Understanding IELTS: Techniques for English Language Tests - ဗြိတိသျှကောင်စီ၏ အခမဲ့ online IELTS သင်တန်း

သင်တန်းကြေး - လူတိုင်းအတွက် အခမဲ့
သင်တန်းစတင်မည့်နေ့ - ၂၀၁၇ မေလ ၂၉ ရက် (တနင်္လာနေ့)
သင်တန်းကာလ - ၆ ပါတ် (၁ ပါတ် လျှင် ၂ နာရီ)


သင်တန်းအချိန်ဇယား နှင့် သင်ကြားမည့်အကြောင်းအရာများ


Week 1 - Meet the Educators and share your feelings about exams - Get an overview of IELTS test
Week 2 - Speaking - tips to improve your Speaking. An opportunity to understand the Speaking assessment criteria.
Week 3 - Listening
Week 4 - Writing - General Training-tips to improve your writing - listen to a teacher giving feedback on a student’s writing
Week 5 - Reading
Week 6 - Academic Writing - tips on what many people find to be the most challenging part of the IELTS test


တက်ရောက်ရန် - https://goo.gl/vmz9Hm သို့သွားရောက် စာရင်းပေးကာ စတင်တက်ရောက်နိုင်ပါသည်။


IELTS ဖြေဆိုရန် လေ့လာသင်ယူနေသူများနှင့် အင်္ဂလိပ်စာလေ့လာလိုက်စားသော သူများအတွက် ရည်ရွယ်ထားပြီး လက်လွတ်မခံသင့်သော ဗြိတိသျှကောင်စီ၏ အခမဲ့ online သင်တန်းတစ်ခုဖြစ်ပါသည်။

ဤသင်တန်းသည် ရက်သတ္တပတ် ခြောက်ပတ်ကြာမြင့်မည်ဖြစ်ပြီး တစ်ပတ်လျှင် ၂ နာရီ အချိန်ပေးရုံ ဖြင့် IELTS စာမေးပွဲ အကြောင်း၊ အမှတ်ပေးပုံစံ နှင့် စာမေးပွဲဖြေဆိုရန် ပြင်ဆင်လေ့လာနေသူများအတွက် အသုံးဝင်သော အကြံပေးချက်များကိုပါ လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။


IELTS တွင်ဖြေဆိုရသော reading, writing, speaking နှင့် listening အပိုင်းတိုင်းအတွက် video tutor နှင့် အတွေ့အကြုံရှိ IELTS နည်းပြဆရာများမှ အကြံပေးသင်ကြားပေးသွားမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ IELTS စာမေးပွဲအတွက်လေ့လာသင်ယူနေသူများနှင့်လည်း အတွေ့အကြုံများ ဖလှယ်နိုင်သည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ပါသည်။


သင်တန်းပြီးဆုံးသောအခါတွင်

  • IELTS စာမေးပွဲ စစ်ဆေးမှုပုံစံအား သေချာစွာသိရှိနားလည်နိုင်ခြင်း
  • အသုံးဝင်သော tips နှင့် advice များအား သိရှိခြင်း
  • မိမိ ၏ writing နှင့် speaking အင်္ဂလိပ်စာ အရည်အချင်းအား အခြားသော သင်ယူလေ့လာနေသူများမှ အကဲဖြတ် ဝေဖန်အကြံပြုနိုင်ခြင်း အစရှိသောအကျိုးကျေးဇူးများအား ရရှိနိုင်မည်ဖြစ်ပါသည်။


ဤသင်တန်း နှင့်ပတ်သက်ပြီး ထပ်မံသိရှိလိုပါက ဗြိတိသျှကောင်စီ၏ Facebook messenger http://m.me/BritishCouncilMyanmar သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

__________

အများ မေးတတ်သည့်မေးခွန်းများ (FAQS) 


မေး ။ သင်တန်းတစ်ခုလုံးက အခမဲ့သင်တန်းလား?
ဖြေ ။ ဟုတ်ပါတယ်။ သင်တန်း အစမှ အဆုံး အခမဲ့ပါ။ သင်တန်းဆင်းလက်မှတ် "Statement of Participation" ကို နိုင်ငံတကာသုံး credit card ရှိပါက ဝယ်ယူလိုပါက ဝယ်ယူခွင့်ပြုထားမည် ဖြစ်ပါသည်။ သင်တန်းတက်ရန်သက်သက်ဆိုပါက ငွေကြေးကုန်ကျမှုလုံးဝမရှိပါ။


မေး ။ သင်တန်းက ဘယ်အချိန်မှာ စတင်မှာလဲ?
ဖြေ ။ သင်တန်းတက်ဖို့ စာရင်းသွင်းပြီးတာနဲ့ ၂၀၁၇ မေလ ၂၉ ရက် (တနင်္လာနေ့) ယူကေအချိန် ၀၀၀၀ နာရီ (မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ) မှာ စတင်ပြီး သင်တန်းကို ဝင်ရောက်လေ့လာနိုင်ပြီဖြစ်ပြီး မိမိနှစ်သက်သလို သင့်တော်ရာ အချိန်နှင့် စိတ်ကြိုက်လေ့လာနိုင်သောနှုန်းများဖြင့် တစ်ဆင့်ပြီး တစ်ဆင့် လေ့လာသွားရုံပါဘဲ။ ကြိုတင် စာရင်းသွင်းရန် ဤ link ကိုသွားပါ - https://goo.gl/vmz9Hm


မေး ။ သင်တန်းတက်ရင်း ဆွေးနွေးဖို့ web camera လို ဦးမှာလား?
ဖြေ ။ တိုက်ရိုက် ဗီဒီယို သင်တန်းဆွေးနွေးပွဲ မဟုတ်တော့ web cam မလိုပါဘူး။


