ဘာသာစကားသည္ ဟင္းခ်က္ျခင္းႏွင့္ တူညီပံု (Why Language is Like Cooking by Tom Hayton)

[Zawgyi]

Lexis စကားလံုး ဆိုတာ “vocabulary” ေဝါဟာရကိုဘဲ ေနာက္တစ္မ်ိဳး ေခၚတာျဖစ္ပါတယ္။ ေခါင္းထဲမွာသိထားၿပီးေတာ့ လိုသလိုထုတ္သံုးတဲ့ စကားလံုးေတြျဖစ္ပါတယ္။

ဘာသာစကားမကြၽမ္းက်င္ဘူးဆိုၿပီးေတာ့ မိမိကုိယ္ကို ယံုၾကည္မႈနည္းပါးတဲ့ လူအေတာ္မ်ားမ်ားဟာ ဘာသာစကားမွာ သဒၵါက အခက္ဆံုးအပိုင္းပဲလို႕ ထင္ၾကပါတယ္။

စာေရးသူကေတာ့ ဒါကို သေဘာမတူပါဘူး။ ေဝါဟာရေတြက အမ်ားႀကီး ပိုၿပီး အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲ ေျပာျပပါ့မယ္။

(၁) ေဝါဟာရေတြမပါဘူးဆိုရင္ ဘာမွ ေျပာႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ သေဘာတရား႐ႈေထာင့္က ေျပာမယ္ဆိုရင္ အဂၤလိပ္သဒၵါစည္းမ်ဥ္းေတြသိေပမယ့္ ဝါက်တစ္ေၾကာင္းမွ ျဖစ္ေအာင္ မတည္ေဆာက္ ႏိုင္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ စကားလံုးတစ္လံုး သိၿပီဆိုတာနဲ႕ ဥပမာ ‘‘water’’, ေရ ဆိုပါေတာ့ အဲဒါဆို ဆက္သြယ္ေျပာဆိုႏိုင္ပါၿပီ။ စကားလံုးအဓိပၸါယ္သိဖို႕ပဲလိုပါတယ္။ (ဒီအေၾကာင္းကို ေနာက္ပိုင္းမွာ ဆက္ေျပာပါ့မယ္။)

(၂) ဘာသာစကားရဲ႕ အစိတ္အပိုင္း အေတာ္မ်ားမ်ားက အသင့္သံုး အေနအထားရွိပါတယ္။ ေခါက္ဆြဲေျခာက္တစ္ထုပ္ကိုယူၿပီး ေရေႏြးေဖ်ာစားလိုက္တာက ဂ်ံဳကိုနယ္၊ ေခါက္ဆြဲျဖစ္ေအာင္လုပ္၊ ေဆာ့စ္ လုပ္စသည္ျဖင့္ ဟင္းခ်က္နည္းစာအုပ္ကို ၾကည့္ၿပီးေတာ့ ခ်က္ျပဳတ္တာထက္ အမ်ားႀကီး ပိုျမန္ပါတယ္။

အလားတူဘဲ ‘‘Good morning’’, ေကာင္းေသာနံနက္ခင္းပါ ဆိုတဲ့အေျပာမ်ိဳး၊ ‘‘I look forward to hearing from you soon’’, မၾကာခင္ အေၾကာင္းျပန္လာလိမ့္မည္ဟု ေမွ်ာ္လင့္ေစာင့္စားေနပါသည္ဟု အသံုးမ်ိဳးေတြက အကုန္လံုး အစအဆံုး မွတ္ထားၿပီးေတာ့ အသင့္ယူသံုးလိုက္႐ံုပဲ ျဖစ္ပါတယ္။

အဲဒီ အသံုးအႏႈန္းေတြကို သဒၵါနည္းအရ ၫႊန္ၾကားခ်က္ေတြ စည္းမ်ဥ္းေတြအတိုင္း လိုက္နာၿပီးေတာ့ ကိုယ့္ဘာသာ ေရးသားေဖာ္ထုတ္လို႕လည္း ရပါတယ္။ (I get a lot of people asking me why we say ‘‘I look forward to hearing?’’ as opposed to ‘‘I look forward to hear?’’) လို႕ ဘာျဖစ္လို႕ မသံုးတာလဲလို႕ ကြၽန္ေတာ့္ကို ခဏခဏ ေမးၾကပါတယ္။) ဒါေပမယ့္ အသင့္သံုးေဝါဟာရ တစ္စုအေနနဲ႕ တစ္ခါတည္း မွတ္ထားလိုက္တာက ပိုၿပီးေတာ့လည္း ျမန္ပါတယ္၊ တြင္လည္း တြင္က်ယ္ပါတယ္။

