LCCI September Series Exam Registration
- ၂ဝ၁၈ စက်တင်ဘာလတွင် LCCI September Series စာမေးပွဲအား ကျင်းပမည်ဖြစ်သောကြောင့် private candidates (တစ်ဦးချင်းငွေသွင်းလိုသောကျောင်းသား၊ကျောင်းသူများသည်) စာမေးပွဲကြေးအား ဇွန်လ (၁၈) ရက်နေ့မှ ဇူလိုင်လ (၀၃)
ရက်နေ့အတွင်း ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ ညနေ(၄:ဝဝ) အတွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။
မှတ်ချက်။ ။ ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းလိုသော ကျောင်းသား၊သူများ သက်ဆိုင်ရာ ကျောင်းသို့တိုက်ရိုက်ဆက်သွယ်ပါ။
စာမေးပွဲကြေးများ- Level 1 - USD 28 , Level 2 - USD 33 , Level 3 - USD 37
LCCI Combined Diploma
- ၂၀၁၈ ဇွန်လ (၂၀)ရက်မှ (၂၂)ရက်အထိLCCI Combined Diploma များနှင့် LCCI Group Diploma များအတွက် Diploma ပြန်ပေါင်းလျှောက်ထားခြင်းများကို လက်ခံသွားမည် ဖြစ်ပါသဖြင့် နံနက် (၈:၃ဝ) မှ (၄:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း ၊ သက်ဆိုင်ရာ certificate မူရင်း၊ မိတ္တူ (သို့မဟုတ်) Result Slip မူရင်း၊မိတ္တူ နှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။ Diploma ပြန်ပေါင်းလျှောက်ရန် USD ၂၄ ပေးသွင်းရမည်။
- LCCI Certificate နှင့် Diploma လက်မှတ်များ ပျောက်ဆုံးပျက်စီးခြင်းအတွက် ပြန်လည်လျှောက်ထားလိုပါက Certificate/Diploma မိတ္တူ ၊ Result Slip မိတ္တူ နှင့်တကွ ၂၀၁၈ ဇွန်လ (၂၀)ရက်မှ (၂၂)ရက်အထိ နံနက် (၈:၃ဝ) မှ (၄:ဝဝ) အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။ လက်မှတ်များ ပြန်လည်လျှောက်ထားရန် USD ၁၉ ပေးသွင်းရမည်ဖြစ်ပါသည်။
YLE Exam Timetable Slip
၂၀၁၈ ဇူလိုင် ၁၇ ရက် တွင် ကျင်းပမည့် YLE (Starters | Movers | Flyers) စာမေးပွဲ၏ စာမေးပွဲ အချိန်ဇယားများကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် ၊ တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း ၊ တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်း မှတ်ပုံတင်မူရင်း၊ ငွေသွင်းထားသော ဖြတ်ပိုင်း နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါသည်။
ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲကြေးသွင်းထားသော ဖြတ်ပိုင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။
မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင်ရာကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။
LCCI July Series Timetable Slip Announcement
၂၀၁၈ ဇူလိုင် တွင် ကျင်းပမည့် LCCI စာမေးပွဲ၏ စာမေးပွဲ အချိန်ဇယားများကို ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် တနင်္လာနေ့ မှ စနေနေ့ အထိ နံနက် (၈:၃ဝ) မှ (၅:ဝဝ) အတွင်း ၊ တနင်္ဂနွေနေ့ မနက် (၈း၃ဝ) မှ ညနေ (၅:ဝဝ) အတွင်းမှတ်ပုံတင်မူရင်း၊ ငွေသွင်းထားသော ဖြတ်ပိုင်း နှင့်တကွ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါပြီ။
ကိုယ်စားလာရောက်ထုတ်ယူလိုပါက မှတ်ပုံတင်မူရင်း နှင့် မိတ္တူ၊ စာမေးပွဲကြေးသွင်းထားသော ဖြတ်ပိုင်းနှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။
မှတ်ချက် - ကျောင်းမှ တစ်ဆင့် စာမေးပွဲကြေးသွင်းထားသော ကျောင်းသား| ကျောင်းသူများ သက်ဆိုင် ကျောင်းသို့ တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။
Tags:
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Follow us on Twitter | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |