သင့္ဘ၀ကို တိုးတက္ေစႏိုင္ေသာ ဝက္ဗ္ဆိုဒ္ ေပါင္း ၂၅ ခု - အပိုင္း (၁)

<Zawgyi> 
သင့္ရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို လူမႈမီဒီယာေတြကိုသံုးရင္း ကုန္ဆံုးေနမိပါသလား။ သင့္ရဲ႕ အင္တာနက္ အသံုးျပဳမႈေတြက ျဖဳန္းတီးတာမ်ိဳးေတြျဖစ္ေနပါသလား။ လူမႈမီဒီယာေတြဟာ အသံုးျပဳေနစဥ္အတြင္းမွာ အခ်ိန္ကုန္လို႔ ကုန္မွန္းမသိေအာင္ စြဲလန္းစိတ္ကိုျဖစ္ေစပါတယ္။


အျခားတစ္ဖက္မွာေတာ့ လူမႈမီဒီယာေတြဟာ ေဆြးေႏြးခန္းေတြ၊ သတင္း အရင္းအျမစ္ေတြ၊ အေတြးအေခၚအသစ္ေတြရွိေနတဲ့အတြက္ မိမိဘ၀အတြက္ လိုအပ္တဲ့တြန္းအားေတြျဖစ္တဲ့ သင္ယူမႈေတြကိုလည္း ေပးႏိုင္ပါတယ္။

လူမႈမီဒီယာရဲ႕ အႏၱရာယ္ျဖစ္ေစေလာက္ေအာင္ စြဲလန္းေစတတ္တဲ့ ေထာင္ေခ်ာက္ေတြကေန လြတ္ေျမာက္ၿပီး ဗဟုသုတေတြ၊ ေပ်ာ္ရႊင္တိုးတက္မႈေတြနဲ႔ ျပည့္ေနတဲ့ ဘ၀ကိုလိုခ်င္တယ္ဆိုရင္ျဖင့္ ေအာက္မွာ ေဖာ္ျပေပးမယ့္ ဝက္ဗ္ဆိုဒ္ ၂၅ ခု ကို ၀င္ေရာက္ ေလ့လာၾကည့္လိုက္ပါ။


၁။ Coursera

အြန္လိုင္း သင္ခန္းစာေတြ အမ်ားအျပားပါ၀င္တဲ့ website တစ္ခုျဖစ္ပါတယ္။ ရာေပါင္းမ်ားစြာေသာ တကၠသိုလ္ေတြနဲ႔ နာမည္ႀကီးပါေမာကၡေတြမွ ပို႔ခ်တဲ့ သင္ခန္းစာေတြ အမ်ားအျပားပါ၀င္ပါတယ္။ သင္၀ါသနာပါမယ္ဆိုရင္ သမိုင္းပညာကေန ကြန္ပ်ဴတာ ပရိုဂရမ္ေရးဆြဲတဲ့ ပညာအထိ ဘယ္ဘာသာရပ္မဆို သင္ကိုယ္တိုင္ ေလ့လာ သင္ယူႏိုင္သလို၊ အြန္လိုင္းေပၚက လူမႈကြန္ယက္ႀကီးနဲ႔အတူလည္း ေလ့လာႏိုင္ပါတယ္။ ကမၻာေပၚမွာရွိသမွ် သင္ခန္းစာပို႔ခ်မႈေတြကို သင့္အိမ္ကေန အခမဲ့ ေလ့လာႏိုင္မွာျဖစ္သလို၊ သင္စိတ္၀င္စားတဲ့ ဘာသာရပ္မွာ တကယ္ကို ကၽြမ္းက်င္တတ္ေျမာက္ေအာင္ သင္ယူႏိုင္ပါတယ္။


၂။ edx

ဒီဝက္ဗ္ဆိုဒ္ကလည္း ကမၻာ့ ေကာင္းဆံုးတကၠသိုလ္ေတြကေန ပို႔ခ်တဲ့ သင္ခန္းစာေတြပါ၀င္တဲ့အတြက္ သင့္အတြက္ ေလ့လာစရာေတြ အမ်ားအျပားရွိေနတဲ့ ေနရာတစ္ခုပါပဲ။ ဒီဝက္ဗ္ဆိုဒ္ကို MIT နဲ႔ ဟားဗတ္တကၠသိုလ္တို႔က ပူးေပါင္းေဆာင္ရြက္ထားတာလည္းျဖစ္ပါတယ္။ ဒီဝက္ဗ္ဆိုဒ္မွာလည္း Coursera လိုပဲ သင္ယူစရာ သင္ခန္းစာေတြ ရာနဲ႕ခ်ီၿပီး ရွိေနပါတယ္။


