"Understanding Language: Learning and Teaching" အခမဲ့ အွန်လိုင်းသင်တန်း ထပ်မံဖွင့်လှစ်

University of Southampton နှင့် ဗြိတိသျှကောင်စီတို့မှ ပူးတွဲပို့ချမည့် "Understanding Language: Learning and Teaching" အခမဲ့ အွန်လိုင်းသင်တန်း

သင်တန်းကြေး - လူတိုင်းအတွက် အခမဲ့
သင်ကြားမည့် အကြောင်းအရာ - ဘာသာစကားများကို ထိရောက်စွာ သင်ကြားလေ့လာရန် အဓိကကျသော အယူအဆအချို့ကို မိတ်ဆက်ခြင်း 
သင်တန်းစတင်မည့်နေ့ - ဧပြီလ ၂၀ ရက် တနင်္လာနေ့ 
သင်တန်းကာလ - ၄ ပါတ် (၁ ပါတ် လျှင် ၃ နာရီ)
လိုအပ်ချက် - ဤသင်တန်းသည် ဘာသာစကား ဖွံ့ဖြိုးရေးနှင့် ဘာသာစကားသင်ကြားရေးကို စိတ်ဝင်စားသော (အင်္ဂလိပ်ဘာသာ အဆင့် C1 level on CEFR သို့မဟုတ် IELTS ရမှတ် band 7 ရနိုင်သူ)  အင်္ဂလိပ်စာဆရာ၊ ဆရာမများနှင့် ဘွဲ့ ရပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ပါသည်။ သို့ရာတွင် စိတ်ဝင်စားသူ မည်သူကိုမဆို အကန့်အသတ်မရှိ တက်နိုင်သည်။


တက်ရောက်ရန် - https://www.futurelearn.com/courses/understanding-language သို့သွားရောက်ကြိုတင် စာရင်းပေးရမည်

သင်တန်းမိတ်ဆက်

ဤသင်တန်းတွင် Applied Linguistics and English Language Teaching ဘာသာရပ်ကို ဘွဲ့လွန်သင်တန်းများ ပို့ချလျက်ရှိသော University of Southampton နှင့် ဗြိတိသျှကောင်စီတို့၏ ပူးတွဲပို့ချသော ဤသင်တန်းတွင် English Language Teaching ELT MA မဟာဘွဲ့ သင်တန်းမှ အယူအဆတစ်ချို့ကို အမြည်းအစမ်း ပေးမည်ဖြစ်ပါသည်။


FutureLearn ( www.futurelearn.com ) ဝက်ဗ်ဆိုဒ်မှ တဆင့် ပို့ချသည့် အခမဲ့ အွန်လိုင်းသင်တန်းတွင် ဘာသာစကားဆိုသည်မှာ အဘယ်နည်း၊ ဘာသာစကားအသစ်တစ်ခု၏ စကားလုံးများကို မည်ကဲ့သို့ လေ့လာသနည်း၊ ဘာသာစကားကို လေ့လာရာတွင် အဘယ်အရာတို့က လွယ်၍ အဘယ်အရာတို့က ခက်သနည်း၊ ဘာသာစကားကို စနစ်တကျ သင်ကြားလေ့လာရန် ကျွန်ုပ်တို့ အဘယ်အရာများသိထားကြသနည်း
စသည့် မေးခွန်းများအတွက် အဖြေများကို ထုတ်ဖော်ဆွေးနွေးပေးမည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းပြီးဆုံးသောအခါ ဘာသာစကားကို ထိရောက်စွာ သင်ကြားလေ့လာရာတွင် မည်သည်တို့ကို လိုအပ်သည်ကို သင်သိရမည်ဖြစ်ပါသည်။ 
ဤသင်တန်းသည် ရက်သတ္တ လေးပါတ်ကြာမြင့်မည်ဖြစ်ပြီး ဘာသာစကားလေ့လာသင်ကြားမှုတွင် အကောင်းဆုံးသော တွေ့ရှိချက်များနှင့် နည်းဗျူဟာများကို မိတ်ဆက်ပေးမည်ဖြစ်ပါသည်။


