ျဖစ္ေလ့ျဖစ္ထရွိေသာ အလြန္အမင္းေၾကာက္စိတ္ ၁၀မ်ိဳး (Vocabulary Lesson)

[Zawgyi[

ပိုးေကာင္မႊားေကာင္ေတြကို ေၾကာက္တတ္တဲ့စိတ္ ရွိေနသလား။ ေျမြေတြကိုေရာ ေၾကာက္တတ္လား။ အမ်ိဳးသားစိတ္က်န္းမာေရးဌာန၏ အဆိုအရ တစ္စုံတစ္ခုကို အလြန္အမင္းေၾကာက္စိတ္ဟာ အရြယ္ေရာက္သူ၏ ၁၀ရာခိုင္ႏႈန္းခန္႕မွာရွိေနတယ္ ဆိုတာကို ေတြ႔ရပါတယ္။ ဆင့္ကဲျဖစ္စဥ္ႏွင့္ အမူအက်င့္ဆိုင္ရာ သီအိုရီအပါအ၀င္ အလြန္အမင္းေၾကာက္စိတ္ဟာ ဘာေၾကာင့္ျဖစ္ရတယ္ဆိုတာကို ရွင္းလင္းေဖာ္ျပထားတဲ့ ေဖာ္ျပခ်က္ေတြ အမ်ားႀကီး ရွိပါတယ္။

ဘာေၾကာင့္ပဲျဖစ္ပါေစ အလြန္အမင္းေၾကာက္တဲ့ေရာဂါဟာ စဥ္းစားသိျမင္ျခင္းဆိုင္ရာ သေဘာတရားႏွင့္ အမူအက်င့္ဆိုင္ရာ ကုထံုးနည္းလမ္းေတြျဖင့္ ကုသ၍ရႏိုင္ေသာ ေရာဂါတစ္ခုျဖစ္ပါတယ္။ လူေတြဟာ ဘာကို အေၾကာက္ဆံုးလဲ။ ေအာက္မွာေဖာ္ျပထားတဲ့ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အေၾကာက္လြန္ျခင္း ၁၀မ်ိဳးေၾကာင့္ျဖစ္လာတတ္တဲ့ ေရာဂါလကၡဏာေတြကေတာ့ ေခါင္းမူးမယ္၊ ေအာ့အန္မယ္၊ အသက္မရွဴႏိုင္ေအာင္ျဖစ္မယ္ ဆိုတာေတြပါပဲ။

အခ်ိဳ႕ကိစၥေတြမွာေတာ့ ဒီေရာဂါ လကၡဏာေတြဟာ ပိုမိုဆိုး၀ါးျပင္းထန္တဲ့ ေၾကာက္ရြံျခင္း ခံစားခ်က္ေတြကို ခံစားရတတ္ပါတယ္။ ဒီလိုေၾကာက္ရြံ႔ ထိတ္လန္႔တတ္ျခင္းေတြဟာ ပတ္၀န္းက်င္၊ တိရိစာၦန္နဲ႔ အျခားအေျခအေန တစ္ခုခုေၾကာင့္ ခံစားရတတ္တာပါ။

၁။ Arachnophobia - ပင့္ကူေၾကာက္ေရာဂါ။ ဒီေၾကာက္ရြံမႈဟာ အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြမွာ ပိုအျဖစ္မ်ားပါတယ္။

၂။ Ophidiophobia - ေျမြေၾကာက္ေရာဂါ။ ဒီေရာဂါဟာ ေမြးရာပါသေႏၶစိတ္၊ လူတစ္ဦးခ်င္းရဲ႕ အေတြ႔အႀကံဳနဲ႕ ယဥ္ေက်းမႈဆိုင္ရာ လႊမ္းမိုးခံရျခင္းေတြေၾကာင့္ျဖစ္လာတဲ့ ေၾကာက္လန္႔မႈေရာဂါပါ။

၃။ Acrophobia - အျမင့္ေၾကာက္တဲ့ေရာဂါ။ ဒီေရာဂါေၾကာင့္ ျပင္းထန္စြာ စိုးရိမ္စိတ္ခံစားရႏိုင္ပါတယ္။ အျမင့္ေတြကို ေရွာင္ရွားတတ္တဲ့ေရာဂါပါ။