(၃) ဝါက်အေတာ္မ်ားမ်ားက အရင္တုန္းက ေျပာဖူးၿပီးသား ဝါက်ေတြပဲ ျဖစ္ပါတယ္။ ကြၽန္ေတာ္ အခုေလးတင္ ၾကားလိုက္ရတဲ့ အျပန္အလွန္ စကားေျပာၾကပံုကို ၾကည့္ပါ။

Good luck, mate. ကံေကာင္းပါေစ သူငယ္ခ်င္း။
Thanks. See you later. ေက်းဇူးတင္တယ္၊ ေနာက္ေတာ့ေတြ႕မယ္။

ဒီအျပန္အလွန္ေျပာဆိုခန္းမွာ ေျပာဆိုတဲ့ အခ်ိန္နဲ႕ ေနရာက လြဲလို႕ ဘာမွ မထူးျခားပါဘူး။ အသင့္သံုး စကားစုေတြနဲ႕ဘဲ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ ေျပာသူေတြက သဒၵါစည္းမ်ဥ္းေတြကို စဥ္းစားၿပီး သံုးေနတာမ်ိဳး မဟုတ္ဘဲ အသင့္သံုးအေနနဲ႕ ယူသံုးလိုက္တာေတြ ျဖစ္ပါတယ္။ ဒီအခ်က္နဲ႕ ဆက္ႏြယ္ၿပီး ေနာက္တစ္ခ်က္ကိုဆက္ေျပာပါ့မယ္။

(၄) သဒၵါစည္းမ်ဥ္းေတြကို လက္ေတြ႕အသံုးခ်တာ အမ်ားစုဟာ မသိစိတ္ထဲမွာပဲ ျဖစ္ပြားပါတယ္။ သိစိတ္ထဲမွာ မရွိပါဘူး။ တစ္နည္းအားျဖင့္ ဆိုရရင္ စကားေျပာရာမွာဘဲျဖစ္ျဖစ္၊ စာေရးသားရာမွာဘဲ ျဖစ္ျဖစ္ စကားလံုးေတြကို သဒၵါနည္းအရ စဥ္းစားၿပီးေတာ့ တည္ေဆာက္ေနရမယ္ဆိုရင္ ၿပီးေတာ့မွာ မဟုတ္ပါဘူး။ အင္မတန္ေႏွးေကြးသြားပါလိမ့္မယ္။ သဒၵါစည္းမ်ဥ္းတိက်မွန္ကန္မႈကို အာ႐ုံစူးစိုက္လြန္းရင္ သြက္သြက္လက္လက္ ေျပာဆိုႏိုင္မႈကို ထိခိုက္ပါတယ္။ ဥပမာ စကားအေခ်အတင္ေျပာတယ္ဆိုပါေတာ့ အဲဒီအခါမွာ စကားကို အသြက္လက္ဆံုးေျပာႏိုင္တယ္ဆိုတဲ့ အဂၤလိပ္ဘာသာကို မိခင္ဘာသာစကား အေနနဲ႕ေျပာတဲ့သူေတြေတာင္မွဘဲ အရင္ကလည္း မေျပာဘူးေသးတဲ့ ႏူးညံ့သိမ္ေမြ႕တဲ့အခ်က္ေတြကို ရွင္းလင္းေျပာၾကားဖို႕ ေတာ္ေတာ္ဘဲ ႀကိဳးစားၿပီး ေျပာရတာျဖစ္ပါတယ္။

ႏိုင္ငံေရးသမားေတြလိုမ်ဳိး စကားအေခ်အတင္ ေျပာရာမွာ အေတြ႕အႀကံဳပိုရွိတဲ့ သူေတြကေတာ့ ပိုၿပီးေတာ့ သြက္လက္တယ္၊ ပိုၿပီးေတာ့ မိမိကိုယ္ကိုယ္ ယံုၾကည္မႈရွိတယ္လို႕ထင္ရပါတယ္။ အဲဒါက သဒၵါ ပိုတတ္လုိ႕ မဟုတ္ပါဘူး၊ စကားအေခ်အတင္ ေျပာတဲ့ အေတြ႕အႀကံဳ မ်ားျပားသူျဖစ္တဲ့ အတြက္ေၾကာင့္ အခက္အခဲ ႀကံဳတဲ့အခါမွာ သံုးလို႕ရတဲ့ စကားစုေတြ စုၿပီးေဆာင္းၿပီး ရွိေနျခင္းသာလွ်င္ျဖစ္တယ္။ လူရႊင္ေတာ္ေတြဟာ တခါတည္း စင္ေပၚမွာ ျပက္လံုးေတြကို ဖန္တီးယူတာမဟုတ္ပါဘူး ႀကိဳတင္စီစဥ္ထားတဲ့ ျပက္လံုးေတြကို အားကိုးအားထားျပဳရတာျဖစ္တယ္။ ဘာသာစကားဆိုတာ အမ်ားစုက ႀကိဳတင္ျပင္ဆင္ထားရပါတယ္။

