင်ရာ certificate မူရင်း၊ မိတ္တူ (သို့မဟုတ်) Result Slip မူရင်း၊မိတ္တူ နှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။ Diploma ပြန်ပေါင်းလျှောက်ရန် USD ၂၄ ပေးသွင်းရမည်။

- LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် ပြန်လည်လျှောက်ထားလိုပါက Certificate/Diploma မိတ္တူ ၊ Result Slip မိတ္တူ နှင့်တကွ ၂၀၁၈ ဇွန်လ (၂၀)ရက်မှ (၂၂)ရက်အထိ နံနက် (၈:၃ဝ) မှ (၄:ဝဝ) အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။ လက်မှတ်များ ပြန်လည်လျှောက်ထားရန် USD ၁၉ ပေးသွင်းရမည်ဖြစ်ပါသည်။

YLE Exam Timetable Slip


၂၀၁၈ ဇူလိုင် ၁၇ ရက် တွင် ကျင်းပမည့် YLE (Starters | Movers | Flyers) စာမေးပွဲ၏ စာမေးပွဲ အချိန်ဇယားများကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် ၊ တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း ၊ တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ ငွေသွင်းထားသော ဖြတ်ပိုင်း နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါသည်။
ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲကြေးသွင်းထားသော ဖြတ်ပိုင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။
မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင်ရာကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

LCCI July Series Timetable Slip Announcement


၂၀၁၈ ဇူလိုင် တွင် ကျင်းပမည့် LCCI စာမေးပွဲ၏ စာမေးပွဲ အချိန်ဇယားများကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့ မှ စနေနေ့ အထိ နံနက် (၈:၃ဝ) မှ (၅:ဝဝ) အတွင်း ၊ တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်းမှတ်ပုံတင်မူရင်း၊ ငွေသွင်းထားသော ဖြတ်ပိုင်း နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။
ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲကြေးသွင်းထားသော ဖြတ်ပိုင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။

မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင် ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

Views: 213

Reply to This

Replies to This Discussion

July 17 YLE Exam အတွ က် Private Candidate ဆိုရင်ေ ငွ သွ င်းလို့ ရေ သးလား သိချင်ပါတယ်

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service