၃။ Khan Academy

ဒီဝက္ဗ္ဆိုဒ္မွာေတာ့ သင့္အတြက္ အလြန္အသံုး၀င္တဲ့ စာၾကည့္တိုက္ပါရွိၿပီး ဘယ္ဘာသာရပ္ကိုမဆို အျပန္အလွန္ ဆက္သြယ္သင္ယူႏိုင္ပါေသးတယ္။ ဗီဒီယို သင္ခန္းစာေတြနဲ႔ သင္ယူႏိုင္ယံုသာမက ပံုမွန္ေလ့က်င့္ခန္းေတြ၊ သင္ကိုယ္တိုင္ ေလ့လာခဲ့တဲ့ သင္ခန္းစာေတြကိုလည္း မွတ္သားထားႏိုင္ပါတယ္။ သင္ခန္းစာ အသစ္ သင္ယူဖို႕အတြက္ေရာ သင္သိၿပီးသား ဗဟုသုတေတြကို ျဖန္႔ေ၀ဖို႔အတြက္ေရာ ႏွစ္ခုလံုးအတြက္ တကယ္ကိုအက်ိဳးရွိတဲ့ေနရာတစ္ခုျဖစ္ပါတယ္။


၄။ Udemy

ဒီဝက္ဗ္ဆိုဒ္ကေတာ့ Coursera နဲ႔ edX တို႔လို ပညာရပ္ဆိုင္ရာ website မ်ိဳးမဟုတ္ပါဘူး။ အြန္လိုင္းမွာ လက္ေတြ႔အသံုးက်မယ့္အရာေတြကို အဓိကထားေဖာ္ျပေပးတဲ့ website တစ္ခုပါ။ စီးပြားေရးအေဆာက္အဦး တည္ေဆာက္မႈနဲ႔ ပတ္သက္တဲ့ သင္ခန္းစာေတြမွအစ ဂစ္တာတီးသင္တဲ့ သင္ခန္းစာေတြအထိ ပါ၀င္ပါတယ္။ နယ္ပယ္အသီးသီးက တကယ့္ ပညာရွင္ေတြရဲ႕ သင္ခန္းစာေတြကို အခမဲ့ေရာ အခေၾကးေငြနဲ႔ပါ ဘာမဆို ေလ့လာလို႔ရတဲ့ အြန္လိုင္းေစ်းကြက္တစ္ခုလို႔ ေျပာရင္ေတာင္ ရပါတယ္။


၅။ Quora

ကၽြမ္းက်င္ပညာရွင္ေတြ၊ နာမည္ႀကီးပုဂၢိဳလ္ေတြ ဆီကသာမက လူသိမမ်ားေသးတဲ့လူေတြဆီကပါ ဘယ္ဘာသာရပ္ကိုမဆို သင္ယူခ်င္တယ္ဆိုရင္ေတာ့ ဒီ website ကအေကာင္းဆံုးပါပဲ။ အသံုးျပဳသူေတြ ကိုယ္တိုင္ ေမးခြန္းေတြ အျပန္အလွန္ထုတ္၊ အျပန္အလွန္ေျဖႏိုင္တဲ့ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ အျခား website ေတြနဲ႔ မတူတဲ့အခ်က္တစ္ခုကေတာ့ အသံုးျပဳသူရဲ႕ ပရိုဖိုင္းဓာတ္ပံုဟာ အစစ္အမွန္ ျဖစ္ရပါမယ္။ အေမးအေျဖေတြကိုေတာ့ သက္ဆိုင္ရာ အေျခအေနေပၚမူတည္ၿပီး အေျပာင္းအလဲ လုပ္ႏိုင္ပါတယ္။


