VACANCY ANNOUNCEMENT

(Salary in US$)

 

(ဖောင်ပိတ်ရက်: ဇွန်လ ၃၀ ရက်၊ ၂၀၁၆ ခုနှစ်)

 

Chiyoda & Public Works Co., Ltd. (CPW), သည် ဂျပန်နိုင်ငံရှိ Chiyoda Corporation နှင့် မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ တံတားဦးစီးဌာနတို့ ဆက်စပ်လုပ်ကိုင်နေသော  အင်ဂျင်နီယာကုမ္ပဏီ ဖြစ်ပြီး ယခုအခါ သွက်လက်ထက်မြက်၍ ရိုးသားကြိုးစားစွာ အလုပ်လုပ်လိုသော အောက်ပါအချက်အလက်နှင့် ပြည့်စုံသောသူအား ရှာဖွေလျက်ရှိသည်။

ယာဉ်မောင်း                                                                                                   ကျား (၁) ဦး

လိုအပ်သောအရည်အချင်း

  • အသက်(၂၅ မှ ၄၀)နှစ် အတွင်းဖြစ်ရမည်။
  • အခြေခံ ပညာအထက်တန်းအဆင့်ရှိသူ၊ အခြေခံအင်္ဂလိပ် စကားပြော၊ နားလည် ပြောဆိုနိုင်သူ ဖြစ်ရမည်။
  • သက်တမ်းရှိယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားပြီး အနည်းဆုံး ၃နှစ် ယာဉ်မောင်းအတွေ့ အကြုံရှိသူ ဖြစ်ရမည်။
  • Auto & Manual နှစ်မျိုးလုံး မောင်းနှင်နိုင်ပြီး ရန်ကုန်မြို့တွင်းလမ်းကြောင်းများ ကျွမ်းကျင်သူ ဖြစ်ရမည်။
  • လိုအပ်ပါက နယ်ခရီးလမ်းမောင်းနိုင်ရမည်။
  • အကျင့်စာရိတ္တကောင်းမွန်ပြီးပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရမည်။
  • အရက်သေစာသောက်စားခြင်းမရှိသောသူဖြစ်ရမည်။
  • ချမှတ်ထားသောစည်းမျဉ်း၊ စည်းကမ်းများအား သေချာစွာလိုက်နာဆောင်ရွက်နိုင်ရမည်။
  • လူအများနှင့်စကားပြောဆိုဆက်ဆံရေးအထူးကောင်းမွန်ပြီး စိတ်ရှည်သည်းခံနိုင်သူဖြစ်ရမည်။

 

အထက်ပါအရည်အချင်းနှင့် ကိုက်ညီသူများသည် (၁) အလုပ်လျှောက်လွှာ (၂) မှတ်ပုံတင်မိတ္တူ (၃) ကားမောင်းလိုင်စင်မိတ္တူ (၄) သန်ခေါင်းစာရင်းမိတ္တူ (၅) ရဲစခန်းထောက်ခံစာ နှင့်အတူ

CPW၊ ၂၀၁-၂၀၆၊ Prime Hill Business Square၊ အမှတ် (၆၀)၊ ရွှေတိဂုံဘုရားလမ်း၊ ဆောက်လုပ်ရေးမှတ်တိုင်၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်သည့်အပြင် အီးမေးလ်လိပ်စာ-hr@cpw.com.mm သို့လည်း လျှောက်ထား နိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက ဖုန်း (၉၅-၁) ၃၈၂၇၁၀၊ ၃၈၂၇၂၀ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Views: 353

Add a Comment

You need to be a member of Myanmar Network to add comments!

Join Myanmar Network

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service