ပညာရှင်ဆန်ဆန် လုပ်ငန်းခွင် ဝင်ရောက်ခြင်း (Portfolio ပြုစုခြင်းနည်းနှင့် အင်တာဗျူးဖြေဆိုနည်းများ)

Portfolio ရေးသားခြင်း

 

စာရေးသူ စင်္ကာပူမှာ ကျောင်း ပြီးသွားတော့ ဘာအသိတစ်ခုတိုးလာလဲဆိုတော့ သင်ကြားတဲ့ ဘာသာရပ်ထက်ကို ပိုအကျိုးရှိတဲ့ နည်းစနစ်တစ်ခု မထင်မှတ်ပဲရလိုက်တယ်။ Portfolio တည်ဆောက်တဲ့ အတတ်ပဲ။


ကိုယ့်ရဲ့ပညာရေး အစကနေ အဆုံးကို အရင် မှတ်တမ်းကျကျနန စိမ်ပြေနပြေ ထိုင်လုပ်ရတယ်။ အရင်ဆုံး မှတ်တမ်းကြမ်းပေါ့။ ပြီးရင် မှတ်တမ်းမှာ ရေးထားတဲ့ အထင်ကရမှတ်တိုင်တွေကို highlight နဲ့ တားလိုက်။ အဲဒီဟာတွေက အကိုးအကား reference ရှိနေရမယ်။ အဲဒါလေးတွေ ရှာထား။ ဥပမာ ဘယ်တုန်းက ဘယ်လက်မှတ် ရတယ်လို့ ဆိုရင် အဲဒီလက်မှတ်အစစ်က ကိုးကားပေါ့။

 

ပညာရေး ပြီးသွားရင် မိမိပါဝင်လုပ်ဆောင်ဖူးတာ မှန်သမျှ အကုန်လုံးကို ချရေးပြီး မှတ်တမ်းလုပ်။ ဒီအသင်းမှာပါတယ် ဟိုအဖွဲ့မှာပါတယ် ဘာတွေလုပ်ရပါတယ် စသည်ပေါ့။ ပြီးရင် သူ့မှာလဲ အပေါ်က ပညာရေးမှတ်တမ်းလိုပဲ ကိုးကားရှိရမယ်။ ရှာထား။

 

ပြီးသွားရင် နောက်ဆုံးလုပ်ငန်း အတွေ့အကြုံပိုင်း။ ကိုယ်အောက်ခြေသိမ်းလုပ်ခဲ့တဲ့ အလုပ်ကနေပြီး နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်ထိ ပြန်မှတ်တမ်းလုပ်ပြီးရင်ကိုးကားရမယ်။ ဒီမှာ မြန်မာတစ်ယောက်နဲ့ သူတို့ စလုံးတစ်ယောက် လူရည်လည်တာ ကွာသွားတာပဲ။ စလုံးတွေ အလုပ်ကို လက်နဲ့မပြတ် တစ်လုပ်ပြီး တစ်လုပ်ရှာလုပ်တယ်။ ပြီးရင် အလုပ်တစ်ခုကနေ ထွက်မယ်ဆိုရင် ဘယ်တော့မှ လက်ဗလာနဲ့ မထွက်တတ်ဖူး။ ထောက်ခံစာ မရရအောင် တောင်းဖို့ သတိရကိုရတယ်။ သူ့ portfolio အတွက်။ အဲဒါသည် ခုနက စာရေးသူပြောတဲ့ ကိုးကားနေရာအတွက်။ အားလုံးစုံပြီိ ဆိုရင်အချောရေးပြီ။

 

Curriculum Vitae ရေးသားခြင်း

 