ထို့အပြင် ဒုတိယဘာသာစကား လေ့လာခြင်းနှင့် အဘယ်ကြောင့် ဘာသာစကား လေ့လာခြင်းဆိုသည့် အကြောင်းများကို ရှင်းလင်းသင်ပြခြင်း၊ စာသင်ခန်းများ၏ ကဏ္ဍကို ထည့်သွင်းစဉ်းစားကာ ဘာသာစကားလေ့လာခြင်းတွင် သင်ကြားမှု၏ သက်ရောက်မှုကို ရှင်းပြခြင်း၊ နည်းပညာအသုံးချမှု နှင့် ဘာသာစကားလေ့လာမှုအပေါ် ၎င်း၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများကို လေ့လာခြင်းတို့ ပါဝင်မည်ဖြစ်ပါသည်။


အဆုံးသတ်တွင် ကမ္ဘာ့အသုံးအများဆုံး၊ သင်ယူမှု သင်ကြားပေးမှု အများဆုံးဖြစ်သည့် အင်္ဂလိပ်ဘာသာအား လေ့လာခြင်းကို စူးစမ်းလေ့လာပါမည်။ အင်္ဂလိပ်စာသည် အဘယ်ကြောင့် ထိပ်ဆုံးနေရာကို ရနေသည်၊ သင်ကြားရေး ပေါ်လစီ နှင့် အခြား ဘာသာစကားများအပေါ် အင်္ဂလိပ်စာ၏ ပြန့်နှံ့မှုများကိုလည်း ထည့်သွင်းဆွေနွေးသွားမည်ဖြစ်သည်။


ဤသင်တန်းတွင် ပဟေဠိများ၊ လေ့ကျင့်ခန်းများ၊ ဆွေးနွေးပွဲများနှင့် ကမ္ဘာအရပ်ရပ်တွင် ရိုက်ကူးထားသော ဗီဒီယိုများ ပါဝင်ပါသည်။ ဗီဒီယိုများထဲတွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဗြိတိသျှကောင်စီမှ ဆရာ ဆရာမများ နှင့် University of Southampton မှ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ ပါဝင်ကြပါသည်။


သင်တန်းတစ်လျှောက်တွင်လည်း ထင်မြင်ချက်များနှင့် အကြံဥာဏ်များ ဖလှယ်ကြသည့် ဆွေးနွေးပွဲများကို နားထောင်ရမည်ဖြစ်ပြီး သင်ကိုယ်တိုင်လည်း ပါဝင်ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။ သင့် နေ့စဉ်ဘဝမှာ ဘာသာစကားကို မည်ကဲ့သို့ အသုံးပြုပုံ၊ သင်၏ ဘာသာစကားလေ့လာသင်ကြားမှု အတွေ့အကြုံများ စသည်တို့ကို ဆွေးနွေးရန် ဖိတ်ခေါ်အပ်ပါသည်။


သင်တန်းတက်ရာတွင် PC နှင့် laptop များဖြင့်သာမက tablet နှင့် မိုဘိုင်လ်ဖုံးများဖြင့်လည်း လွယ်ကူစွာအသုံးပြုနိုင်ပြီး ဗီဒီယိုကြည့်ရှူရန် အင်တာနက်နှေးကွေးနေပါက ဗီဒီယိုပါအကြောင်းအရာအားလုံးကို pdf ဖိုင်ဖြင့် download ရယူသိမ်းဆည်းဖတ်ရှူ နိုင်သည်။


ဤသင်တန်းသည် ဘာသာစကား ဖွံ့ဖြိုးရေးနှင့် ဘာသာစကားသင်ကြားရေးကို စိတ်ဝင်စားသော ဘွဲ့ ရပြီး ကျောင်းသားများအတွက် ရည်ရွယ်ပါသည်။ သို့ရာတွင် သင်တန်းအတွက် လိုအပ်သော ဗဟုသုတများမရှိသော်လည်း ဘာသာစကား လေ့လာသင်ကြားရန် စိတ်ဝင်စားသူ မည်သူကိုမဆို ဤသင်တန်းမှ ကြိုဆိုပါသည်။


အများ မေးတတ်သည့်မေးခွန်းများ (FAQs)

မေး ။ သင်တန်းတစ်ခုလုံးက အခမဲ့သင်တန်းလား?
ဖြေ ။ ဟုတ်ပါတယ်။ သင်တန်း အစမှ အဆုံး အခမဲ့ပါ။ သင်တန်းဆင်းလက်မှတ် "Statement of Participation" ကို နိုင်ငံတကာသုံး credit card ရှိပါက ဝယ်ယူလိုပါက ဝယ်ယူခွင့်ပြုထားမည် ဖြစ်ပါသည်။ သင်တန်းတက်ရန်သက်သက်ဆိုပါက ငွေကြေးကုန်ကျမှုလုံးဝမရှိပါ။