၆။ Stack Overflow

ကြန္ပ်ဴတာ ပရိုဂရမ္ပညာရပ္ကိုမွ စိတ္၀င္စားသူေတြအတြက္ေတာ့ တစ္ခုတည္းေသာ အေရးပါတဲ့ website ကေတာ့ Stake Overflow ပါပဲ။ သင္ဟာ ပရိုဂရမ္သမားတစ္ေယာက္ျဖစ္မယ္ ဒါမွမဟုတ္ ပရိုဂရမ္ပညာကို စိတ္၀င္တစားနဲ႕ ေလ့လာေနတဲ့သူဆိုရင္ေတာ့ ဒီ website ဟာ သင့္အတြက္ အေဖာ္ေကာင္းတစ္ေယာက္ ျဖစ္လာမွာအမွန္ပါပဲ။ အေမးအေျဖက႑မွာဆိုရင္ သင့္ကြန္ပ်ဴတာ ပရိုဂရမ္နဲ႔ပတ္သတ္လို႔ အခက္အခဲေတြ သိခ်င္တာေတြအားလံုးကို ေမးျမန္းႏိုင္ၿပီး၊ အျခားသူေတြရဲ႕ အေျဖေတြကေနတဆင့္ ေလ့လာသင္ယူႏိုင္မွာ ျဖစ္ပါတယ္။


၇။ Codeacademy

ဒီဝက္ဗ္ဆိုဒ္ဟာ HTML, CSS, PHP တို႔လို ပရိုဂရမ္နဲ႔ပတ္သတ္တဲ့ ဘာသာစကားေတြကို သင္ယူႏိုင္မွာျဖစ္ၿပီး Python (ကြန္ပ်ဴတာ ပရိုဂရမ္ဆြဲသည့္ language တစ္မ်ိဳး) အတြက္ လြယ္ကူၿပီး၊ အျပန္အလွန္အက်ိဳးသက္ေရာက္ေစတဲ့ နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ ဒီထဲမွာဆိုရင္ ပရိုဂရမ္ပညာရပ္ကို စစျခင္းသင္ယူေနသူေတြအတြက္ စိတ္၀င္စားစရာ ေပ်ာ္ရႊင္စရာ သင္ခန္းစာေတြ အမ်ားအျပားပါ၀င္ပါတယ္။ ဘယ္လိုပဲ ျဖစ္ပါေစ ယခုမွ ပရိုဂရမ္ပညာကို စၿပီး ေလ့လာခ်င္သူေတြအတြက္ေတာ့ သင့္ေတာ္တဲ့ ဝက္ဗ္ဆိုဒ္တစ္ခုျဖစ္ပါတယ္။


၈။ Tutorialspoint

ဒီဝက္ဗ္ဆိုဒ္ကေတာ့ သင့္အတြက္ ပရိုဂရမ္ပိုင္းေရာ၊ ကြန္ပ်ဴတာသိပၸံနဲ႔ ပတ္သတ္တဲ့ အပိုင္းမွာပါ ေလ့လာလို႔ ရႏိုင္တဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ ဗဟုသုတရစရာ အေသးစိတ္အခ်က္အလက္ေတြကိုပါ ထည့္သြင္းေပးထားတာမို႔ Codecademy နဲ႔ေတာ့ မတူပါဘူး။ Codecademy ဝက္ဗ္ဆိုဒ္ ကေန အေျခခံအခ်က္အလက္ေတြကို ေလ့လာသင္ယူၿပီး Tutorialspoint မွာေတာ့ အဆင့္ျမင့္ သင္ခန္းစာေတြကို ေလ့လာသင္ယူႏိုင္ပါတယ္။


၉။ eHow

ဒီေနရာမွာေတာ့ ပညာရပ္အစံုကို ေခါင္းစဥ္မ်ိဳးစံုနဲ႔ တစ္ဆင့္ၿပီးတစ္ဆင့္ သင္ယူေလ့လာႏိုင္ပါတယ္။ ဒီဝက္ဗ္ဆိုဒ္ကို ကၽြမ္းက်င္ပညာရွင္ေတြက ေခါင္းစဥ္ခြဲတစ္ခုျခင္းစီအလိုက္ေရးသားၿပီး အစားအေသာက္နဲ႔ ပတ္သတ္ၿပီး က်န္းမာေရးဆိုင္ရာ ဗဟုသုတျဖစ္ဖြယ္ရာေတြလည္းပါ၀င္ပါတယ္။