ပထမပိုင်း အတ္ထုပတ္တိ ဖြစ်ရမယ်။ ဒုတိယပိုင်း ပညာရေး၊ တတိယပိုင်း လုပ်ငန်းခွင်အတွေ့အကြုံ၊  စတုတ္ထပိုင်း လူမှုရေး။ တစ်ပိုင်းစီကနေ ကိုးကားထည့်ချင်ရင် နောက်ဆုံးမှာ ကွင်းစ ကွင်းပိတ်နဲ့ အချပ်ပို (က) သို့ရှု/အချပ်ပို (ခ) သို့ရှု အဲ့လိုရေး။ ပြီးရင် သက်ဆိုင်ရာ ကိုးကားစာရွက်မှာလဲ အဲလို အချပ်ပို (က) (ခ) စသည့်ဖြင့် အမှတ်ကလေးလုပ်ပေး။ အားလုံးပြီးတော့မှ ကိုးကားတွေ အားလုံးကို စုပြီး နောက်ဆုံးမှာ တွဲရတယ်။

 

အကုန်ပြီးရင် အဲဒီအထပ်လိုက်ကို အစဉ်လိုက် တစ်ရွက်စီ ဖိုင်တွဲရမယ်။ အပိုင်း ၁၊ ၂ ပညာရေးရယ် အတ္ထုပတ္တိရယ်က အသေထားရမယ်။ ၃ က အလုပ်သစ် တစ်ခုပြောင်းရင် တစ်ခါ update လုပ်ရမယ်။ ၄ လဲ အဲ့လိုပဲ။ ကိုးကားတွေသည်လည်း တိုးဖို့ပဲ ရှိတယ်။ ဖိုင်တွဲကို လှန်ရလွယ်အောင် မာတိကာ ပါတပ်ထား။ အမြဲ လုံလုံခြုံခြုံ သိမ်းထား။ အလုပ် လျှောက် တိုင်း ဒါကိုပဲ ပြန်သုံး။

 

စလုံးတွေဆိုရင် ကိုယ့် portfolio ကို အမြဲတသသနဲ့ အရမ်းတန်ဖိုးထားတယ်။ portfolio ဆိုတာ သူ့ဘဝမှတ်တမ်းလို့ကို ခံယူထားတယ်။ နောက်ထပ်အရေးကြီးတာ တစ်ခုရှိသေးတယ်။ portfolio ကိုကြည့်လိုက်တာနဲ့ ထင်းရှင်းနေပြီးတော့ Professional ဆန်နိုင်မျှ ဆန်အောင် Layout ချတတ်ရမယ်။ ခေါင်းစီးတွေကို နံပါတ်ကုဒ်လေးတွေ ထိုးပေးတာ အကျိုးရှိပါတယ်။

ဥပမာ -

၁။ အတ္ထုပတ္တိအကျဉ်း

၁-၁။ အမည်

၁-၂။ နေရပ်

၁-၃။ ဖုန်းနံပါတ်

၁-၃-၁။ အိမ်ဖုန်း

၁-၃-၂။ ဟန်းဖုန်း

၂။ပညာရေးအကျဉ်း

 

အင်္ဂလိပ်လို ရေးမယ်ဆိုရင်လဲ စာတိုတွေ မရေးသင့်ဘူး။ စာအရှည်တွေကိုလဲ မလိုပဲနဲ့မရေးပြရဘူး။ ကိုယ်ပြောချင်တဲ့ ဘောင်အပြည့် ရေးထည့်ရတယ်။ ကုမ္ပဏီက အင်တာဗျူးတဲ့ လူတွေက အင်္ဂလိပ်စာတတ်တဲ့ ဝန်ထမ်းကို အလိုရှိရင် “တတ်ကျွမ်းသည့် ဘာသာ” ဆိုတဲ့ ပညာရေးအပိုင်းမှာ မကြည့်ဘူး။ CV တောက်လျှောက် ရေးသွားတဲ့ စကားလုံး အသုံးတွေကိုပဲ လိုက်စစ်တတ်တယ်။ အဲ့ဒါမျိုး ကိုယ်ရေးပြီးရင် နားလည်တတ်ကျွမ်းတဲ့ လူကြီးတွေကို ပြပြီးစစ်ခိုင်းကြည့်။