(၅) အဂၤလိပ္သဒၵါပိုင္ႏိုင္ဖို႕ဆိုတာဟာ အဂၤလိပ္ဘာသာကို မိခင္ဘာသာစကားအျဖစ္ ေျပာသူေတြ မဟုတ္တဲ့ သူေတြ အတြက္ အင္မတန္အခ်ိန္ၾကာတဲ့ ကိစၥျဖစ္ပါတယ္။ သဒၵါနည္း တိက်မွန္ကန္ဖို႕ဆိုတာ တကယ္ေတာ့ အေရးႀကီးတာ မွန္ပါတယ္။ သို႕ေသာ္လည္း ဆက္သြယ္ေျပာဆိုဖို႕ ရည္မွန္းတယ္ဆိုရင္ေတာ့ ေဝါ ဟာရေတြကို ဦးစားေပးရမွာျဖစ္ပါတယ္။

ဒီဘာသာစကားကို ဒီလိုမ်ဳိး႐ႈျမင္တာကို “the Lexical Approach”, ေဝါဟာရ အဓိက ခ်ဥ္းကပ္ပံုလို႕ ေခၚၾကပါတယ္။ Michael Lewis စာအုပ္မွာ စၿပီး သံုးႏႈန္းခဲ့တာျဖစ္ပါတယ္။

လက္ေတြ႕အားျဖင့္ေျပာရမယ္ဆိုရင္ သဒၵါစာအုပ္ကို အပင္ပန္းခံၿပီးေတာ့ ေလ့လာတာထက္ အဂၤလိပ္ ဘာသာစကားကို မိခင္ဘာသာအျဖစ္ ကြၽမ္းက်င္စြာ သံုးစြဲတဲ့သူေတြ ေျပာေနတဲ့စကားေတြကို နားေထာင္၊ သူတို႕ ေရးတဲ့ စာေတြကို ဖတ္ၿပီးေတာ့ သဘာ၀က်တဲ့ စကားအသံုးအႏႈန္းေတြကို အတြဲလိုက္ မွတ္မိဖို႕ အဓိကထားၿပီး ႀကိဳးစားတာက ပိုၿပီးေတာ့ အဓိပၸာယ္ရွိပါတယ္။

အစီရင္ခံစာ ေရးသားပံုကို ေလ့လာခ်င္တယ္ဆိုပါစို႕။ အေကာင္းဆံုး အစီရင္ခံစာ ေရးနည္းေရးဟန္ ဥပမာေတြ ရွာရမယ္။ (ဆိုပါစို႕ စေတာ့အိတ္ခ်ိန္းမွာ စာရင္းသြင္းထားတဲ့ စာရင္းပါဝင္တဲ့ ကုမၸဏီေတြရဲ႕ ႏွစ္ပတ္လည္အစီရင္ခံစာေတြကို ေလ့လာႏိုင္တယ္။) ၿပီးရင္ အဓိကအခ်က္ေတြကို ေဖာ္ျပၿပီး ခ်ိတ္ဆက္ဖို႕အသံုးျပဳတဲ့ စကားစုေတြကို မ်ဥ္းသားထားႏိုင္တယ္။ ဘယ္လိုမ်ဳိးလဲဆိုေတာ့

‘‘We experienced slow growth?’’
တိုးတက္မႈေႏွးေကြးျခင္းႏွင့္ ႀကံဳေတြ႕ခဲ့ရသည္။

‘‘We expect to bounce back?’’
ျပန္လည္ျမင့္တက္လာမည္ဟု ေမွ်ာ္မွန္းသည္။

‘‘These results are encouraging.’’
ဤရလဒ္မ်ားမွာ အားတက္စရာျဖစ္သည္။

ဒါမ်ိဳးေတြျဖစ္ပါတယ္။ ဒီအသံုးအႏႈန္းေတြရဲ႕ သဒၵါနည္းအရ တည္ေဆာက္ပံုကို အခ်ိန္အမ်ားႀကီး အကုန္ခံၿပီးေတာ့ ခြဲျခားစိတ္ျဖာေနလို႕လည္း ရတာပါဘဲ။ ဘာနဲ႕တူသလဲဆိုေတာ့ အသင့္စားေခါက္ဆြဲမွာ ပါဝင္္တဲ့ ဓာတုေဗဒပစၥည္းေတြကို ခြဲျခားေလ့လာသလို ျဖစ္ပါတယ္။ ဒါေပမယ့္ ေခါက္ဆြဲစား႐ံုပဲ ဆိုရင္ေတာ့ ဒါေတြမလိုပါဘူး။