၄။ Agoraphobia - ရုန္းထြက္ဖို႕ခက္တဲ့ အေနအထားတစ္ခုကို ေၾကာက္တဲ့ေရာဂါ။ လူစည္ကားတဲ့ေနရာ၊ လူေတြအမ်ားႀကီး ေရာက္ေနတဲ့ေနရာ ေတြေၾကာင့္ ထိတ္လန္႔မႈကို ခံစားရေစတဲ့ေရာဂါပါ။ အဲ့ဒီေၾကာက္စိတ္ရွိသူေတြဟာ လူစုလူေ၀းကိုေရွာင္ရွားရန္နဲ႕ အိမ္ထဲကအိမ္ျပင္မထြက္တဲ့ အျဖစ္မ်ိဳးအထိ ေရာက္သြားႏိုင္ပါတယ္။ Panic attack လို႕ေခၚတဲ့ ရုတ္တရက္ေၾကာက္စိတ္ျဖစ္ေလ့ရွိတဲ့ လူေတြအားလံုးရဲ႕ သံုးပံုတစ္ပံုေလာက္ဟာ ဒီေၾကာက္လန္႔မႈ ေ၀ဒနာ ျဖစ္ေပၚလာတတ္ပါတယ္။

၅။ Cynophobia - ေခြးေၾကာက္တဲ့ေရာဂါ။ ဒီေရာဂါဟာ ငယ္စဥ္ကေလးဘ၀က ေခြးကိုက္ခံခဲ့ရျခင္းစတဲ့ တစ္ဦးခ်င္းစီရဲ႕ စိတ္ခံစားမႈ အေတြ႔အႀကံဳေတြေၾကာင့္ ခံစားရတတ္တဲ့ ေၾကာက္စိတ္ေရာဂါပါ။

၆။ Astraphobia - မိုးၿခိမ္းသံႏွင့္ လွ်ပ္စီးလက္တာကို ေၾကာက္ျခင္း ။ ဒီေရာဂါကို Brontophoia၊ Tonitrophobia၊ Ceraunophobia စသျဖင့္လဲ ေခၚေ၀ၚၾကပါတယ္။

၇။ Trypanophobia - ေဆးထိုးခံရမွာကို ေၾကာက္ေသာစိတ္။ အျခားေသာ ေၾကာက္စိတ္ေရာဂါေတြလိုပါပဲ ဒီေရာဂါရွိသူေတြဟာ အဲ့ဒီအေျခအေနေတြကို ေရွာင္ရွားတတ္ေသာၾကာင့္ ကုသဖို႔ခက္ခဲပါတယ္။

၈။ Social Phobias - လူမႈေရးဆိုင္ရာ အေျခအေနေတြကို ေၾကာက္ေသာေရာဂါ။ ဒီေရာဂါျဖစ္ပံုကေတာ့ ေရာဂါခံစားရသူဟာ ပိုမိုျပင္းထန္လာတဲ့အခါ အခမ္းအနားေတြ၊ ေနရာေတာ္ေတာ္မ်ားမ်ားနဲ႔၊ လူေတြကို စိုးရိမ္စိတ္ေတြနဲ႔ ေရွာင္ရွားလာတာပါပဲ။

၉။ Pteromerhanophobia - ေလယာဥ္စီးရမွာကို ေၾကာက္ျခင္း။ ေရာဂါခံစားရသူဟာ တျဖည္းျဖည္းနဲ႔ ေလယာဥ္စီးျခင္းနဲ႔ ရင္းႏွီးလာေအာင္ စိတ္ဖြင့္ကုထံုးနဲ႔ ကုသေပးလို့ရပါတယ္။

၁၀။ Mysophobia – ပိုးမႊားႏွင့္ အညစ္အေၾကးေၾကာက္ေသာေရာဂါ။ တစ္စုံတစ္ခုကို မလုပ္ပဲမေနႏိုင္ အထပ္ထပ္ျပဳလုပ္တတ္တဲ့ေရာဂါနဲ႕ ဆက္ႏြယ္ႏိုင္သည့္ ေၾကာက္စိတ္ျဖစ္ပါတယ္။

Psychology.about.com မွ 10 Common Phobias ကို ကိုးကားဘာသာျပန္ဆိုထားျခင္းျဖစ္ပါတယ္။

မူရင္းေဆာင္းပါးကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါတယ္။

[Unicode]

ပိုးကောင်မွှားကောင်တွေကို ကြောက်တတ်တဲ့စိတ် ရှိနေသလား။ မြွေတွေကိုရော ကြောက်တတ်လား။ အမျိုးသားစိတ်ကျန်းမာရေးဌာန၏ အဆိုအရ တစ်စုံတစ်ခုကို အလွန်အမင်းကြောက်စိတ်ဟာ အရွယ်ရောက်သူ၏ ၁၀ရာခိုင်နှုန်းခန့်မှာရှိနေတယ် ဆိုတာကို တွေ့ရပါတယ်။ ဆင့်ကဲဖြစ်စဉ်နှင့် အမူအကျင့်ဆိုင်ရာ သီအိုရီအပါအ၀င် အလွန်အမင်းကြောက်စိတ်ဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ရှင်းလင်းဖော်ပြထားတဲ့ ဖော်ပြချက်တွေ အများကြီး ရှိပါတယ်။