ဒါတွေက CV Portfolio မှာ ဒုတိယ အရေးအကြီးဆုံးအပိုင်းပဲ။ ပညာရှင်ဆန်ဆန်မွန်းမံတာ။ ဒီအပေါ်က အဆင့်တွေ အကုန်စနစ်တကျ ထည့်သွင်းလိုက်ရင် စာဖတ်သူတို့ဆီမှာ ဘယ်ကုမ္ပဏီကမှ ငြင်းဖို့မဖြစ်နိုင်တဲ့ portfolio ရှိနေပြီ။

 

အင်တာဗျူးး မဖြေခင် လုပ်ဆောင်ရန်

 

အင်တာဗျူးဖြေဖို့ ရက်ချိန်းရလိုက်ပြီဆိုတာနဲ့ ကိုယ်သွားဖြေရမယ့် ကုမ္ပဏီရဲ့ သတင်းအချက်အလက်တွေကို လေ့လာပါ။ အသေးစိတ်ထိ သိဖို့မလိုပါဘူး။ ကုမ္ပဏီရဲ့ အဓိကလုပ်ငန်းမှာမှ ကုန်ရောင်းကုန်ဝယ်ဆိုရင် ကုန်ပစ္စည်းတွေ အမျိုးအစား သိထားရပါမယ်။ ဝန်ဆောင်မှုပိုင်းဆိုရင်လည်း ဘာတွေဝန်ဆောင်မှုပေးနေသလဲ ဘယ်လုပ်ငန်းကဏ္ဍမှာလဲ စသည်ပေါ့။ အချိန်ရရင်ရသလို အသေးစိတ်တဲ့အထိ ဒါကို လေ့လာပါ။ ဥပမာ - FMCG ရောင်းကုန်ဆိုပါတော့။ ဒါဆို ရေချိုးခန်းသုံးလား မီးဖိုချောင်သုံးလား စာရေးကိရိယာလား စသဖြင့် အမျိုးအစားအုပ်စုတွေကိုပဲ မှတ်သားပါ။ အချိန်နည်းနည်း ပိုရခဲ့ရင် ရေချိုးခန်းသုံးမှာမှ ခေါင်းလျှော်ရည်လား ဆပ်ပြာလား စသဖြင့် အတွင်းနည်းနည်းကျအောင်လေ့လာပါ။ ထို့ထက် အချိန်ပို ရခဲ့မယ်ဆိုရင် competitor analysis လုပ်ပြီး အင်တာဗျူးနေ့မှာ လိုအပ်လို့ ပညာစမ်းခဲ့မယ်ဆိုရင် ထုတ်ပြနိုင်အောင် အသင့်ပြင်ထားပါ။ ဒါက ပြင်ဆင်မှု ပိုင်းပြီးပြီ။

 

အင်တာဗျူးဖြေသည့်နေ့ လုပ်ရမှာက တစ်ခုပဲရှိပါတယ်။ To win second impression ပါ။ CV ကို စာရေးသူ ပြောခဲ့သလို သေချာတင်ခဲ့မယ်ဆိုရင် first impression လုံးဝ ကောင်းမွန်ပြီးပြီလို့ ယူဆလိုက်ပါ။ ကောင်းမွန်သော်လည်း ဒီမျှော်လင့်ချက်တွေ မှန်မမှန်တိုက်စစ်တဲ့ second impression အကြည့်တွေကျန်သေးတာ မမေ့ပါနဲ့။


CV မှာပါဝင်တဲ့ personality နဲ့ လူကို တွေ့ဆုံဖို့ စောင့်နေမယ့် အင်တာဗျူးမေးမည့်သူတွေစိတ်ကို ခဏလောက် ဝင်ကြည့်ရင် အဖြေပေါ်ပါတယ်။ ဒီလူ ဒီလောက် ရပါ့မလားဆိုတဲ့ သံသယနဲ့အတူ ဟုတ်စေချင်တဲ့ မျှော်လင့်ချက်ပါ ပါတယ်။ အကယ်၍ ကိုယ်က မျှော်လင့်ထားတာရဲ့အောက် ရောက်သွားပြီဆိုတာနဲ့ အရှေ့ကတင်ခဲ့တဲ့ CV ပါသွားရောပဲ။