မေး ။ သင်တန်းက ဘယ်အချိန်မှာ စတင်မှာလဲ?
ဖြေ ။ သင်တန်းတက်ဖို့ စာရင်းသွင်းပြီးတာနဲ့ ဧပြီလ ၂၀ ရက် တနင်္လာနေ့  ယူကေအချိန် ၀၀၀၀ နာရီ (မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ) မှာ စတင်ပြီး သင်တန်းကို ဝင်ရောက်လေ့လာနိုင်ပြီဖြစ်ပြီး မိမိနှစ်သက်သလို သင့်တော်ရာ အချိန်နှင့် စိတ်ကြိုက်လေ့လာနိုင်သောနှုန်းများဖြင့် တစ်ဆင့်ပြီး တစ်ဆင့် လေ့လာသွားရုံပါဘဲ။ ကြိုတင် စာရင်းသွင်းရန် ဤ link ကိုသွားပါ - https://www.futurelearn.com/courses/understanding-language


မေး ။ သင်တန်းတက်ရင်း ဆွေးနွေးဖို့ web camera လို ဦးမှာလား?
ဖြေ ။ တိုက်ရိုက် ဗီဒီယို သင်တန်းဆွေးနွေးပွဲ မဟုတ်တော့ web cam မလိုပါဘူး။


မေး ။ သင်တန်းက ဘယ်မှာ လုပ်ပေးမှာလဲ?
ဖြေ ။ ဒီသင်တန်းက online သင်တန်းစစ်စစ်ဖြစ်ပါတယ်။ သင်ကြားမှု အစိတ်အပိုင်းကဏ္ဍအားလုံးကို မိမိနိုင်သလောက် အချိန်ပေးလေ့လာနိုင်ပါတယ်။ ဧပြီလ ၂၀ ရက် တနင်္လာနေ့ ကစလို့ ကြိုက်တဲ့ အချိန်မှာ ဝင်လေ့လာနိုင်ပါတယ်။ အပတ်စဉ် ပါဝင်တဲ့ ကဏ္ဍတွေ အပြည့်အစုံလေ့လာဖို့ရာ တစ်ပတ်လျှင် ၃ နာရီခန့် အချိန်ပေးဖို့လိုအပ်ပါမယ်။


မေး ။ သင်တန်းအတွင်း online ဆွေးနွေးပွဲတွေ လုပ်တဲ့အခါ အရေးအသားနဲ့ သို့မဟုတ် မျက်နှာချင်းဆိုင် စကားဝိုင်းတွေနဲ့ လုပ်ရပါသလား?
ဖြေ ။ ဆွေးနွေးပွဲတွေက online စာမျက်နှာထက်မှာ ကော်မန့်(comment) တွေ ရေးရုံပါဘဲ။ မျက်နှာချင်းဆိုင် စကားဝိုင်းမျိုး မပါဝင်ပါ။ သင်တန်းသားတွေက သင်တန်းတစ်လျှောက် သိလိုရာများ၊ ဆွေးနွေးစရာများကို ကောမန့် (comment) များ ပို့စ်လုပ်ပြီး မေးမြန်းဆွေးနွေးနိုင်ပါတယ်။


မေး ။ ဒီဆွေးနွေးပွဲတွေကို ဘယ်သူက ကြီးကြပ်မှာလဲ? အင်္ဂလိပ်စာဆရာ တစ်ယောက်ယောက်က သင်တန်းသားတွေကို စောင့်ကြပ်ကူညီပေးမှာလား?
ဖြေ ။ ဗြိတိသျှကောင်စီ နှင့် University of Southampton မှ online ကျူတာ (tutor) တွေက ကြီးကြပ်ပေးမှာဖြစ်ပြီး ဆွေးနွေးပွဲများကိုလည်း လမ်းညွှန်ကူညီမှာ ဖြစ်ပါတယ်။ သိလိုရာ မေးခွန်းများကိုလည်း ဖြေကြားပေးမှာ ဖြစ်ပါတယ်။


မေး ။ သင်တန်းဆင်း စာမေးပွဲဖြေစရာ လိုပါသလား?
ဖြေ ။ သင်တန်းပြီးဆုံးတဲ့အခါလည်း သင်တန်းဆင်း စာမေးပွဲဖြေစရာ မလိုပါဘူး။