ဘာကြောင့်ပဲဖြစ်ပါစေ အလွန်အမင်းကြောက်တဲ့ရောဂါဟာ စဉ်းစားသိမြင်ခြင်းဆိုင်ရာ သဘောတရားနှင့် အမူအကျင့်ဆိုင်ရာ ကုထုံးနည်းလမ်းတွေဖြင့် ကုသ၍ရနိုင်သော ရောဂါတစ်ခုဖြစ်ပါတယ်။ လူတွေဟာ ဘာကို အကြောက်ဆုံးလဲ။ အောက်မှာဖော်ပြထားတဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောက်လွန်ခြင်း ၁၀မျိုးကြောင့်ဖြစ်လာတတ်တဲ့ ရောဂါလက္ခဏာတွေကတော့ ခေါင်းမူးမယ်၊ အော့အန်မယ်၊ အသက်မရှူနိုင်အောင်ဖြစ်မယ် ဆိုတာတွေပါပဲ။

အချို့ကိစ္စတွေမှာတော့ ဒီရောဂါ လက္ခဏာတွေဟာ ပိုမိုဆိုးဝါးပြင်းထန်တဲ့ ကြောက်ရွံခြင်း ခံစားချက်တွေကို ခံစားရတတ်ပါတယ်။ ဒီလိုကြောက်ရွံ့ ထိတ်လန့်တတ်ခြင်းတွေဟာ ပတ်၀န်းကျင်၊ တိရိစာၦန်နဲ့ အခြားအခြေအနေ တစ်ခုခုကြောင့် ခံစားရတတ်တာပါ။

၁။ Arachnophobia - ပင့်ကူကြောက်ရောဂါ။ ဒီကြောက်ရွံမှုဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

၂။ Ophidiophobia - မြွေကြောက်ရောဂါ။ ဒီရောဂါဟာ မွေးရာပါသန္ဓေစိတ်၊ လူတစ်ဦးချင်းရဲ့ အတွေ့အကြုံနဲ့ ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးခံရခြင်းတွေကြောင့်ဖြစ်လာတဲ့ ကြောက်လန့်မှုရောဂါပါ။

၃။ Acrophobia - အမြင့်ကြောက်တဲ့ရောဂါ။ ဒီရောဂါကြောင့် ပြင်းထန်စွာ စိုးရိမ်စိတ်ခံစားရနိုင်ပါတယ်။ အမြင့်တွေကို ရှောင်ရှားတတ်တဲ့ရောဂါပါ။

၄။ Agoraphobia - ရုန်းထွက်ဖို့ခက်တဲ့ အနေအထားတစ်ခုကို ကြောက်တဲ့ရောဂါ။ လူစည်ကားတဲ့နေရာ၊ လူတွေအများကြီး ရောက်နေတဲ့နေရာ တွေကြောင့် ထိတ်လန့်မှုကို ခံစားရစေတဲ့ရောဂါပါ။ အဲ့ဒီကြောက်စိတ်ရှိသူတွေဟာ လူစုလူေ၀းကိုရှောင်ရှားရန်နဲ့ အိမ်ထဲကအိမ်ပြင်မထွက်တဲ့ အဖြစ်မျိုးအထိ ရောက်သွားနိုင်ပါတယ်။ Panic attack လို့ခေါ်တဲ့ ရုတ်တရက်ကြောက်စိတ်ဖြစ်လေ့ရှိတဲ့ လူတွေအားလုံးရဲ့ သုံးပုံတစ်ပုံလောက်ဟာ ဒီကြောက်လန့်မှု ေ၀ဒနာ ဖြစ်ပေါ်လာတတ်ပါတယ်။

၅။ Cynophobia - ခွေးကြောက်တဲ့ရောဂါ။ ဒီရောဂါဟာ ငယ်စဉ်ကလေးဘ၀က ခွေးကိုက်ခံခဲ့ရခြင်းစတဲ့ တစ်ဦးချင်းစီရဲ့ စိတ်ခံစားမှု အတွေ့အကြုံတွေကြောင့် ခံစားရတတ်တဲ့ ကြောက်စိတ်ရောဂါပါ။