ဒီလိုဆိုတော့ ကိုယ့်ဖက်က ဘာတွေမျှော်မှန်းထားမလဲဆိုတာ ကွက်တိ ပြင်ဖို့ဆိုတာလဲ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ဘာလုပ်ရမလဲဆိုရင် ထင်ထားတာထက်ကျော်လွန်အောင် လုပ်ဆောင်ပြင်ဆင်ရပါ့မယ်။

 

အောက်ပါ အချက်တွေလုပ်ရင် second impression ပိုင်းပါ ဂုဏ်ထူးနဲ့ အောင်တယ် မှတ်လိုက်ပါ။

 

၁) တစ်ကိုယ်ရေ သန့်ရှင်းရေးက အရေးအကြီးဆုံးပါ။ အနံ့အသက်များရှိတတ်ပါက bodyspray ဘူးလေး ဆောင်သွားပါ။

(တရားလွန်ထောင်းထောင်းထအောင်တော့ မဖြန်းသွားပါနဲ့။)


၂) အဝတ်အစားကို ကုမ္ပဏီဖက်ကနေ dress code ပေးခဲ့မယ်ဆိုရင် အတိအကျလိုက်နာပါ။ အကယ်၍ dress code မပြောထားဘူးဆိုရင် မိမိအတွက် အနေအထိုင်မကျပ်စေတဲ့ အဝတ်အစားကို ရွေးချယ်ပါ။

(formal dress ကြီးတွေက မလိုအပ်ရင် မဝတ်တာ အကောင်းဆုံးပါ။ အမှားများတတ်လို့။ formal dress မဝတ်တတ် ဝတ်တတ် အိုက်အိုက်ကြီးနဲ့ ဝတ်သွားလို့ စာရေးသူလို အင်တာဗျူးမေးမည့်သူနဲ့များ တွေ့ပြီဆိုရင်တော့ အစကနေအဆုံး လိုက်ကြည့်တော့မှာ။

formal dress code မှာ လိုက်နာရတဲ့ ကျင့်ထုံးတွေရှိတယ်။ အောက်ခံအင်္ကျီ မီးပူလိုင်းပျောက်ရမယ်။ အပေါ်ကြယ်သီး ရင်စေ့ကို မလိုရင် ဖြုတ်ထားရမယ်။ ပြီးရင် necktie အထုံး သုံးမြှောင့်ကျမကျ။ အောက်ကြိုးလိုင်း ပျောက်မပျောက်။ အပေါ်ကုတ် အင်္ကျီလက်က လက်ဖနောင့်နဲ့ ထိမထိ။ အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်မဝတ်။ အပေါ်ကုတ် ကြယ်သီး တွေကလဲ တပ်တဲ့အချိန် ဖြုတ်တဲ့အချိန် မှန်မမှန်။ တကယ် တော်တော်ကို ရှုပ်ရှတ်ခတ်နေအောင် ညင်ညင်သာသာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ မျက်လှည့် ပြရတာမျိုးပါ။ ဒါကြောင့် ကိုယ်ပိုင်နိုင်တဲ့ ပေါ့ပါးသပ်ရပ် အဝတ်အစားကို ရွေးချယ်ခိုင်းတာပါ။)


၃) အချိန်လေးစားရပါမယ်။

(အချိန်လေးစားရမယ်ဆိုတာက စောရောက်နေစရာမလိုဘူး။ ကုမ္ပဏီတွေက လူခေါ်ပြီဆိုရင် အဖွဲ့လိုက် ခေါ်တာမျိုးပါ။ ကိုယ်တစ်ယောက်ထဲမဟုတ်တဲ့အတွက် စောရောက်နေလဲ အရာမရောက်ပါဘူး။ နောက်ကျမှသာ စိတ်အနှောင့်အယှက် ဖြစ်စေတာပါ။ ဆိုတော့ နောက်မကျပါစေနဲ့။)