၁၀။ wikihow

ဒီဝက္ဗ္ဆိုဒ္မွာလဲ သင္ယူခ်င္တဲ့အရာေတြ အမ်ားအျပားပါ၀င္ေပမယ့္ wiki လိုကိုယ္ပိုင္ပံုစံေတာ့ ရွိေနတတ္ပါတယ္။ ဒီဝက္ဗ္ဆိုဒ္ရဲ႕ထူးျခားခ်က္ကေတာ့ eHow လို ၀န္ထမ္းေတြကိုယ္တိုင္ သင္ၾကားမႈေတြကို လမ္းညႊန္ျပဳျပင္ေပးတာမ်ိဳးမဟုတ္ပဲ၊ ဘယ္သူမဆို ၀င္ၿပီး ေရးသားႏိုင္၊ ျပဳျပင္ႏိုင္သလို မလိုအပ္တာမ်ား ကိုလည္း ျပန္ဖ်က္ႏိုင္ပါတယ္။ ဒါေၾကာင့္ သင္ဟာ သင္ယူသူ သက္သက္မဟုတ္ပဲ ကိုယ့္မွာရွိတဲ့ ဗဟုသုတေတြကိုပါ အျခားလူေတြကို ေ၀မွ်ေပးႏိုင္ပါတယ္။


၁၁။ HowStuffWorks

သင့္အတြက္ အက်ိဳးမ်ားစြာရွိႏိုင္တဲ့ ေလ့လာသင္ယူစရာေတြ အမ်ားအျပားရွိတဲ့ ဝက္ဗ္ဆိုဒ္တစ္ခုျဖစ္ၿပီး သင့္အတြက္ ေျမာက္မ်ားလွစြာေသာ သင္ခန္းစာေတြကို ဒီဝက္ဗ္ဆိုဒ္က ပံ့ပိုးေပးထားပါတယ္။ တစ္ခါမွ်မပို႔ခ်ရေသးတဲ့ သင္ခန္းစာ အသစ္ေတြကိုပါ ထည့္သြင္းေပးထားပါတယ္။ ေသခ်ာေလ့လာၾကည့္ေလ သင့္အတြက္ သင္ခန္းစာေတြကို ေလ့လာရန္ အသင့္ေတာ္ဆံုးေနရာတစ္ခု ျဖစ္တယ္ဆိုတဲ့ အမွန္တရားကို သင္သိလာရမွာပါ။


၁၂။ TED

ဒီ website ရဲ႔ရည္ရြယ္ခ်က္ကေတာ့ ကမၻာ့အႏွ႔ံပ်ံ႕ေနတဲ့ အေတြးအေခၚအယူအဆေတြကို ဒီေနရာကေန တစုတစည္းတည္း ေဖာ္ျပေပးတာပဲျဖစ္ပါတယ္။ နယ္ပယ္အသီးသီးက ကၽြမ္းက်င္ပညာရွင္ေတြဟာ သူတို႔ေဆြးေႏြးေျပာျပလိုတဲ့ တင္ျပခ်က္ေတြ၊ ယူဆခ်က္ေတြ၊ အေတြ႔အႀကံဳေတြကို ဒီေနရာကေနၿပီး ရုပ္သံပို႔ခ်ခ်က္ေတြနဲ႔အတူ ေဆြးေႏြးေျပာျပေပးတဲ့ ေနရာလည္းျဖစ္ပါတယ္။ဒီေဆြးေႏြးပြဲေတြ မွတဆင့္ သင့္ကိုယ္သင္ အျမန္ဆံုးနဲ႔ အလြယ္ကူဆံုး မိတ္ဆက္ႏိုင္တဲ့ေနရာျဖစ္သလို အေတြးအေခၚနဲ႔ ထိုးထြင္းဥာဏ္ေတြ ပြင့္လန္းလာႏိုင္တဲ့ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။


၁၃။ Lumosity

စိတ္ပိုင္းဆိုင္ရာ ကိစၥေတြျဖစ္တဲ့ မွတ္ဥာဏ္ဆိုင္ရာကိစၥေတြ၊ အာရံုစူးစိုက္မႈႏွင့္ ဆိုင္ေသာကိစၥေတြ၊ ခြဲျခမ္းစိတ္ျဖာႏိုင္စြမ္းေတြ အတြက္ မ်ားစြာအေထာက္အကူျပဳႏိုင္တဲ့ ဝက္ဗ္ဆိုဒ္တစ္ခုပါ။ သင့္ဦးေႏွာက္ရဲ႕ လုပ္ေဆာင္နိုင္စြမ္းရည္ကို ေပ်ာ္စရာေကာင္းတဲ့ ဂိမ္းေတြကစားရင္း ျမွင့္တင္ႏိုင္သလို၊ ေလ့က်င့္ေရး အစီအစဥ္ေတြကလည္း သင့္ရဲ႕လိုအပ္ခ်က္ေတြ တိုးတက္မႈလမ္းေၾကာင္းေတြကို ေလ့က်င့္ေပးမွာျဖစ္ပါတယ္။ အစီအစဥ္ေတြက သင့္ကို ထက္ျမက္လာေအာင္လုပ္ေဆာင္ေပးမွာျဖစ္သလို၊ အနည္းငယ္လည္း စြဲလန္းမႈျဖစ္ေစမွာပါ။



