“Welcome to Britain” ပွဲတော်သို့ ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်ခြင်း

ဗြိတိသျှကောင်စီမှ ၂၀၁၆ ဇန်နဝါရီလ ၃၀ ရက်နှင့် ၃၁ ရက်တွင် ရန်ကုန်မြို့ ကျွန်းတောလမ်းရှိ Junction Square တွင် ပထမဆုံးအကြိမ်အဖြစ် “Welcome to Britain” ဟူသည့်ခေါင်းစဉ်ဖြင့် ပွဲတော်တစ်ရပ်ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ကျောင်းသူကျောင်းသားများ၊ မိဘများ၊ ယူကေသို့ အလည်အပတ်သွားရောက်လိုသူများ၊ ယူကေ အကြောင်းပိုမိုသိရှိလိုသူများအတွက် ယူကေနှင့်ပတ်သက်သည့် သိကောင်းစရာများကို ကျောင်းသူကျောင်းသားများ၏ ပြဇာတ်သရုပ်ဆောင်တင်ဆက်မှုများ၊ စာလုံးပေါင်းသတ်ပုံ ပြိုင်ပွဲများ၊ ဉာဏ်စမ်းပဟေဠိ အစီအစဉ်များ၊ ယူကေ တက္ကသိုလ်များတွင် ပညာသင်ယူခဲ့သောကျောင်းသားများ၏ ပညာသင် အတွေ့အကြုံများမျှဝေခြင်း စကားဝိုင်းများအစရှိသည်ဖြင့် တင်ဆက်ပြသသွားမည်ဖြစ်ပါသည်။


ယူကေ၏ အထင်ကရနေရာများ၊ ကမ္ဘာကျော် လူပုဂ္ဂိုလ်/စာရေးဆရာများ၊ တက္ကသိုလ်များအကြောင်းကို ဤအစီအစဉ်များဖြင့် မိတ်ဆက်ပေးသွားမည်ဖြစ်သောကြောင့် စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ လာရောက် လေ့လာနိုင်ပါသည်။


ကျင်းပမည့် နေ့ရက် - ၂၀၁၆ ဇန်နဝါရီလ ၃၀ ရက်နှင့် ၃၁ ရက်
ကျင်းပမည့် အချိန် - နံနက် ၁၀ နာရီ မှ ညနေ ၅ နာရီ အထိ
ကျင်းပမည့် နေရာ - Aqua Hall, Junction Square


အစီအစဉ် အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။


၂၀၁၆ ဇန်နဝါရီလ ၃၀ ရက်


နံနက် ၁၀ နာရီ မှ ညနေ ၁ နာရီ အထိ - ရှိတ်စပီးယား ပြဇာတ်ဖျော်ဖြေမှု ပြိုင်ပွဲ
ညနေ ၁ နာရီ မှ ၂ နာရီခွဲ အထိ - ယူကေတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသားဟောင်းများ စကားဝိုင်း (စီးပွားရေးဘာသာရပ်)
ညနေ ၂ နာရီခွဲ မှ ၃ နာရီခွဲ အထိ - ယူကေတက္ကသိုလ်ကောလိပ်များ ဝင်ရောက်ခွင့်ရရန် ပြင်ဆင်ခြင်း စကားဝိုင်း
ညနေ ၃ နာရီခွဲ မှ ၅ နာရီ အထိ - ယူကေတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသားဟောင်းများ စကားဝိုင်း (ကွန်ပျူတာဘာသာရပ်)


၂၀၁၆ ဇန်နဝါရီလ ၃၁ ရက်

နံနက် ၁၀ နာရီ မှ ညနေ ၁ နာရီ အထိ - စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ
ညနေ ၁ နာရီ မှ ၁ နာရီခွဲ အထိ - ဆပ်ကပ် ဖျော်ဖြေမှု
ညနေ ၁ နာရီခွဲ မှ ၃ နာရီ အထိ - ယူကေသို့နွေရာသီ အလည်တခေါက် - ယူကေသို့ နွေရာသီသင်တန်းတက်ရောက်ခဲ့သည့် ကျောင်းသား/သူများနှင့် စကားဝိုင်း
ညနေ ၃ နာရီ မှ ၃ နာရီခွဲ အထိ - ဆပ်ကပ် ဖျော်ဖြေမှု
ညနေ ၃ နာရီခွဲ မှ ၅ နာရီ အထိ - ယူကေတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသားဟောင်းများ စကားဝိုင်း (စက်မှုဘာသာရပ်)



ရှိတ်စပီးယား ပြဇာတ်ဖျော်ဖြေမှု ပြိုင်ပွဲ


ပြိုင်ပွဲသို့ပါဝင်လိုသော ကျာင်းသားများသည် အသက် ၁၂ နှစ် အထက်ဖြစ်ရမည်ဖြစ်ပြီး တစ်ဦးခြင်းဖြစ်စေ၊ ၅ ဦးထက်မပိုသော အသင်းအဖွဲ့ဖြင့်ဖြစ်စေ ကြိုက်နှစ်သက်ရာ ရှိတ်စပီးယား ပြဇာတ်၏ အပိုင်းတစ်ခုကို ပါဝင်ယှဉ်ပြိုင် တင်ဆက်နိုင်မည်။


စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ

အသက် ၁၂ နှစ် နှင့် ၁၅ နှစ်ကြား ကျောင်းသား/သူများပါဝင်နိုင်ပြီး အဖွဲ့တစ်ဖွဲ့တွင် ၄ ယောက် ပါဝင်နိုင်သည်။ မေးခွန်းတစ်ခုအတွက် အဖွဲ့ကို ကိုယ်စားပြုသည့် အဖြေတစ်ခုသာ ရှိရပါမည်။ အဖွဲ့ဝင်များကို စိတ်တိုင်းကျ ရွေးချယ်နိုင်သည်။ ဤပြိုင်ပွဲတွင် ယူကေနှင့် ပတ်သက်သော အထင်ကရ နေရာများ၊ နိုင်ငံကျော် စာရေးဆရာများ၊ ရုပ်ရှင်ဇာတ်ကောင်များ နှင့်သက်ဆိုင်သည့် စာလုံးများ ပါဝင်မည်ဖြစ်သည်။


ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသောကျောင်းသားများသည် ပြိုင်ပွဲဝင်ရန် form များကို ဤနေရာတွင် download ရယူနိုင်ပါသည်။ ဖြည့်စွက်ပြီးသော form များကို ၂၀၁၆ ဇန်နဝါရီလ ၂၇ ရက် နောက်ဆုံးထား၍ education.enquiries@mm.britishcouncil.org သို့ ပေးပို့ရပါမည်။


ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် သင့်တော်သော အဖွဲ့များကို ဗြိတိသျှကောင်စီမှ ဆက်သွယ်သွားမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် အဖွဲ့ ၃ ဖွဲ့ကို ဗြိတိသျှကောင်စီမှ ၂၀၁၆ ဖေဖော်ဝါရီလ ၆ ရက် (စနေနေ့) တွင် Sule Shangri-La ၌ ကျင်းပပြုလုပ်မည့် ၂၀၁၆ Education UK ပညာရေးပြပွဲတွင် ဆုချီးမြင့်ပေးသွားမည်ဖြစ်သည်။

Views: 446

Reply to This

Replies to This Discussion

Good news.
စာရင်းပေးတွင်းရံလိုအပ်ပါသး

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service