၎) original portfolio ကို ပါအောင်ယူသွားပါ။

(လိုအပ်တဲ့ original စာရွက်တွေကို ရှာနေစရာမလိုပဲ ကျွမ်ကျွမ်းကျင်ကျင် ထုတ်ပြနိုင်အောင် မှတ်သားထားပါ။)

 

ဒီလေးချက်လုံးပါ မှန်ပြီဆိုရင် အလုပ်ရဖို့ ၈၀% သေချာနေပါပြီ။ ၂၀% က အင်တာဗျူးစဉ် အမေးအဖြေ ဥာဏ်ရည်ပေါ်မှာ သက်ဆိုင်သွားပါပြီ။ အင်တာဗျူးဖြေစဉ် လုပ်ဆောင်ရန် အင်တာဗျူးဖြေဖို့ အခန်းထဲ စဝင်ပြီဆိုတာနဲ့ ယုံကြည်မှုကို ဦးဆောင်ခိုင်းထားပါ။ ကျန်တာ ဘာမှ ဇဝေဇဝါ မဖြစ်ပါနဲ့။ ထိုင်ခုံမှာ တန်းမထိုင်ပါသေးနဲ့ဦး။ အရင်ဆုံး အင်တာဗျူးမေးမည့်သူကနေ ထိုင်ခိုင်းတာကို စောင့်ပါ။ မထိုင်ခိုင်းသေးရင် ယောင်အမ်းအမ်း ဖြစ်မနေပါစေနဲ့။ မတ်တပ်ရပ်လျက် မိမိပါလာတဲ့ အိတ်ဖြစ်စေ ဖိုင်ဖြစ်စေကို စားပွဲရဲ့ ဘယ်ဖက်ခြမ်း (သို့မဟုတ်) ညာဖက်ခြမ်းကို တင်ရင်း လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်ပါ။

 

ဒါမိမိယုံကြည်မှုကို စစ်နေတဲ့ အင်တာဗျူးမေးမည့်သူကို ကျွန်တော့်မှာ ခင်ဗျားရှာနေတဲ့ အရည်အချင်းရှိပါတယ်ဆိုတာကို ပြပြီးသား ဖြစ်ပါပြီ။ ပြီးရင် ထိုင်လိုက ထိုင်ခုံကို ဆွဲပြီး ထိုင်ရင်ရပါပြီ။

 

ပြောဆိုတဲ့မေးခွန်းတွေ

 

ပြောဆိုတဲ့စကားတွေမှာ စနစ်အနေနဲ့ နှစ်မျိုးရှိပါတယ်။ အဖွင့်မေးခွန်း (open-ended question) နဲ့ အပိတ်မေးခွန်း (close-ended question) ဆိုပြီး စနစ်နှစ်မျိုးနဲ့ ပြောဆိုပါလိမ့်မယ်။ စစ်မယ့် ကဏ္ဍတွေက သုံးမျိုးရှိပါတယ်။

၁) IQ Validation (ဥာဏ်လွှာသုံးတတ် မတတ်)
၂) Excuse Validation (ဆင်ခြေပေးတတ် မတတ်)
၃) Research Validation (လေ့လာမှု လုပ် မလုပ်) ဆိုပြီး (၃) ပိုင်းစစ်လေ့ရှိပါတယ်။

 

နည်းပညာပိုင်းအလုပ်ဆိုရင် Research Validation များလိမ့်မယ်။ စီမံခန့်ခွဲမှုဆိုရင် IQ Validation များလိမ့်မှာဖြစ်ပြီး အရောင်းဝန်ထမ်းတွေအတွက်ဆိုရင် Excuse Validation များများ မေးလိမ့်မယ် ဆိုတာသိထားပါ။ IQ Research Excuse ဘယ်လိုစစ်မလဲဆိုတော့ လွယ်ပါတယ်။ open-ended question စနစ်နဲ့ ရာထူးနေရာမှာ လုပ်ရမယ့်အလုပ်ကို တွဲတေ့ပေးလိုက်တာပါပဲ။ ဒီအပေါ်မှာ အလုပ်လျှောက်သူက ဘယ်လောက် ဥာဏ်ကွန့်နိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်တာပါ။