Lifehack.org မွ Nabin Paudyal ၏ 25 Websites Other Than Social Media To Upgrade Your Life ကို ကိုးကားဘာသာျပန္ဆိုထားျခင္းျဖစ္ပါတယ္။

မူရင္းေဆာင္းပါးကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါတယ္။


Related Links:
သင့္ဘ၀ကို တိုးတက္ေစႏိုင္ေသာ ဝက္ဗ္ဆိုဒ္ ေပါင္း ၂၅ ခု - အပိုင္း (၁)
သင့္ဘ၀ကို တိုးတက္ေစႏိုင္ေသာ ဝက္ဗ္ဆိုဒ္ ေပါင္း ၂၅ ခု - အပိုင္း (၂)


အျခားသင္ခန္းစာမ်ား ဖတ္႐ႈ ေလ့လာရန္ link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


<Unicode version>

သင့်ရဲ့အချိန်တော်တော်များများကို လူမှုမီဒီယာတွေကိုသုံးရင်း ကုန်ဆုံးနေမိပါသလား။ သင့်ရဲ့ အင်တာနက် အသုံးပြုမှုတွေက ဖြုန်းတီးတာမျိုးတွေဖြစ်နေပါသလား။ လူမှုမီဒီယာတွေဟာ အသုံးပြုနေစဉ်အတွင်းမှာ အချိန်ကုန်လို့ ကုန်မှန်းမသိအောင် စွဲလန်းစိတ်ကိုဖြစ်စေပါတယ်။

အခြားတစ်ဖက်မှာတော့ လူမှုမီဒီယာတွေဟာ ဆွေးနွေးခန်းတွေ၊ သတင်း အရင်းအမြစ်တွေ၊ အတွေးအခေါ်အသစ်တွေရှိနေတဲ့အတွက် မိမိဘဝအတွက် လိုအပ်တဲ့တွန်းအားတွေဖြစ်တဲ့ သင်ယူမှုတွေကိုလည်း ပေးနိုင်ပါတယ်။

လူမှုမီဒီယာရဲ့ အန္တရာယ်ဖြစ်စေလောက်အောင် စွဲလန်းစေတတ်တဲ့ ထောင်ချောက်တွေကနေ လွတ်မြောက်ပြီး ဗဟုသုတတွေ၊ ပျော်ရွှင်တိုးတက်မှုတွေနဲ့ ပြည့်နေတဲ့ ဘဝကိုလိုချင်တယ်ဆိုရင်ဖြင့် အောက်မှာ ဖော်ပြပေးမယ့် ဝက်ဗ်ဆိုဒ် ၂၅ ခု ကို ဝင်ရောက် လေ့လာကြည့်လိုက်ပါ။

၁။ Coursera

အွန်လိုင်း သင်ခန်းစာတွေ အများအပြားပါဝင်တဲ့ website တစ်ခုဖြစ်ပါတယ်။ ရာပေါင်းများစွာသော တက္ကသိုလ်တွေနဲ့ နာမည်ကြီးပါမောက္ခတွေမှ ပို့ချတဲ့ သင်ခန်းစာတွေ အများအပြားပါဝင်ပါတယ်။ သင်ဝါသနာပါမယ်ဆိုရင် သမိုင်းပညာကနေ ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲတဲ့ ပညာအထိ ဘယ်ဘာသာရပ်မဆို သင်ကိုယ်တိုင် လေ့လာ သင်ယူနိုင်သလို၊ အွန်လိုင်းပေါ်က လူမှုကွန်ယက်ကြီးနဲ့အတူလည်း လေ့လာနိုင်ပါတယ်။ ကမ္ဘာပေါ်မှာရှိသမျှ သင်ခန်းစာပို့ချမှုတွေကို သင့်အိမ်ကနေ အခမဲ့ လေ့လာနိုင်မှာဖြစ်သလို၊ သင်စိတ်ဝင်စားတဲ့ ဘာသာရပ်မှာ တကယ်ကို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူနိုင်ပါတယ်။

