ဖေဖော်ဝါရီ ၁၄ ရက်နေ့ဆိုလျှင် ချစ်သူများနေ့ Valentine's Day တစ်ခေါက်ရောက်ပြန်ပေတော့မည်။ ချစ်သူရီးစားရှိသူတို့ကတော့ ထိုနေ့တွင် holding hands each other affectionately ကယုကယင် ရွှေလက်တွဲလျက် celebrate the day ပျော်ပွဲဝင်ဖို့ excited ရင်ခုန်နေလောက်ပေပြီ။ ချစ်သူများနေ့မှာ ချစ်သူစုံတွဲတွေဘာလုပ်ကြသနည်းဆိုတာက စိတ်ဝင်စားစရာကောင်းပေမည်။ တလွဲတော့မတွေးကြပါနဲ့။ Many people go on special dates for Valentine's Day. အများစုကတော့ ချိန်းတွေ့ကြ၊ ထွက်လည်ကြပတ်ကြတာပေါ့။ the date ချိန်းတွေ့မှုဟာ candlelit dinner ဖယောင်းတိုင်မီးလေးတွေရဲ့ မှိန်ပျပျအလင်းရောင်အောက်က ညစာစားပွဲလို romantic ချစ်ကြည်နူးဖွယ်ရာ၊ ရင်ခုန်စိတ်ကူးယဉ်စရာဖြစ်နိုင်ပါတယ်။ မိမိတို့အိမ်မှာကိုယ်တိုင်ချက်ပြုတ်လို့ ဖြစ်စေ စားသောက်ဆိုင်ကောင်းကောင်း တစ်ခုကိုသွားလို့ဖြစ်စေကြိုက်ရာရွေးချယ်နိုင်ပါတယ်။ ထုံးစံကတော့ ယောက်ျားလေးက အကုန်အကျခံရတာများပေမယ့် go Dutch တစ်ယောက်တစ်ဝက် မျှခံကြသူတွေလည်းရှိပါတယ်။

Some people have a picnic, where you take food and drink and a picnic blanket, and eat outdoors. တစ်ချို့တွေကတော့ ပျော်ပွဲစားထွက်ကြတယ်။ အစားအသောက်တွေယူ၊ ငြိမ်းချမ်းတဲ့ ပန်းခြံလေးထဲက လှိုင်းကြက်ခွပ်လေးတွေထနေတဲ့ ရေကန်လေးနံဘေး မြက်ခင်းစိမ်းစိမ်းပေါ် ပျော်ပွဲစားထွက်တဲ့ဖျာအခင်းလေးဖြန့်ခင်းလို့ နှစ်ကိုယ်တူစကားတွေဆိုကြမယ်။

Valentine's Day should involve some romance. ဗယ်လင်တိုင်းနေ့ဟာ ကြည်နူးဖွယ်ရာတစ်ခုခုတော့ပါသင့်တယ်လို့ဆိုပါတယ်။ romance ဆိုတာ တစ်ယောက်ယောက်ကို courtship ပိုးပန်းနေတုန်းဖြစ်ပေါ်စေတဲ့အရာလေးတစ်ခုပေါ့။ တစ်ယောက်ယောက် fall in love ကိုယ့်ကိုပြန်ချစ်လာအောင်လုပ်ရတဲ့နည်းလမ်းအဖုံဖုံတွေဆိုပါစို့။

အဲဒီနေ့မှာကိုယ့်ရဲ့အချစ်တွေကို pour one's heart out to someone စိတ်ထဲရှိသမျှဖွင့်အံ တတ်ကြတယ်။whisper sweet nothings in (someone's ear) တီတာချစ်စကားလေး တွေပြောကြတယ်။ ဒီလိုပြောရာမှာ from the bottom of one's heart ရိုးရိုးသားသားပြောတာ အကောင်းဆုံးပါပဲ။တနည်းအားဖြင့် a heart-to-heart ပေါ့.  ဂျွန်လင်နွန်က Love is a promise, love is a souvenir, once given never forgotten, never let it disappear." အချစ်ဆိုတာကတိတစ်ခု၊ အချစ်ဆိုတာအမှတ်တရ သိမ်းထားရတဲ့အရာ၊ ပေးပြီးသွားရင်မေ့ဖျောက်ပစ်လို့မရတဲ့အရာ၊ သူ့ကိုဘယ်တော့မှပျောက်ကွယ် မသွားစေနဲ့” တဲ့