ဟင္းခ်က္ရာမွာလိုဘဲ ဘာသာစကားမွာလည္း အခ်ဳိ႕ေသာ နည္းလမ္းေတြက ပိုၿပီးျပည့္စံုပါတယ္။ အသင့္စားေခါက္ဆြဲဟာ ေရေႏြးထည့္ၿပီးေတာ့ အုပ္ထားလိုက္ဖို႕ဘဲ လိုပါတယ္။ အဲဒါေၾကာင့္ “Good” နဲ႕ “time of the day” လို စကားေတြဟာ ေနာက္မွာ မနက္၊ ေန႕လည္၊ ညေန ထည့္ေပးလိုက္ဖို႕သာ လိုပါတယ္။ တစ္ခ်ဳိ႕ကေတာ့ ဘာမွေတာင္ ျပဳျပင္စရာ မလိုပါဘူး “How are you” လို စကားမ်ဳိးျဖစ္ပါတယ္။

အဓိကအေရးႀကီးတာက အဲဒီစကားစုေတြကို သံုးရာမွာ မွန္ကန္တဲ့အသံုးျပဳနည္း စည္းမ်ဥ္းေတြကို လိုက္နာဖို႕ဘဲျဖစ္ပါတယ္။ ဒါကေတာ့ စကားစုတစ္ခုစီရဲ႕ အဓိပၸာယ္၊ ဘယ္လိုသံုးရသလဲ၊ အသံဘယ္လိုထြက္ရသလဲ၊ အျခားဘာေတြနဲ႕ တြဲၿပီးသံုးရသလဲ (ဘယ္စကားေတြနဲ႕ ေပါင္းစည္းႏိုင္သလဲ)၊ အဓိပၸာယ္ ဆင္တူေတြ၊ အဓိပၸာယ္ဆန္႕က်င္ဘက္ေတြ၊ ေနာက္ၿပီးေတာ့ အလဲအလွယ္အေျပာင္းအလဲျပဳ လုပ္ႏိုင္တာေတြ ျဖစ္ပါတယ္။

“We experienced slow growth.”, ႀကီးထြားမႈေႏွးေကြးျခင္းႏွင့္ ႀကံဳေတြ႕ခဲ့ရသည္ ဆိုရင္ အရင္က ကုမၸဏီရဲ႕ ေဆာင္ရြက္ခ်က္ကို ေျပာၾကားတဲ့အခါမွာ သံုးရတယ္လို႕ သိရမယ္။ ဒီအခ်ိန္မွာ တြဲသံုးလို႕ရတာေတြကို နည္းနည္းေလ့လာထားလို႕ရတယ္။

“We experienced slow growth in the first/second/third/fourth quarter.”
ပထမ၊ ဒုတိယ၊ တတိယ၊ စတုတၲ သံုးလပတ္ အတြင္း ႀကီးထြားမႈေႏွးေကြးျခင္းႏွင့္ ႀကံဳေတြ႕ခဲ့ရသည္။

ဒါမွမဟုတ္ရင္

“We experienced slow growth initially.’’
ကနဦးမွာ ႀကီးထြားမႈ ေႏွးေကြးျခင္းႏွင့္ ႀကံဳေတြ႕ခဲ့ရသည္။

စသည္ျဖင့္ ေလ့လာထားရပါမယ္။

အျပန္အလွန္အားျဖင့္ ပါ၀င္တဲ့ အစိတ္အပိုင္းေတြကို နည္းနည္းေျပာင္းၿပီး အဓိပၸာယ္ လံုးဝ ဆန္႕က်င္ဘက္ ျဖစ္သြားေအာင္ လုပ္ႏိုင္ပါတယ္။

“We experienced rapid growth.”
ႀကီးထြားမႈ လ်င္ျမန္ျခင္းႏွင့္ ႀကံဳေတြ႕ခဲ့ရတယ္။

ဘာသာစကားကြၽမ္းက်င္မႈဆိုတာဟာ ေ၀ါဟာရစု အစိတ္အပိုင္းေတြ ေပါင္းစပ္ႏိုင္ဖို႕ ႀကိဳတင္ စုေဆာင္းထားမွျဖစ္မယ္။ ဘာသာစကားကြၽမ္းက်င္ဖို႕ အဓိကေသာ့ခ်က္ကေတာ့ ဟင္းခ်က္ရာမွာလို စပ္ဟပ္ ေပါင္းစပ္တတ္ဖို႕ျဖစ္တယ္။

(Tom Hayton ၏ Why Language is Like Cooking အားဆီေလ်ာ္သလို ဘာသာျပန္ဆိုထားပါသည္။ အဂၤလိပ္ဘာသာျဖင္ ေရးသားထားေသာ မူလေဆာင္းပါးႏွင့္ အျခားစိတ္ဝင္စားဖြယ္ ေဆာင္းပါးမ်ားအား ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။)