၂။ edx

ဒီဝက်ဗ်ဆိုဒ်ကလည်း ကမ္ဘာ့ ကောင်းဆုံးတက္ကသိုလ်တွေကနေ ပို့ချတဲ့ သင်ခန်းစာတွေပါဝင်တဲ့အတွက် သင့်အတွက် လေ့လာစရာတွေ အများအပြားရှိနေတဲ့ နေရာတစ်ခုပါပဲ။ ဒီဝက်ဗ်ဆိုဒ်ကို MIT နဲ့ ဟားဗတ်တက္ကသိုလ်တို့က ပူးပေါင်းဆောင်ရွက်ထားတာလည်းဖြစ်ပါတယ်။ ဒီဝက်ဗ်ဆိုဒ်မှာလည်း Coursera လိုပဲ သင်ယူစရာ သင်ခန်းစာတွေ ရာနဲ့ချီပြီး ရှိနေပါတယ်။

၃။ Khan Academy

ဒီဝက်ဗ်ဆိုဒ်မှာတော့ သင့်အတွက် အလွန်အသုံးဝင်တဲ့ စာကြည့်တိုက်ပါရှိပြီး ဘယ်ဘာသာရပ်ကိုမဆို အပြန်အလှန် ဆက်သွယ်သင်ယူနိုင်ပါသေးတယ်။ ဗီဒီယို သင်ခန်းစာတွေနဲ့ သင်ယူနိုင်ယုံသာမက ပုံမှန်လေ့ကျင့်ခန်းတွေ၊ သင်ကိုယ်တိုင် လေ့လာခဲ့တဲ့ သင်ခန်းစာတွေကိုလည်း မှတ်သားထားနိုင်ပါတယ်။ သင်ခန်းစာ အသစ် သင်ယူဖို့အတွက်ရော သင်သိပြီးသား ဗဟုသုတတွေကို ဖြန့်ဝေဖို့အတွက်ရော နှစ်ခုလုံးအတွက် တကယ်ကိုအကျိုးရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။

၄။ Udemy

ဒီဝက်ဗ်ဆိုဒ်ကတော့ Coursera နဲ့ edX တို့လို ပညာရပ်ဆိုင်ရာ website မျိုးမဟုတ်ပါဘူး။ အွန်လိုင်းမှာ လက်တွေ့အသုံးကျမယ့်အရာတွေကို အဓိကထားဖော်ပြပေးတဲ့ website တစ်ခုပါ။ စီးပွားရေးအဆောက်အဦး တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေမှအစ ဂစ်တာတီးသင်တဲ့ သင်ခန်းစာတွေအထိ ပါဝင်ပါတယ်။ နယ်ပယ်အသီးသီးက တကယ့် ပညာရှင်တွေရဲ့ သင်ခန်းစာတွေကို အခမဲ့ရော အခကြေးငွေနဲ့ပါ ဘာမဆို လေ့လာလို့ရတဲ့ အွန်လိုင်းစျေးကွက်တစ်ခုလို့ ပြောရင်တောင် ရပါတယ်။

၅။ Quora

ကျွမ်းကျင်ပညာရှင်တွေ၊ နာမည်ကြီးပုဂ္ဂိုလ်တွေ ဆီကသာမက လူသိမများသေးတဲ့လူတွေဆီကပါ ဘယ်ဘာသာရပ်ကိုမဆို သင်ယူချင်တယ်ဆိုရင်တော့ ဒီ website ကအကောင်းဆုံးပါပဲ။ အသုံးပြုသူတွေ ကိုယ်တိုင် မေးခွန်းတွေ အပြန်အလှန်ထုတ်၊ အပြန်အလှန်ဖြေနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခြား website တွေနဲ့ မတူတဲ့အချက်တစ်ခုကတော့ အသုံးပြုသူရဲ့ ပရိုဖိုင်းဓာတ်ပုံဟာ အစစ်အမှန် ဖြစ်ရပါမယ်။ အမေးအဖြေတွေကိုတော့ သက်ဆိုင်ရာ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲ လုပ်နိုင်ပါတယ်။