ဥပမာ “ခင်ဗျားကို ကျွန်တော်တို့ဆီက ဒီခေါင်းလျှော်ရည်ကို ရောင်းခိုင်းမယ်ဗျာ။ ဒီပစ္စည်းက အသစ် ကျွန်တော်တို့ ဘာမှ မသိသေးဘူး။ အရင်ဆုံး market size ကို ကျုပ်ကို ပြောပြပေးပါလား” ဆိုပြီး မေးပြီဆိုပါစို့။ ဒီမှာ မြန်မာလူမျိုး အလွန်ရိုးသားတယ်။ သူတို့ ဒီ market size ဆိုတာကြီး ဘာမှန်းလဲမသိ။ ပြီးတော့ ဖြေကလဲ ဖြေခိုင်းနေပြီ။ ချွေးပြန်နေပြီဒီက။ ဟို ကျွန်တော် နောက်နေ့ ပြန်ပြောပေးလို့ ရမလားတို့ ဘာတို့ လာပြီ။ အဲဒီကျရင် မရဖူးတော့ ပြန်မပြောဘူး ဟိုက ရပါတယ် ဘာညာနဲ့ နှစ်သိမ့်လိုက်မှာ။ ဒါပေမယ့် သေချာပါတယ်။ စာမေးပွဲကျပြီပဲ။ သူတို့လိုချင်တာက အဖြေမဟုတ်ဘူး။ ဒီလို အမေးကို ဘယ်လိုကျော်လွှား သုံးသပ်သွားလဲဆိုတာကို ယုံကြည်မှုပါ တွဲပြီးတော့ စစ်သွားတာ။


ဥပမာအနေနဲ့ တစ်ခု ဖြေပြပါမယ်။ “ကောင်းပြီဗျ။ ဒါဆို ကျွန်တော်တစ်ခုလောက် ပြန်မေးချင်တယ်။ လူကြီးမင်း ဒီခေါင်းလျှော်ရည်ကို ဘယ် market sector ကို အဓိက ထားချင်ပါသလဲ။ ဒါက နံပါတ် တစ် ကျွန်တော် သိချင်တာ။ နံပါတ်နှစ် လူကြီးမင်းတို့ ဆီက ရုံးခွဲတွေက ဒီမြို့ ဒီမြို့တွေမှာ အခွဲတွေရှိတယ်လို့ ကျွန်တော် လေ့လာချက်အရ သိထားပါတယ်။ ဒါကို မှန်လားဆိုတာ ကျွန်တော့်ကို အတည်ပြုပေးပါ“ (ဒီအပိုင်းမှာ Excuse ရော Research ရော  ဖြေပြီး သွားပါပြီ)

 