Boyfriends  ချစ်သူကောင်လေးနဲ့ Girlfriends ချစ်သူကောင်မလေးတွေဟာ give a Valentine's Day card to each other တစ်ယောက်နဲ့တစ်ယောက် ဗယ်လင်တိုင်းကတ်လေးတွေ အပြန်အလှန် ပေးလေ့ရှိတယ်။ ပေးလေ့ရှိတဲ့ gift, present လက်ဆောင်တွေကတော့ stuffed animals လို့ခေါ်တဲ့အစာသွပ်ထားတဲ့ တိရိစ္ဆာန်ရုပ်လေးတွေ၊ ဥပမာ teddy-bears ၀က်ဝံရုပ်လေးတွေ ကို cute slogans ချစ်စကားသ၀ဏ်လွှာလေးတွေနဲ့ love-heart လို့ခေါ်တဲ့အနီရောင်အသည်းပုံလေးတွေ ကတော့ မပါမဖြစ်ပါပဲ။ တစ်ခါတစ်ရံမှာတော့ ကတ်ပြားပေါ်မှာ cupid မြားနတ်မောင်လေး တွေလည်း တွေ့နိုင်လိမ့်မယ်။

နောက်ထပ်အရေးကြီးတဲ့ဇာတ်လိုက်ကျော်ကတော့ roses နှင်းဆီပန်းလေးတွေပေါ့။ နုညံ့တဲ့အချစ်ရဲ့အရောင်ဟာ pink ပန်းနုရောင် လို့မှတ်ယူထားကြတော့ ပန်းရောင်နှင်းဆီပွင့်လေးတွေ ပေးကြတယ်။ ပိုပြီးပြင်းပြင်းရှရှဖြစ်တဲ့အချစ်က red roses ပါတဲ့။ ဘာကြောင့်လဲဆိုတော့ နှင်းဆီနီဟာ ရိုမန်အချစ်နတ်ဘုရားမ Venus ရဲ့အကြိုက်ဆုံးပန်းဖြစ်လို့ပါပဲ။ ဒါကြောင့် ဗယ်လင်တိုင်းနေ့မှာ အမေရိကန်တစ်နိုင်ငံတည်း နှင်းဆီနီနီပန်းပွင့်ပေါင်း ၁၈၉ သန်းကျော်ရောင်းရတယ်တဲ့။ တစ်ချို့ကြတော့ ကိုယ့်ကိုမသိစေချင်တော့ secret admirer ဆိုပြီးပို့တတ်ကြတယ်။ အခုခေတ်မှာတော့ a box of chocolates ချောကလက်ဗူးလေးတွေပေးတာ ပိုပြီးခေတ်စားလာပါတယ်။ ကိုယ်ရဲ့ဖူးစာရှင် Mr. Right တွေ့ပြီး ကံကောင်းတဲ့မိန်းကလေးတွေတော့ proposing marriage လက်ထပ်ဖို့ကမ်းလှမ်းခံရတဲ့အနေနဲ့ ring လက်စွပ်ကလေးတွေရနိုင်တယ်။