မေး ။ သင်တန်းပြီးဆုံးတဲ့အခါ သင်တန်းဆင်းလက်မှတ်ရမှာလား?
ဖြေ ။ သင်တန်းတစ်ခုလုံးရဲ့ အခန်းကဏ္ဍ ၅၀ % ကျော်ပြီး ဆုံးခဲ့မယ်ဆိုရင်တော့ သင်တန်းဆင်းလက်မှတ် "Statement of Participation" ကို နိုင်ငံတကာသုံး credit card ရှိပါက ဝယ်ယူခွင့်ရမှာ ဖြစ်ပါတယ်။


FREE ONLINE COURSE FOR TEACHERS AND EDUCATORS

Understanding Language: Learning and Teaching 

An introduction to some key concepts in the effective teaching and learning of languages


Starting date – 20 April 2015 (Register your place now!)
Duration – 4 weeks (3 hours per week)
Lead Educators for the course - Darren Paffey (Senior Lecturer - University of Southampton) and Sara Pierson (Head of English for Education Systems - British Council)

Register for FREE at https://www.futurelearn.com/courses/understanding-language



ABOUT THE COURSE

The ability to produce language is a defining characteristic of human beings. We live in a vibrant multilingual world, with language all around us. We deal with many languages daily. We speak one or more main languages at home, and may hear and use additional languages elsewhere.


But what is language? How do we learn meaning in a new language? What is easy and hard about learning another language? What do we know about effective teaching for language learning?

This free online course from the University of Southampton and the British Council will ask these questions and suggest some answers. You’ll find out what makes the teaching and learning of a language effective.


The course takes place over four weeks. It will introduce you to some of the latest ideas in research and practice in language learning and teaching. We will:

  • Explore second language learning and what it means to learn language
  • Consider language classrooms and how teaching affects our language learning
  • Look at the use of technology in teaching, and its benefits and challenges for language learning.

Finally, we will investigate the case of English – the most widely learnt and taught language in the world. How has English achieved this position? What are the implications of the spread of English for policy, teaching and other languages?


The course includes quizzes, activities, discussions and videos filmed around the world. The videos feature experts such as British Council teachers, and staff and students at the University of Southampton.


During the course, you will hear different voices sharing their ideas and opinions – and we want to hear yours too. How do you use language in YOUR life? What is YOUR experience of language learning and teaching? Join us – to discuss effective language learning and teaching.


The course will give you a taster of some of the ideas covered in the MA in English Language Teaching – a joint online course from the British Council and University of Southampton which offers postgraduate study in Applied Linguistics and English Language Teaching.


REQUIREMENTS

This course is aimed at graduates with an interest in the development of languages and language teaching. Although no prior knowledge is necessary to take the course, the language level will be quite high (C1 level on the CEFR or IELTS band score 7). 


Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 3391

Reply to This

Replies to This Discussion

ညီမကအရင်online courseဖြစ်တဲ့Exploring English Language&culture မှာလည်းဆုံးအောင်တက်ခဲ့ဖူးပါတယ် ဒါပေမယ့်certificateကိုညီမတို့ဆီမှာရှိတဲ့ဟာတွေနဲ့ဝယ်လို့မရဘူးဖြစ်နေတယ်အဲဒါcertificateဝယ်လို့ရအောင်ဆောင်ရွက်ပေးပါဦးရှင့်
Very nice

very good!!!

Thanks for your sharing.

I have two question.

1)How much do we need to pay for this certificate?

2) Do you have any support to purchase this certificate? As you know, our local people are not used to with international payment cards.

BR,

SLO

Brother! Don't worry for this certificate. I have a visa card. If you finished, I am ready to help.

Thanks bro. I can manage for payment. I asked for other.. :)

San Lin Oo,

Please see below for your queries.

1) It costs you £29. Prices include VAT / local sales tax, but exclude postage and packaging. 

2) I am sorry to let you know that we do not provide any service regarding the purchase of the statement of participation at the moment.

You can also get more information about it at https://about.futurelearn.com/about/faq/?category=statements-of-par... 

Thanks for your kindly reply.

How much the certificate is?

Hi Zin Myo Lwin,

Statements of Participation is available at the price of £29 and please surf at the following link for more detail information https://about.futurelearn.com/about/faq/?category=statements-of-par...;

pls answer my question

Sis,

They already reply your question. for the moment, they don't have support for this service. But, you can get help like zin myo lwin who have international payment card.

BR,

SLO

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service