သူ့ဖက်က အတည်ပြုပေးပြီးရင် ဆက်ပြီး ပြောရမှာက “ဟုတ်ကဲ့ပါ။ ဒါဆို လူလတ်တန်းစား မြို့နေလူထုကို ရောင်းချမယ်။ ပြီးတော့ ရန်ကုန်ရယ် မန္တလေးရယ်မှာ ရုံးခွဲရှိတော့ ဒီ ၂ မြို့ ကနေ market size ကို အရင်ရှာရပါမယ် ခင်ဗျား။ ရန်ကုန်မှာ လူဦးရေ ၅ သန်း ခန့် ရှိတယ်ဆိုရင် အခြေခံလူတန်းစားက ခေါက်ချိုးမက များပြားနေတာ ကျူးကျော်အိမ်ယာများက သက်သေခံနေပါတယ်။ ၃သန်းနီးပါးပဲ ထားပါစို့။ ကျန် ၂ သန်းက အပေါ် ၂ လွှာ အချိုးကျ ပါဝင်နေခဲ့မယ်ဆိုရင် လူဦးရေ ၁ သန်း ရပါတယ်။ မန္တလေး လူဦးရေတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ယူဆလို့ရတာက အကယ်၍ ရန်ကုန်လောက် လူဦးရေပဲ ရှိခဲ့မယ်ဆိုရင် အဲ့ဒီမှာ ၁သန်း။ ဆိုတော့ ၂ သန်း market population ရှိပါတယ်။ ခေါင်းလျှော်ရည်တစ်ဘူး ဝယ်ဈေး ၅၀၀ ကို ကျွန်တော်တို့ အမြတ် ၄၀ ရာခိုင်နှုန်းလောက်ပဲ တင်ပြီး ဖြန့်ချိမယ်ဆိုရင် တစ်ဗူးလျှင် ၁၂၅၀ နှုန်းနဲ့ ရောင်းမယ်ဆိုရင် တစ်လကို market sector က လူတစ်ဦးကို တစ်ဘူးပဲ sales target ထားပြီးရောင်း။ သန်း၂၅၀၀ ဝင်ငွေလစဉ်ရှိပါမယ်။ ရင်းနှီးငွေ လစဉ် သန်းတစ်ထောင်ပါ။ အမြတ်ငွေ လစဉ် သန်း ၁၅၀၀ပါ။ ဒါခန့်မှန်းချေပါ။ သေချာတွက်ရင် ဒီ့ထက်များနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။“ (ဒါဖြေလိုက်ရင် IQ Validation ပြီးပြီ။)

 

အဲ့ဒီလို ဟုတ်သည်ရှိရှိမရှိရှိ ခန့်မှန်းခြေများနဲ့ လူကို ထိုင်ချည်သွားနိုင်လောက်အောင် ဥာဏ်ဖြာသုံးတာကို စစ်တာပါ။ အခုလောက်ဆို စာဖတ်သူများ အင်တာဗျူးအကြောင်းသဘောပေါက် လောက်ပါပြီ။

Khin Zar Chi Oo


အခြားသင်ခန်းစာများ ဖတ်ရှု လေ့လာရန် link - http://www.myanmar-network.net/page/index-of-articles-and-english-lessons


Myanmar Network အသင်းဝင်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ ]

- အင်္ဂလိပ်စာသင်ခန်းစာနှင့် အလုပ်ခေါ်စာအသစ်များ၊ UK စာမေးပွဲ သတင်းများ နှင့် အင်္ဂလိပ်စာသင်တန်း သတင်းများကို အသင်းဝင်များထံသာလျှင် e-mail ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါသည်။
- ဗြိတိသျှကောင်စီမှ ကြီးမှူးကျင်းပသော ပွဲများကို အသင်းဝင်များသာ ကြိုတင်သိရှိပြီး အသင်းဝင်မဟုတ်သူများထက်စော၍ စာရင်းပေးသွင်းနိုင်ပါသည်။
- Myanmar Network ဝက်ဆိုက်ဒ်တွင် အသင်းဝင်များသာလျှင် like နှင့် comment ပေးနိုင်မည်ဖြစ်သည်။
- စကားဝိုင်းများ (Forum များတွင်)နှင့် အလုပ်ခေါ်စာများကိုလည်း ကိုယ်တိုင်ဝင်ရောက်ရေးသားနိုင်ပါသည်။
- အသင်းဝင်များတွင် ကိုယ်ပိုင် Profile Page ရှိမည်ဖြစ်ပြီး မိမိ၏ ဓာတ်ပုံ၊ မိမိကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း တင်နိုင်မည် ဖြစ်သည်။

- Join us now at - www.myanmar-network.net/main/authorization/signUp

Views: 2964

Reply to This

Replies to This Discussion

thanks

good

very good Knowledge for Your,s 

Thanks & Note :-)

Again Thank You very Much Ma Khin Zar Chi Oo

For I read The Twice . . . .  ..

Noted with thanks.

Excellent
Thanks

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service