အထက္ပါ ေဆာင္းပါးအားကူးယူ၍ အျခား website ႏွင့္ blog မ်ားတြင္ တင္မည္ဆိုပါက www.myanmar-network.net/forum/topics/why-language-is-like မွကူးယူေၾကာင္း ထည့္သြင္းေဖာ္ျပေပးပါရန္။

[Unicode]

Lexis စကားလုံး ဆိုတာ “vocabulary” ဝေါဟာရကိုဘဲ နောက်တစ်မျိုး ခေါ်တာဖြစ်ပါတယ်။ ခေါင်းထဲမှာသိထားပြီးတော့ လိုသလိုထုတ်သုံးတဲ့ စကားလုံးတွေဖြစ်ပါတယ်။

ဘာသာစကားမကျွမ်းကျင်ဘူးဆိုပြီးတော့ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးတဲ့ လူအတော်များများဟာ ဘာသာစကားမှာ သဒ္ဒါက အခက်ဆုံးအပိုင်းပဲလို့ ထင်ကြပါတယ်။

စာရေးသူကတော့ ဒါကို သဘောမတူပါဘူး။ ဝေါဟာရတွေက အများကြီး ပိုပြီး အရေးကြီးပါတယ်။ ဘာကြောင့်လဲ ပြောပြပါ့မယ်။

(၁) ဝေါဟာရတွေမပါဘူးဆိုရင် ဘာမှ ပြောနိုင်တော့မှာ မဟုတ်ပါဘူး။ သဘောတရားရှုထောင့်က ပြောမယ်ဆိုရင် အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းတွေသိပေမယ့် ဝါကျတစ်ကြောင်းမှ ဖြစ်အောင် မတည်ဆောက် နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စကားလုံးတစ်လုံး သိပြီဆိုတာနဲ့ ဥပမာ ‘‘water’’, ရေ ဆိုပါတော့ အဲဒါဆို ဆက်သွယ်ပြောဆိုနိုင်ပါပြီ။ စကားလုံးအဓိပ္ပါယ်သိဖို့ပဲလိုပါတယ်။ (ဒီအကြောင်းကို နောက်ပိုင်းမှာ ဆက်ပြောပါ့မယ်။)

(၂) ဘာသာစကားရဲ့ အစိတ်အပိုင်း အတော်များများက အသင့်သုံး အနေအထားရှိပါတယ်။ ခေါက်ဆွဲခြောက်တစ်ထုပ်ကိုယူပြီး ရေနွေးဖျောစားလိုက်တာက ဂျုံကိုနယ်၊ ခေါက်ဆွဲဖြစ်အောင်လုပ်၊ ဆော့စ် လုပ်စသည်ဖြင့် ဟင်းချက်နည်းစာအုပ်ကို ကြည့်ပြီးတော့ ချက်ပြုတ်တာထက် အများကြီး ပိုမြန်ပါတယ်။

အလားတူဘဲ ‘‘Good morning’’, ကောင်းသောနံနက်ခင်းပါ ဆိုတဲ့အပြောမျိုး၊ ‘‘I look forward to hearing from you soon’’, မကြာခင် အကြောင်းပြန်လာလိမ့်မည်ဟု မျှော်လင့်စောင့်စားနေပါသည်ဟု အသုံးမျိုးတွေက အကုန်လုံး အစအဆုံး မှတ်ထားပြီးတော့ အသင့်ယူသုံးလိုက်ရုံပဲ ဖြစ်ပါတယ်။

အဲဒီ အသုံးအနှုန်းတွေကို သဒ္ဒါနည်းအရ ညွှန်ကြားချက်တွေ စည်းမျဉ်းတွေအတိုင်း လိုက်နာပြီးတော့ ကိုယ့်ဘာသာ ရေးသားဖော်ထုတ်လို့လည်း ရပါတယ်။ (I get a lot of people asking me why we say ‘‘I look forward to hearing?’’ as opposed to ‘‘I look forward to hear?’’) လို့ ဘာဖြစ်လို့ မသုံးတာလဲလို့ ကျွန်တော့်ကို ခဏခဏ မေးကြပါတယ်။) ဒါပေမယ့် အသင့်သုံးဝေါဟာရ တစ်စုအနေနဲ့ တစ်ခါတည်း မှတ်ထားလိုက်တာက ပိုပြီးတော့လည်း မြန်ပါတယ်၊ တွင်လည်း တွင်ကျယ်ပါတယ်။

(၃) ဝါကျအတော်များများက အရင်တုန်းက ပြောဖူးပြီးသား ဝါကျတွေပဲ ဖြစ်ပါတယ်။ ကျွန်တော် အခုလေးတင် ကြားလိုက်ရတဲ့ အပြန်အလှန် စကားပြောကြပုံကို ကြည့်ပါ။