တွဲလာတာကြာတဲ့ couples စုံတွဲတွေအတွက်တောင်မှ (people who are going out with  အမြဲတွဲနေသူတွေ၊  married to someone လက်ထပ်ပြီးသားအိမ်ထောင်သည်တွေ) ချစ်သူများနေ့ ဟာ အချစ်ကိုတဖန်ပျိုးထောင်တဲ့ အထိမ်းအမှတ်နေ့လေးပါ။ စိတ်ချင်းမတိုက်ဆိုင်လို့ ကောက်နေကြတဲ့အတွဲတွေအတွက်လည်း get back together ပြန်ပေါင်းထုပ်ဖို့အကြောင်းပြစရာ နေ့လေးတစ်နေ့ပေါ့။ တစ်ခါတစ်လေ အမှားအယွင်းလုပ်မိသူကို give someone a second chance ဒုတိယမ္ပိခြေဦးလှည့်ခွင့်လေးတော့ပေးသင့်တာပဲလေ။ love begets love တဲ့။ စပိန်လိုတော့ amor con amor se paga. အချစ်ပေးရင်အချစ်ပြန်ရတာပေါ့။ ပေးအယူနားလည်ကြည်ဖြူမှုတွေ သာရှိရင်တော့ a match made in heaven နေနဲ့လရွှေနဲ့မြပမာ လို့ပတ်ဝန်းကျင်က ထောမနာပြုကြပေတော့မယ်။ အပေးအယူဆိုပေမယ့် အချစ်ကလွဲလို့ တခြားငွေကြေး၊ အောင်မြင်မှု၊ အခွင့်အရေး တစ်ခုခုလိုချင်လို့ပေးတဲ့ဟန်ဆောင်အချစ်မျိုး cupboard love  ကတော့တချိန်ချိန် walk out on ကိုယ့်လမ်းကိုယ်ဆက်သွားကြရပါလိမ့်မယ်။ True love does not insist to change each other but remain as it is with the differences. အချစ်စစ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ဇွတ်ပြောင်းလည်းဖို့ကြိုးစားတာမဟုတ်ဘဲနဲ့နှစ်ဦးသားမတူညီမှုတွေကို သည်းခံနိုင်ခြင်းသာဖြစ်တယ်တဲ့။

ရိုမန်အင်ပါယာခေတ်တုန်းက စစ်သားတွေကိုလက်ထပ်မပေးဖို့တားမြစ်ချက်ကို ဆန့်ကျင်ပြီး မင်္ဂလာပွဲတွေချီးမြှင့်ပေးခဲ့တဲ့ Valentinus အမည်ရှိတဲ့ ခရစ်ယန်သူတော်စင်တစ်ပါးကို ရည်ရွယ်ပြီးကျင်းပလာလိုက်တာ အခုဆိုရင် ရာစုနှစ်ပေါင်းများစွာကြာခဲ့ပေပြီ။ အနောက်တိုင်းက အလေ့အထတစ်ခုဟာအရှေ့ဘက်ကိုစီးမျောလာရာကနေကမ္ဘာတစ်ဝှမ်း လူငယ်စုံတွဲတို့အတွက် တစ်နှစ်တစ်ခါအချစ်ကိုသက်သေပြတဲ့နေ့ကလေးတစ်နေ့ဖြစ်လာခဲ့ပေပြီ။

အမှန်တော့ ကိုယ့်ချစ်သူကို တစ်နှစ်မှတစ်ခါချစ်သက်သေပြတာထက် တစ်ပတ်ကိုတစ်ခါလောက်တော့ ကိုယ်ပိုင် ဗယ်လင်တိုင်းနေ့ကလေးတွေထားရှိနိုင်ရင် မကောင်းဘူးလားခင်ဗျာ။ အဲဒီနေ့ကလေးကို တဏှာရာဂတွေနဲ့စွန်းထင်းမသွားအောင်တော့ သတိတရားလေးနဲ့စောင့်ထိန်းဖို့လိုပေလိမ့်မယ်။

 

ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့သူအားလုံး အတွက် ဒီကဗျာလေးကို လက်ဆောင်ပေး လိုက်ပါတယ်။

 

love grows like a tree.

it can never whither

as long as

you appreciate and

cultivate it.

 

မေတ္တာဆို

အပင်လိုပျိုးတတ်မှ

ချစ်ပင်ပျိုဘယ်အခါမညှိုး

မေတ္တာပေါ်သစ္စာထပ်တယ်

ဆထက်တံပိုး။

 

ဇာနည်(MyWay!)

ဆက်စပ်ဖတ်ရန်       အချစ်တဲ့

Views: 4425

Reply to This

Replies to This Discussion

အချစ်စစ်နဲ့ပဲတွေ့ချင်ပါတယ်

Thanks You for this article

TKS.

ကောင်းလိုက်တဲ့စကားလုံးလေးတွေ
အစ်ကို့ကောင်မလေးကတော့တော်တော်ကျွှေမှာပဲ

go Dutch မှာ D က စာလုံးကြီးနဲ့ ရေးရတယ်..လို့ထင်တာပဲ။

 

 

မှန်ပါတယ်။ ကျွန်တော်ပြင်လိုက်ပါပြီ။ ထောက်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Thank you SaYa

thanks

Thanks a lot, sir.. ^_^ ^_^ ^_^

I like your poem, sir

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service