၆။ Stack Overflow

ကွန်ပျူတာ ပရိုဂရမ်ပညာရပ်ကိုမှ စိတ်ဝင်စားသူတွေအတွက်တော့ တစ်ခုတည်းသော အရေးပါတဲ့ website ကတော့ Stake Overflow ပါပဲ။ သင်ဟာ ပရိုဂရမ်သမားတစ်ယောက်ဖြစ်မယ် ဒါမှမဟုတ် ပရိုဂရမ်ပညာကို စိတ်ဝင်တစားနဲ့ လေ့လာနေတဲ့သူဆိုရင်တော့ ဒီ website ဟာ သင့်အတွက် အဖော်ကောင်းတစ်ယောက် ဖြစ်လာမှာအမှန်ပါပဲ။ အမေးအဖြေကဏ္ဍမှာဆိုရင် သင့်ကွန်ပျူတာ ပရိုဂရမ်နဲ့ပတ်သတ်လို့ အခက်အခဲတွေ သိချင်တာတွေအားလုံးကို မေးမြန်းနိုင်ပြီး၊ အခြားသူတွေရဲ့ အဖြေတွေကနေတဆင့် လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

၇။ Codeacademy

ဒီဝက်ဗ်ဆိုဒ်ဟာ HTML, CSS, PHP တို့လို ပရိုဂရမ်နဲ့ပတ်သတ်တဲ့ ဘာသာစကားတွေကို သင်ယူနိုင်မှာဖြစ်ပြီး Python (ကွန်ပျူတာ ပရိုဂရမ်ဆွဲသည့် language တစ်မျိုး) အတွက် လွယ်ကူပြီး၊ အပြန်အလှန်အကျိုးသက်ရောက်စေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီထဲမှာဆိုရင် ပရိုဂရမ်ပညာရပ်ကို စစခြင်းသင်ယူနေသူတွေအတွက် စိတ်ဝင်စားစရာ ပျော်ရွှင်စရာ သင်ခန်းစာတွေ အများအပြားပါဝင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ ယခုမှ ပရိုဂရမ်ပညာကို စပြီး လေ့လာချင်သူတွေအတွက်တော့ သင့်တော်တဲ့ ဝက်ဗ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။

၈။ Tutorialspoint

ဒီဝက်ဗ်ဆိုဒ်ကတော့ သင့်အတွက် ပရိုဂရမ်ပိုင်းရော၊ ကွန်ပျူတာသိပ္ပံနဲ့ ပတ်သတ်တဲ့ အပိုင်းမှာပါ လေ့လာလို့ ရနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဗဟုသုတရစရာ အသေးစိတ်အချက်အလက်တွေကိုပါ ထည့်သွင်းပေးထားတာမို့ Codecademy နဲ့တော့ မတူပါဘူး။ Codecademy ဝက်ဗ်ဆိုဒ် ကနေ အခြေခံအချက်အလက်တွေကို လေ့လာသင်ယူပြီး Tutorialspoint မှာတော့ အဆင့်မြင့် သင်ခန်းစာတွေကို လေ့လာသင်ယူနိုင်ပါတယ်။

၉။ eHow

ဒီနေရာမှာတော့ ပညာရပ်အစုံကို ခေါင်းစဉ်မျိုးစုံနဲ့ တစ်ဆင့်ပြီးတစ်ဆင့် သင်ယူလေ့လာနိုင်ပါတယ်။ ဒီဝက်ဗ်ဆိုဒ်ကို ကျွမ်းကျင်ပညာရှင်တွေက ခေါင်းစဉ်ခွဲတစ်ခုခြင်းစီအလိုက်ရေးသားပြီး အစားအသောက်နဲ့ ပတ်သတ်ပြီး ကျန်းမာရေးဆိုင်ရာ ဗဟုသုတဖြစ်ဖွယ်ရာတွေလည်းပါဝင်ပါတယ်။

၁၀။ wikihow

ဒီဝက်ဗ်ဆိုဒ်မှာလဲ သင်ယူချင်တဲ့အရာတွေ အများအပြားပါဝင်ပေမယ့် wiki လိုကိုယ်ပိုင်ပုံစံတော့ ရှိနေတတ်ပါတယ်။ ဒီဝက်ဗ်ဆိုဒ်ရဲ့ထူးခြားချက်ကတော့ eHow လို ဝန်ထမ်းတွေကိုယ်တိုင် သင်ကြားမှုတွေကို လမ်းညွှန်ပြုပြင်ပေးတာမျိုးမဟုတ်ပဲ၊ ဘယ်သူမဆို ဝင်ပြီး ရေးသားနိုင်၊ ပြုပြင်နိုင်သလို မလိုအပ်တာများ ကိုလည်း ပြန်ဖျက်နိုင်ပါတယ်။ ဒါကြောင့် သင်ဟာ သင်ယူသူ သက်သက်မဟုတ်ပဲ ကိုယ့်မှာရှိတဲ့ ဗဟုသုတတွေကိုပါ အခြားလူတွေကို ဝေမျှပေးနိုင်ပါတယ်။