Good luck, mate. ကံကောင်းပါစေ သူငယ်ချင်း။
Thanks. See you later. ကျေးဇူးတင်တယ်၊ နောက်တော့တွေ့မယ်။

ဒီအပြန်အလှန်ပြောဆိုခန်းမှာ ပြောဆိုတဲ့ အချိန်နဲ့ နေရာက လွဲလို့ ဘာမှ မထူးခြားပါဘူး။ အသင့်သုံး စကားစုတွေနဲ့ဘဲ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပြောသူတွေက သဒ္ဒါစည်းမျဉ်းတွေကို စဉ်းစားပြီး သုံးနေတာမျိုး မဟုတ်ဘဲ အသင့်သုံးအနေနဲ့ ယူသုံးလိုက်တာတွေ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ဆက်နွယ်ပြီး နောက်တစ်ချက်ကိုဆက်ပြောပါ့မယ်။

(၄) သဒ္ဒါစည်းမျဉ်းတွေကို လက်တွေ့အသုံးချတာ အများစုဟာ မသိစိတ်ထဲမှာပဲ ဖြစ်ပွားပါတယ်။ သိစိတ်ထဲမှာ မရှိပါဘူး။ တစ်နည်းအားဖြင့် ဆိုရရင် စကားပြောရာမှာဘဲဖြစ်ဖြစ်၊ စာရေးသားရာမှာဘဲ ဖြစ်ဖြစ် စကားလုံးတွေကို သဒ္ဒါနည်းအရ စဉ်းစားပြီးတော့ တည်ဆောက်နေရမယ်ဆိုရင် ပြီးတော့မှာ မဟုတ်ပါဘူး။ အင်မတန်နှေးကွေးသွားပါလိမ့်မယ်။ သဒ္ဒါစည်းမျဉ်းတိကျမှန်ကန်မှုကို အာရုံစူးစိုက်လွန်းရင် သွက်သွက်လက်လက် ပြောဆိုနိုင်မှုကို ထိခိုက်ပါတယ်။ ဥပမာ စကားအချေအတင်ပြောတယ်ဆိုပါတော့ အဲဒီအခါမှာ စကားကို အသွက်လက်ဆုံးပြောနိုင်တယ်ဆိုတဲ့ အင်္ဂလိပ်ဘာသာကို မိခင်ဘာသာစကား အနေနဲ့ပြောတဲ့သူတွေတောင်မှဘဲ အရင်ကလည်း မပြောဘူးသေးတဲ့ နူးညံ့သိမ်မွေ့တဲ့အချက်တွေကို ရှင်းလင်းပြောကြားဖို့ တော်တော်ဘဲ ကြိုးစားပြီး ပြောရတာဖြစ်ပါတယ်။

နိုင်ငံရေးသမားတွေလိုမျိုး စကားအချေအတင် ပြောရာမှာ အတွေ့အကြုံပိုရှိတဲ့ သူတွေကတော့ ပိုပြီးတော့ သွက်လက်တယ်၊ ပိုပြီးတော့ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတယ်လို့ထင်ရပါတယ်။ အဲဒါက သဒ္ဒါ ပိုတတ်လို့ မဟုတ်ပါဘူး၊ စကားအချေအတင် ပြောတဲ့ အတွေ့အကြုံ များပြားသူဖြစ်တဲ့ အတွက်ကြောင့် အခက်အခဲ ကြုံတဲ့အခါမှာ သုံးလို့ရတဲ့ စကားစုတွေ စုပြီးဆောင်းပြီး ရှိနေခြင်းသာလျှင်ဖြစ်တယ်။ လူရွှင်တော်တွေဟာ တခါတည်း စင်ပေါ်မှာ ပြက်လုံးတွေကို ဖန်တီးယူတာမဟုတ်ပါဘူး ကြိုတင်စီစဉ်ထားတဲ့ ပြက်လုံးတွေကို အားကိုးအားထားပြုရတာဖြစ်တယ်။ ဘာသာစကားဆိုတာ အများစုက ကြိုတင်ပြင်ဆင်ထားရပါတယ်။

(၅) အင်္ဂလိပ်သဒ္ဒါပိုင်နိုင်ဖို့ဆိုတာဟာ အင်္ဂလိပ်ဘာသာကို မိခင်ဘာသာစကားအဖြစ် ပြောသူတွေ မဟုတ်တဲ့ သူတွေ အတွက် အင်မတန်အချိန်ကြာတဲ့ ကိစ္စဖြစ်ပါတယ်။ သဒ္ဒါနည်း တိကျမှန်ကန်ဖို့ဆိုတာ တကယ်တော့ အရေးကြီးတာ မှန်ပါတယ်။ သို့သော်လည်း ဆက်သွယ်ပြောဆိုဖို့ ရည်မှန်းတယ်ဆိုရင်တော့ ဝေါ ဟာရတွေကို ဦးစားပေးရမှာဖြစ်ပါတယ်။