မေး ။ သင်တန်းက ဘယ်မှာ လုပ်ပေးမှာလဲ?
ဖြေ ။ ဒီသင်တန်းက online သင်တန်းစစ်စစ်ဖြစ်ပါတယ်။ သင်ကြားမှု အစိတ်အပိုင်းကဏ္ဍအားလုံးကို မိမိနိုင်သလောက် အချိန်ပေးလေ့လာနိုင်ပါတယ်။  မေလ ၂၉ ရက် တနင်္လာနေ့ ကစလို့ ကြိုက်တဲ့ အချိန်မှာ ဝင်လေ့လာနိုင်ပါတယ်။ အပတ်စဉ် ပါဝင်တဲ့ ကဏ္ဍတွေ အပြည့်အစုံလေ့လာဖို့ရာ တစ်ပတ်လျှင် ၂ နာရီခန့် အချိန်ပေးဖို့လိုအပ်ပါမယ်။


မေး ။ သင်တန်းအတွင်း online ဆွေးနွေးပွဲတွေ လုပ်တဲ့အခါ အရေးအသားနဲ့ သို့မဟုတ် မျက်နှာချင်းဆိုင် စကားဝိုင်းတွေနဲ့ လုပ်ရပါသလား?
ဖြေ ။ ဆွေးနွေးပွဲတွေက online စာမျက်နှာထက်မှာ ကော်မန့်(comment) တွေ ရေးရုံပါဘဲ။ မျက်နှာချင်းဆိုင် စကားဝိုင်းမျိုး မပါဝင်ပါ။ သင်တန်းသားတွေက သင်တန်းတစ်လျှောက် သိလိုရာများ၊ ဆွေးနွေးစရာများကို ကောမန့် (comment) များ ပို့စ်လုပ်ပြီး မေးမြန်းဆွေးနွေးနိုင်ပါတယ်။


မေး ။ ဒီသင်တန်းကို ဘယ်သူက ကြီးကြပ်မှာလဲ? အင်္ဂလိပ်စာဆရာ တစ်ယောက်ယောက်က သင်တန်းသားတွေကို စောင့်ကြပ်ကူညီပေးမှာလား?
ဖြေ ။ ဗြိတိသျှကောင်စီမှ online ကျူတာ (tutor) တွေက ကြီးကြပ်ပေးမှာဖြစ်ပြီး ဆွေးနွေးပွဲများကိုလည်း လမ်းညွှန်ကူညီမှာ ဖြစ်ပါတယ်။ သိလိုရာ မေးခွန်းများကိုလည်း ဖြေကြားပေးမှာ ဖြစ်ပါတယ်။


မေး ။ သင်တန်းဆင်း စာမေးပွဲဖြေစရာ လိုပါသလား?
ဖြေ ။ သင်တန်းပြီးဆုံးတဲ့အခါလည်း သင်တန်းဆင်း စာမေးပွဲဖြေစရာ မလိုပါဘူး။


မေး ။ သင်တန်းပြီးဆုံးတဲ့အခါ သင်တန်းဆင်းလက်မှတ်ရမှာလား?
ဖြေ ။ သင်တန်းတစ်ခုလုံးရဲ့ အခန်းကဏ္ဍ ၉၀ % ကျော်ပြီး အဖြေများ၏ ၇၀% ကျော်မှန်ကန်ပါက သင်တန်းဆင်းလက်မှတ် "Statement of Participation" ကို နိုင်ငံတကာသုံး credit card ရှိပါက ဝယ်ယူခွင့်ရမှာ ဖြစ်ပါတယ်။

 


<Zawgyi> ဗြိတိသျှကောင်စီအကြောင်း သိချင်သမျှကို Messenger မှတဆင့်မေးနိုင်တာ သင်သိပါသလား? ကျွန်တော်တို့ရဲ့ Customer Service Officer များမှ အပြည့်စုံဆုံး၊ အမြန်ဆုံးပြန်လည်ဖြေကြားပေးမှာဖြစ်လို့ http://m.me/BritishCouncilMyanmar ကိုသာနှိပ်ပြီး မေးလိုတာအားလုံးကို မေးနိုင်ပါပြီ။

<Unicode> ဗြိတိသျှကောင်စီအကြောင်း သိချင်သမျှကို Messenger မှတဆင့်မေးနိုင်တာ သင်သိပါသလား? ကျွန်တော်တို့ရဲ့ Customer Service Officer များမှ အပြည့်စုံဆုံး၊ အမြန်ဆုံးပြန်လည်ဖြေကြားပေးမှာဖြစ်လို့ http://m.me/BritishCouncilMyanmar ကိုသာနှိပ်ပြီး မေးလိုတာအားလုံးကို မေးနိုင်ပါပြီ။

 

Views: 11372

Reply to This

Replies to This Discussion

သင်တန်း ဆင်းလက်မှတ်ကို BC မှကူညီပါသလား

သင်တန်းဆင်းလက်မှတ်အား နိုင်ငံတကာသုံး credit card ဖြင့် ကိုယ်တိုင်ဝယ်ယူရမှာဖြစ်ပါတယ်။ British Council မှမလုပ်ပေးပါဘူးရှင်။

Sure, We help you everything.

thanks alot.

သင်တန်းကိုဘယ်လိုတက်ရမလဲသိချင်ပါတယ်...။ သင်တန်းဆင်းလက်မှတ်လည်းရချင်ပါတယ်...။

IELTS free online course ရဲ့ သင်ခန်းစာတွေ ဘယ်မှာတင်ထားပါလဲရှင်။ဘယ်linkကသွားရမလဲ။

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service