၁၁။ HowStuffWorks

သင့်အတွက် အကျိုးများစွာရှိနိုင်တဲ့ လေ့လာသင်ယူစရာတွေ အများအပြားရှိတဲ့ ဝက်ဗ်ဆိုဒ်တစ်ခုဖြစ်ပြီး သင့်အတွက် မြောက်များလှစွာသော သင်ခန်းစာတွေကို ဒီဝက်ဗ်ဆိုဒ်က ပံ့ပိုးပေးထားပါတယ်။ တစ်ခါမျှမပို့ချရသေးတဲ့ သင်ခန်းစာ အသစ်တွေကိုပါ ထည့်သွင်းပေးထားပါတယ်။ သေချာလေ့လာကြည့်လေ သင့်အတွက် သင်ခန်းစာတွေကို လေ့လာရန် အသင့်တော်ဆုံးနေရာတစ်ခု ဖြစ်တယ်ဆိုတဲ့ အမှန်တရားကို သင်သိလာရမှာပါ။

၁၂။ TED

ဒီ website ရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာ့အနှ့ံပျံ့နေတဲ့ အတွေးအခေါ်အယူအဆတွေကို ဒီနေရာကနေ တစုတစည်းတည်း ဖော်ပြပေးတာပဲဖြစ်ပါတယ်။ နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေဟာ သူတို့ဆွေးနွေးပြောပြလိုတဲ့ တင်ပြချက်တွေ၊ ယူဆချက်တွေ၊ အတွေ့အကြုံတွေကို ဒီနေရာကနေပြီး ရုပ်သံပို့ချချက်တွေနဲ့အတူ ဆွေးနွေးပြောပြပေးတဲ့ နေရာလည်းဖြစ်ပါတယ်။ဒီဆွေးနွေးပွဲတွေ မှတဆင့် သင့်ကိုယ်သင် အမြန်ဆုံးနဲ့ အလွယ်ကူဆုံး မိတ်ဆက်နိုင်တဲ့နေရာဖြစ်သလို အတွေးအခေါ်နဲ့ ထိုးထွင်းဉာဏ်တွေ ပွင့်လန်းလာနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

၁၃။ Lumosity

စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေဖြစ်တဲ့ မှတ်ဉာဏ်ဆိုင်ရာကိစ္စတွေ၊ အာရုံစူးစိုက်မှုနှင့် ဆိုင်သောကိစ္စတွေ၊ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းတွေ အတွက် များစွာအထောက်အကူပြုနိုင်တဲ့ ဝက်ဗ်ဆိုဒ်တစ်ခုပါ။ သင့်ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းရည်ကို ပျော်စရာကောင်းတဲ့ ဂိမ်းတွေကစားရင်း မြှင့်တင်နိုင်သလို၊ လေ့ကျင့်ရေး အစီအစဉ်တွေကလည်း သင့်ရဲ့လိုအပ်ချက်တွေ တိုးတက်မှုလမ်းကြောင်းတွေကို လေ့ကျင့်ပေးမှာဖြစ်ပါတယ်။ အစီအစဉ်တွေက သင့်ကို ထက်မြက်လာအောင်လုပ်ဆောင်ပေးမှာဖြစ်သလို၊ အနည်းငယ်လည်း စွဲလန်းမှုဖြစ်စေမှာပါ။


Lifehack.org မှ Nabin Paudyal ၏ 25 Websites Other Than Social Media To Upgrade Your Life ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။


Related Links:
သင့်ဘဝကို တိုးတက်စေနိုင်သော ဝက်ဗ်ဆိုဒ် ပေါင်း ၂၅ ခု - အပိုင်း (၁)
သင့်ဘဝကို တိုးတက်စေနိုင်သော ဝက်ဗ်ဆိုဒ် ပေါင်း ၂၅ ခု - အပိုင်း (၂)


အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-l...

Views: 22995

Reply to This

Replies to This Discussion

thanks

Thanks and it is really helpful for me.

Thanks
Thanks a lot.
Thanks
How nice is that! We can learn from on line. We can use our precious time usefully. Many thanks to the writer!
thanks a lot

I think it must read.Thanks a lot.

Thank!
Thank
thanks

Thank a lot.

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service