ဒီဘာသာစကားကို ဒီလိုမျိုးရှုမြင်တာကို “the Lexical Approach”, ဝေါဟာရ အဓိက ချဉ်းကပ်ပုံလို့ ခေါ်ကြပါတယ်။ Michael Lewis စာအုပ်မှာ စပြီး သုံးနှုန်းခဲ့တာဖြစ်ပါတယ်။

လက်တွေ့အားဖြင့်ပြောရမယ်ဆိုရင် သဒ္ဒါစာအုပ်ကို အပင်ပန်းခံပြီးတော့ လေ့လာတာထက် အင်္ဂလိပ် ဘာသာစကားကို မိခင်ဘာသာအဖြစ် ကျွမ်းကျင်စွာ သုံးစွဲတဲ့သူတွေ ပြောနေတဲ့စကားတွေကို နားထောင်၊ သူတို့ ရေးတဲ့ စာတွေကို ဖတ်ပြီးတော့ သဘာဝကျတဲ့ စကားအသုံးအနှုန်းတွေကို အတွဲလိုက် မှတ်မိဖို့ အဓိကထားပြီး ကြိုးစားတာက ပိုပြီးတော့ အဓိပ္ပာယ်ရှိပါတယ်။

အစီရင်ခံစာ ရေးသားပုံကို လေ့လာချင်တယ်ဆိုပါစို့။ အကောင်းဆုံး အစီရင်ခံစာ ရေးနည်းရေးဟန် ဥပမာတွေ ရှာရမယ်။ (ဆိုပါစို့ စတော့အိတ်ချိန်းမှာ စာရင်းသွင်းထားတဲ့ စာရင်းပါဝင်တဲ့ ကုမ္ပဏီတွေရဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေကို လေ့လာနိုင်တယ်။) ပြီးရင် အဓိကအချက်တွေကို ဖော်ပြပြီး ချိတ်ဆက်ဖို့အသုံးပြုတဲ့ စကားစုတွေကို မျဉ်းသားထားနိုင်တယ်။ ဘယ်လိုမျိုးလဲဆိုတော့

‘‘We experienced slow growth?’’
တိုးတက်မှုနှေးကွေးခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။

‘‘We expect to bounce back?’’
ပြန်လည်မြင့်တက်လာမည်ဟု မျှော်မှန်းသည်။

‘‘These results are encouraging.’’
ဤရလဒ်များမှာ အားတက်စရာဖြစ်သည်။

ဒါမျိုးတွေဖြစ်ပါတယ်။ ဒီအသုံးအနှုန်းတွေရဲ့ သဒ္ဒါနည်းအရ တည်ဆောက်ပုံကို အချိန်အများကြီး အကုန်ခံပြီးတော့ ခွဲခြားစိတ်ဖြာနေလို့လည်း ရတာပါဘဲ။ ဘာနဲ့တူသလဲဆိုတော့ အသင့်စားခေါက်ဆွဲမှာ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်းတွေကို ခွဲခြားလေ့လာသလို ဖြစ်ပါတယ်။ ဒါပေမယ့် ခေါက်ဆွဲစားရုံပဲ ဆိုရင်တော့ ဒါတွေမလိုပါဘူး။

ဟင်းချက်ရာမှာလိုဘဲ ဘာသာစကားမှာလည်း အချို့သော နည်းလမ်းတွေက ပိုပြီးပြည့်စုံပါတယ်။ အသင့်စားခေါက်ဆွဲဟာ ရေနွေးထည့်ပြီးတော့ အုပ်ထားလိုက်ဖို့ဘဲ လိုပါတယ်။ အဲဒါကြောင့် “Good” နဲ့ “time of the day” လို စကားတွေဟာ နောက်မှာ မနက်၊ နေ့လည်၊ ညနေ ထည့်ပေးလိုက်ဖို့သာ လိုပါတယ်။ တစ်ချို့ကတော့ ဘာမှတောင် ပြုပြင်စရာ မလိုပါဘူး “How are you” လို စကားမျိုးဖြစ်ပါတယ်။