၆။ Astraphobia - မိုးခြိမ်းသံနှင့် လျှပ်စီးလက်တာကို ကြောက်ခြင်း ။ ဒီရောဂါကို Brontophoia၊ Tonitrophobia၊ Ceraunophobia စသဖြင့်လဲ ခေါ်ေဝါ်ကြပါတယ်။

၇။ Trypanophobia - ဆေးထိုးခံရမှာကို ကြောက်သောစိတ်။ အခြားသော ကြောက်စိတ်ရောဂါတွေလိုပါပဲ ဒီရောဂါရှိသူတွေဟာ အဲ့ဒီအခြေအနေတွေကို ရှောင်ရှားတတ်သောကြာင့် ကုသဖို့ခက်ခဲပါတယ်။

၈။ Social Phobias - လူမှုရေးဆိုင်ရာ အခြေအနေတွေကို ကြောက်သောရောဂါ။ ဒီရောဂါဖြစ်ပုံကတော့ ရောဂါခံစားရသူဟာ ပိုမိုပြင်းထန်လာတဲ့အခါ အခမ်းအနားတွေ၊ နေရာတော်တော်များများနဲ့၊ လူတွေကို စိုးရိမ်စိတ်တွေနဲ့ ရှောင်ရှားလာတာပါပဲ။

၉။ Pteromerhanophobia - လေယာဉ်စီးရမှာကို ကြောက်ခြင်း။ ရောဂါခံစားရသူဟာ တဖြည်းဖြည်းနဲ့ လေယာဉ်စီးခြင်းနဲ့ ရင်းနှီးလာအောင် စိတ်ဖွင့်ကုထုံးနဲ့ ကုသပေးလို့ရပါတယ်။

၁၀။ Mysophobia – ပိုးမွှားနှင့် အညစ်အကြေးကြောက်သောရောဂါ။ တစ်စုံတစ်ခုကို မလုပ်ပဲမနေနိုင် အထပ်ထပ်ပြုလုပ်တတ်တဲ့ရောဂါနဲ့ ဆက်နွယ်နိုင်သည့် ကြောက်စိတ်ဖြစ်ပါတယ်။


Psychology.about.com မှ 10 Common Phobias ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

အျခားသင္ခန္းစာမ်ား ဖတ္႐ႈ ေလ့လာရန္ link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


[ Myanmar Network အသင္းဝင္ထားျခင္းျဖင့္ ရရွိမည့္ အက်ိဳးေက်းဇူးမ်ား ]

- အဂၤလိပ္စာသင္ခန္းစာႏွင့္ အလုပ္ေခၚစာအသစ္မ်ား၊ UK စာေမးပြဲ သတင္းမ်ား ႏွင့္ အဂၤလိပ္စာသင္တန္း သတင္းမ်ားကို အသင္းဝင္မ်ားထံသာလွ်င္ e-mail ျဖင့္ အေၾကာင္းၾကားေပးမွာ ျဖစ္ပါသည္။
- ျဗိတိသွ်ေကာင္စီမွ ၾကီးမႉးက်င္းပေသာ ပြဲမ်ားကို အသင္းဝင္မ်ားသာ ၾကိဳတင္သိရွိျပီး အသင္းဝင္မဟုတ္သူမ်ားထက္ေစာ၍ စာရင္းေပးသြင္းႏိုင္ပါသည္။
- Myanmar Network ဝက္ဆိုက္ဒ္တြင္ အသင္းဝင္မ်ားသာလွ်င္ like ႏွင့္ comment ေပးႏိုင္မည္ျဖစ္သည္။
- စကားဝိုင္းမ်ား (Forum မ်ားတြင္)ႏွင့္ အလုပ္ေခၚစာမ်ားကိုလည္း ကိုယ္တိုင္ဝင္ေရာက္ေရးသားႏိုင္ပါသည္။
- အသင္းဝင္မ်ားတြင္ ကိုယ္ပိုင္ Profile Page ရွိမည္ျဖစ္ျပီး မိမိ၏ ဓာတ္ပံု၊ မိမိကိုယ္တိုင္႐ိုက္ထားေသာ ဓာတ္ပံုမ်ားႏွင့္ ဗီဒီယိုမ်ားလည္း တင္ႏိုင္မည္ ျဖစ္သည္။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 3465

Reply to This

Replies to This Discussion

Thanks for Vocabulary enhancement!!! 

thank a lot
I'm No-8
အရမ္းအသံုးဝင္ပါတယ္ ။afraid ofအျပင္သံုးစရာေလးေတြရွိတာပါသိခြင့္ရလို႔
thanks a lot

Thank you for sharing vocabulary

Thanks You.

I'm no. 7

I'm no.10.

thank a lot.

I'm no 6

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service