အဓိကအရေးကြီးတာက အဲဒီစကားစုတွေကို သုံးရာမှာ မှန်ကန်တဲ့အသုံးပြုနည်း စည်းမျဉ်းတွေကို လိုက်နာဖို့ဘဲဖြစ်ပါတယ်။ ဒါကတော့ စကားစုတစ်ခုစီရဲ့ အဓိပ္ပာယ်၊ ဘယ်လိုသုံးရသလဲ၊ အသံဘယ်လိုထွက်ရသလဲ၊ အခြားဘာတွေနဲ့ တွဲပြီးသုံးရသလဲ (ဘယ်စကားတွေနဲ့ ပေါင်းစည်းနိုင်သလဲ)၊ အဓိပ္ပာယ် ဆင်တူတွေ၊ အဓိပ္ပာယ်ဆန့်ကျင်ဘက်တွေ၊ နောက်ပြီးတော့ အလဲအလှယ်အပြောင်းအလဲပြု လုပ်နိုင်တာတွေ ဖြစ်ပါတယ်။

“We experienced slow growth.”, ကြီးထွားမှုနှေးကွေးခြင်းနှင့် ကြုံတွေ့ခဲ့ရသည် ဆိုရင် အရင်က ကုမ္ပဏီရဲ့ ဆောင်ရွက်ချက်ကို ပြောကြားတဲ့အခါမှာ သုံးရတယ်လို့ သိရမယ်။ ဒီအချိန်မှာ တွဲသုံးလို့ရတာတွေကို နည်းနည်းလေ့လာထားလို့ရတယ်။

“We experienced slow growth in the first/second/third/fourth quarter.”
ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္တ သုံးလပတ် အတွင်း ကြီးထွားမှုနှေးကွေးခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။

ဒါမှမဟုတ်ရင်

“We experienced slow growth initially.’’
ကနဦးမှာ ကြီးထွားမှု နှေးကွေးခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။

စသည်ဖြင့် လေ့လာထားရပါမယ်။

အပြန်အလှန်အားဖြင့် ပါဝင်တဲ့ အစိတ်အပိုင်းတွေကို နည်းနည်းပြောင်းပြီး အဓိပ္ပာယ် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားအောင် လုပ်နိုင်ပါတယ်။

“We experienced rapid growth.”
ကြီးထွားမှု လျင်မြန်ခြင်းနှင့် ကြုံတွေ့ခဲ့ရတယ်။

ဘာသာစကားကျွမ်းကျင်မှုဆိုတာဟာ ဝေါဟာရစု အစိတ်အပိုင်းတွေ ပေါင်းစပ်နိုင်ဖို့ ကြိုတင် စုဆောင်းထားမှဖြစ်မယ်။ ဘာသာစကားကျွမ်းကျင်ဖို့ အဓိကသော့ချက်ကတော့ ဟင်းချက်ရာမှာလို စပ်ဟပ် ပေါင်းစပ်တတ်ဖို့ဖြစ်တယ်။

(Tom Hayton ၏ Why Language is Like Cooking အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)


အထက်ပါ ဆောင်းပါးအားကူးယူ၍ အခြား website နှင့် blog များတွင် တင်မည်ဆိုပါက www.myanmar-network.net/forum/topics/why-language-is-like မှကူးယူကြောင်း ထည့်သွင်းဖော်ပြပေးပါရန်။

Views: 7996

Reply to This

Replies to This Discussion

agree

ေက်းဇူးပဲေနာ္ိ

စာေရးထားတာက ေတာ္ေတာ္ေကာင္းတယ္ သူငယ္ခ်င္း ေက်းဇူးအမ်ားတင္တယ္ေန္ာ

thank ,

however it is right

Grammar is very important in one language but it is not really.

It is right in some time.

 

I would like to know about more common phrase . thank u

 

မွန္လိုက္တာ...သဒၵါမွန္ဖို႔ၾကိဳးစားေနရတာနဲ႔ပဲ...အဂၤလိပ္စကားေျပာရတာအခက္အခဲေတြ႔ေနရတာပါ
ေနာက္ထပ္ ဖတ္ခ်င္ပါေသးတယ္
ေက်းဇူး
thanks for everything.
thanks.
thank

အေနာ္ အခုမွစျပီးေလ့လာခ်င္လို့ပါ ဘယ္လို ေလ့လာရမလဲ ေျပာေပးပါဦး  ေနာ္               ေက်းဇူးတင္ပါတယ္ ေနာ္   

 

 ဘယ္လိုသင္ေပးလို့ရႏိုင္မလဲ ေပါ့ ေနာ္ သင္တန္းေတြလဲ တက္ခ်ိန္မရလို့ပါ    

 

                                                                                                                 ေကာင္းကင္

ိုအဂၤလိပ္စာ သင္ၾကားမႈဆိုင္ရာစာစုမ်ားႏွင့္ သင္ခန္းစာမ်ားကို အဂၤလိပ္စာ သိေကာင္းစရာအျဖာျဖာ တြင္တင္ေပးထားပါသည္။ ေလ့လာႀကည့္ပါ။

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service